Oppenheimer ကြည့်ပြီးတော့ ပြောစရာ ၂ပိုင်းရှိပါတယ် ( ဇဏ်ခီ )

Oppenheimer ကြည့်ပြီးတော့ ပြောစရာ ၂ပိုင်းရှိပါတယ်။
ပထမတပိုင်းကတော့ အနုပညာအပိုင်း။ နောက်တပိုင်းကတော့ နိုင်ငံရေး။

အနုပညာ..
“Good art serves people. Great art inspires other artists to make more arts. ကောင်းသောအနုပညာတွေကလူတွေကိုအလုပ်ကျွေးပြုတယ်။ ကြီးမားတဲ့အနုပညာတွေက တခြားသောအနုပညာသည်တွေကို အနုပညာတွေဆင့်ပွါးဖန်တီးဖို့တွန်းအားပေးတယ်။”
ဒါကျနော့်ရဲ့ယုံကြည်မှုပါ။ Oppenheimer ကတော့ကြီးမားတဲ့အနုပညာဖန်တီးမှုတခုပါ။ ရုပ်ရှင်ကိုကြည့်နေရင်းနဲ့ရင်ထဲမှာဆို့တက်လာတယ်။

ပါဝင်သူတွေအကုန်လုံးအတွက်
ပြီးတော့ ရုပ်ရှင်အနုပညာအတွက် ဂုဏ်ယူပီတိဖြစ်တဲ့စိတ်ကဖြစ်တယ်ထင်ပါတယ်။ သရုပ်ဆောင်တွေရဲ့သူတို့တာဝန်ယူထားတဲ့ character အတွက်
အပြည့်အဝ commitment ပေးထားတာတွေ၊ ဇာတ်ညွှန်းကိုနက်နက်နဲနဲနားလည်တာတွေ၊ ဒါရိုက်တာရဲ့အံ့ဩစရာကောင်းတဲ့တင်ဆက်မှုတွေ၊
သမိုင်းကိုပြတဲ့နေရာမှာ ဇာတ်ကောင်တွေကိုလူသားဆန်ဆန်ပြသနိုင်မှုတွေ စသည်ဖြင့်အကုန်လုံးပါပဲ။ ဒီ့ထက်ပိုမပြောတော့ပါဘူး။
ကြည့်ရတာလွယ်တဲ့ရုပ်ရှင်ထဲမှာတော့မပါပေမယ့် အားလုံးကြည့်သင့်ပါတယ်။

နောက်တပိုင်းကတော့ နိုင်ငံရေး..
ရုပ်ရှင်ကြည့်နေရင်းဘာသဘောပေါက်လာလဲဆိုတော့
ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် နိုင်ငံရေးဟာရှုပ်ထွေးတယ်။
ဘာကရှိတာထက်ပိုပြီးရှုပ်ထွေးစေလဲဆိုတော့ နိုင်ငံရေးဟာ နိုင်ငံ့အရေးဆိုတာထက် နိုင်ငံရေးထဲမှာပါနေတဲ့သူတွေဟာလူတွေဖြစ်တဲ့အလျောက် flaw တွေရှိကြတယ်။
အဲဒီထဲမှာမှ ပါဝါရှိတဲ့သူတွေဟာ မနာလိုတတ်တာတို့ ကိုယ်ကျိုးကြည့်တာတို့ နိုင်ငံရေးလက်ဦးမှုလိုချင်တာတို့ရှိလာပြီဆိုရင် အသင်းတူခြေထိုးတတ်ကြတယ်။
အဲလိုဖြစ်ပြီဆိုရင် နိုင်ငံရေးဟာလိုတာထက်အများကြီးပိုပြီးရှုပ်ထွေးသွားပါတယ်။

