သတင်းတို စုစည်းမှု ( 4.8.2023 )

👉 Knowledge Warriors Page 👈 မှာ
တော်လှန်ရေးနဲ့သက်ဆိုင်တဲ့ သတင်းတွေ ကို ( မူရင်းလင့်တွေနဲ့တကွ ) အတိုချုံ့ ပြီး
ည ၈ – ၁၀ ဝန်းကျင်မှာ တင်ပေးနေပါတယ် ။
Page link 👉 https://www.facebook.com/knowledgewarriors.mm/

၁။
ဩဂုတ်လ ၂ ရက်နေ့ ညနေ ၃ နာရီ ၃၅ မိနစ်ခန့်က ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင် ကော်သူး လေအုပ်ချုပ်နယ်မြေတွင် အကြမ်းဖက်
စစ်ကောင်စီတပ်က ပြည်သူလူထုနေထိုင်ရာ
ကျေးရွာများအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ၁၀ တန်းကျောင်းသားတစ်ဦးအပါအဝင်
၂ ဦး သေဆုံးကာ အသက် ၆ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။
(KhitThit)

4.8.2023 (Yesterday)
Ref>
https://www.facebook.com/100066528465996/posts/642561651304778/?mibextid=Nif5oz

၂။
လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ မြေပြင်တိုက်ပွဲရင်ဆိုင်နေရတဲ့ စစ်ကောင်စီက နိုင်ငံတဝန်းရှိ တပ်ရင်း၊ တပ်ဖွဲ့တွေအနေနဲ့ ခံစစ်အတွက် စစ်ရေးပြင်ဆင်မှုနဲ့ စိတ်ဓာတ်မြှင့်တင်ရေး စီမံချက်တွေ
စနစ်တကျလုပ်ဆောင်ထားဖို့ လျှို့ဝှက်ညွှန်ကြားလာပါတယ်။
(သံလွင်တိုင်းမ်)

4.8.2023 (8:10AM)
Ref>
https://www.facebook.com/100077424451291/posts/325986929992120/?mibextid=Nif5oz

၃။
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ မရကန်ကျေးရွာကို စစ်တပ်က တတိယအကြိမ်အဖြစ် မီးရှို့ဖျက်ဆီးရာ နေအိမ် ၃၀ ကျော်ပျက်စီးသွားကြောင်း ဒေသ
ပြည်သူများနှင့် ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
(KhitThit)

4.8.2023 (8:35AM)
Ref>
https://www.facebook.com/100066528465996/posts/642586131302330/?mibextid=Nif5oz

၄။
ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး ပြုလုပ်၊
ရဲဘော်များ၏ တိုက်ရေးခိုက်ရေးစွမ်းရည်များကြောင့် စစ်ကောင်စီတပ်မှ ထိုးဖောက်နိုင်ခြင်းမရှိသည်မှာ လက်တွေ့သက်သေပင်ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား
(Public Voice Television)

4.8.2023 (8:50AM)
Ref>
https://www.facebook.com/100066477263515/posts/630631655829404/?mibextid=Nif5oz

၅။
သြဂုတ် ၃ ရက် မနေ့ နေ့လယ် ၁၁ နာရီလောက်မှာ မန္တလေးမြို့၊ ဂေါဝိန်ဆိပ်ကမ်းမှ ကသာမြို့ဘက်ကို ရိက္ခာသွားပို့တဲ့ စစ်ကောင်စီ စစ်သင်္ဘောပေါ်တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အသက် ၁၀ နှစ်အရွယ် မိန်းကလေးတဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
(မြေလတ်အသံ)

4.8.2023 (9:15AM)
Ref>
https://www.facebook.com/100064688198788/posts/673375871495347/?mibextid=Nif5oz

၆။
မကွေးတိုင်း၊ ရေစကြိုနှင့် မြိုင်မြို့ရှိ ရဲစခန်းနှင့်
ပျူစောထီးစခန်းများအား မောင်းသူမဲ့လေယာဉ်ငယ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။
ယမန်နေ့ (သြဂုတ်၃ ရက်) မွန်းလွဲ ၁နာရီခန့်က
ရေစကြိုမြို့နယ်၊ ဆင်ချောင်းကျေးရွာရှိ
စစ်ကောင်စီတပ်သားများနှင့် ပျူများရှိရာစခန်းကို မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းအခြေစိုက်အဖွဲ့များ ပူးပေါင်းကာ မောင်းသူမဲ့လေယာဉ်ငယ်များဖြင့်
ဗုံးသုံးလုံးချ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
(People’s Spring)

4.8.2023 (9:50AM)
Ref>
https://www.facebook.com/100065664033865/posts/625584019640394/?mibextid=Nif5oz