Oppenheimer ရုပ်ရှင်ရဲ့ဇာတ်အိမ်ကအဲလိုအကြောင်းမျိုးကိုအခြေခံပြီးရိုက်ပြထားပါတယ်။ ကမ္ဘာပေါ်မှာအကြီးမားဆုံးသောနိုင်ငံရဲ့ အကြီးမားဆုံး nuclear project မှာတောင် ကလေးဆန်တဲ့နိုင်ငံရေးသမားကပါလာရတယ်။
ဒါပေမယ့် မူကခိုင်မာတော့ ယိမ်းယိုင်မှုတော့မရှိခဲ့ဘူးဆိုပေမယ့် အသင်းတူခြေထိုးတော့မလိုအပ်တဲ့ရှုပ်ထွေးမှုတွေတော့ဖြစ်သွားတာပေါ့။ ဒါမျိုးတွေကတော့အမြဲရှိနေမယ်ထင်ပါတယ်။

ရုပ်ရှင်ရဲ့ Director Christopher Nolan က iMax theater တွေမှာကြည့်ဖို့ recommend လုပ်တော့ ကျနော်တို့နေရာကောင်းမှာလက်မှတ်ရဖို့တော်တော်ကြိုးစားလိုက်ရပါတယ်။
နေ့ရော ညရော အလည်ရက်တွေရော စနေတနင်္ဂနွေရော ကောင်းတဲ့နေရာတွေပြည့်နေပါတယ်။

(စကားမစပ်.. Oppenheimer မကြည့်ခင် ပြီးခဲ့တဲ့အပါတ်တွေက Barbie ကိုသွားကြည့်ဖြစ်ပါတယ်။
Ryan Gosling ဒီတခေါက်တော့ project ရွေးတာမှားသွားပြီလို့ပဲဆိုပါရစေ။ 😁)

– ဇဏ်ခီ



လိုင်းသုံးနေနိုင်သေးရင် ကလစ်လည်း လုပ်ပေးကြပါ …
ဘာတွေ ဘယ်လို ကလစ်ပေးနေလို့ ရမလဲ သိချင်ရင်
ဒီ လင့် ကို နှိပ်ပြီး လေ့လာနိုင်ပါတယ် ။

တကယ်လို့ တန်းပြီး ကလစ်ပေးချင်ရင်တော့
C2D ရဲ့ Eain Pyan Lann Website ကို ဒီလင့်ကို နှိပ်ပြီး အလွယ်တကူကလစ်ပေးနိုင်ပါတယ် ။

နွေဦးဖတ်စာရဲ့ တွဲဖက် Website တစ်ခု ဖြစ်တဲ့
LWSR – Learn With Spring Reader မှာလည်း
အင်္ဂလိပ်စာ လေ့လာ ထိတွေ့ရင်း ကလစ်ပေးလို့ ရပါတယ် ။

P2D ရဲ့ Nway Oo Videos မှာ ဘောလုံးပွဲတွေ ၊ Highlights တွေ ကြည့်ပြီးလည်း ကလစ်ပေးနိုင်ပါတယ်။



Facebook ပေါ်မှာပါ
တော်လှန်ရေး နဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေ ပိုပြီး လူမြင်များနေစေဖို့ ၊
မူရင်း Facebook Post ကို ပိုပျံ့စေချင်ရင် ဒီလင့် ကို သွားပြီး
R C S ( React , Comment , Share ) လုပ်ပေးသင့်ပါတယ် ။
< လုံခြုံရေး အရ စိတ်ချရအောင် တော်လှန် အကောင့်နဲ့ လုပ်နိုင်ပါတယ် ။ )



နွေဦးဖတ်စာ အတွက် Android App လည်း ထုတ်ထားပါတယ် ။
Playstore ကနေ Download ချမယ်ဆို ဒီလင့် ကို နှိပ်ပြီး ယူနိုင်ပါတယ် ။
Playstore သုံးလို့ မရတဲ့ ဖုန်းတွေဆို ဒီ တယ်လီ လင့် ကနေ ယူနိုင်ပါတယ် ။

iOs App တော့ ထုတ်ဖြစ်ဦးမယ် မထင်ပါ ။
( Website ကိုပဲ Safari Browser ထဲကနေ တဆင့်
Add to Home Screen လုပ်ပြီး အလွယ်တကူ ဝင် ဝင်ဖတ်နိုင်ပါတယ် ။ )


4 responses to “Oppenheimer ကြည့်ပြီးတော့ ပြောစရာ ၂ပိုင်းရှိပါတယ် ( ဇဏ်ခီ )”

Leave a reply to win win Cancel reply