၇။
ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့နယ် စယ်လန့်ကျေးရွာအုပ်စု နားထမ်နဲ့ ဂေါရာရွာအနီး တိုက်ပွဲမှာ အကြမ်းဖက်စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)က သတင်းထုတ်ပြန်ပါတယ်။
အဲဒီတိုက်ပွဲဟာ ဩဂုတ် ၂ရက် မနက်က ဖြစ်ပွားခဲ့ရာ ညနေပိုင်းအထိတစ်နေကုန်နီးပါး တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ လက်အောက်ခံ ပြည်သူ့စစ် ပူးပေါင်းအဖွဲ့ကအကျအဆုံးများပြီး ပြန်လည်ဆုတ်ခွာသွားကြောင်းဖော်ပြထားပါတယ်။
(Public Voice Television)

4.8.2023 (10:15AM)
Ref>
https://www.facebook.com/100066477263515/posts/630660649159838/?mibextid=Nif5oz

၈။
ဩဂုတ် ၃ ရက်နံနက်ပိုင်း စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင် စစ်တပ်နှင့်ပျူစောထီး စစ်ကြောင်းများကို မိုင်းဆွဲခြင်း၊ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုများကြောင့် စစ်တပ်ဘက်မှ ၆ ဦး ထက်မနည်းသေဆုံးနိုင်ကြောင်း စစ်ကိုင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်မတော် သတင်းရင်းမြစ် Fight for Federal က ပြောသည်။
(KhitThit)

4.8.2023 (10:35AM)
Ref>
https://www.facebook.com/100066528465996/posts/642661904628086/?mibextid=Nif5oz

၉။
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့် ခင်ပွန်းဖြစ်သူ ဒဏ်ရာရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။
သြဂုတ်၁ ရက်က ရေဦးမြို့နယ်ဘက်မှ စစ်ကြောင်းထိုးဝင်လာသည့် စစ်ကောင်စီတပ်သည် တိုက်ပွဲမရှိဘဲ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့်
ဒီပဲယင်းမြို့နယ်ရှိ ရွာရှည်ကျေးရွာသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ပြောသည်။
(People’s Spring)

4.8.2023 (10:50AM)
Ref>
https://www.facebook.com/100065664033865/posts/625624152969714/?mibextid=Nif5oz

၁၀။
သြဂုတ် ၄ ရက် ဒီနေ့မနက်မှာ စစ်ကိုင်းတိုင်း၊
မြင်းမူမြို့နယ်မှာ စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးကာ မန္တလေး မုံရွာကားလမ်းမကို လမ်းကြောင်းရှင်းနေပြီး ဒေသခံတချို့ ဖမ်းဆီးခံထားရတာကြောင့် အဲဒီလမ်းပိုင်းကို ယာယီ
အသုံးမပြုဖို့ ဒေသကာကွယ်ရေးတပ်တွေက ကြေညာချက်ထုတ်ပြန်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
(မြေလတ်အသံ)

4.8.2023 (11:10AM)
Ref>
https://www.facebook.com/100064688198788/posts/673421058157495/?mibextid=Nif5oz

၁၁။
စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာပြည်သူ ၁၅ သန်းကျော် စားနပ်ရိက္ခာ မလုံလောက်တော့ဘဲ ပြည်သူများ ဆာလောင်ငတ်မှုဘေးအန္တရာယ်ရှိနေဟု ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင်
သံအမတ်ကြီးဦးကျော်မိုးထွန်း တင်ပြ
(KhitThit)

4.8.2023 (11:50AM)
Ref>
https://www.facebook.com/100066528465996/posts/642673597960250/?mibextid=Nif5oz

၁၂။
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ တောင်ဖီလာရပ်ကွက်၊ အ.ထ.က ၂ စာသင်ကျောင်းနားမှာ
စစ်ကောင်စီတပ်သားတချို့ မိုင်းခွဲခံရပြီး ၁ ဦးသေဆုံးကာ ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံဆီက သိရပါတယ်။ ဩဂုတ်လ ၃ ရက် မနေ့ကမနက် ၈ နာရီဝန်းကျင်က စာသင်ကျောင်းရှေ့ကို စစ်ဆေးဖို့ထွက်လာချိန် မိုင်းခွဲခံရတာဖြစ်ပြီး စစ်ကောင်စီဘက်က ပြန်လည်ပစ်ခတ်ခဲ့တဲ့အတွက် ပြည်သူတချို့ ကျည်ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။
(မြေလတ်အသံ)

4.8.2023 (12:15PM)
Ref>
https://www.facebook.com/100064688198788/posts/673426988156902/?mibextid=Nif5oz

၁၃။
ကရင်နီ (ကယား)ပြည်နယ် ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ၂၀၂၃ခုနှစ် ဩဂုတ်လ (၃)ရက်နေ့တွင် တပ်ရင်း (၄) အထူးကွန်မန်ဒိုတပ်ဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း ယနေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၄) ရက်နေ့တွင် သတင်းထုတ်ပြန်လာ။
(TachileikNewsAgency)

4.8.2023 (12:30PM)
Ref>
https://www.facebook.com/100064899781683/posts/676222374551083/?mibextid=Nif5oz

၁၄။
ပဲခူးတိုင်း ကျောက်တံခါးမြို့နယ် သမင်အင်းကုန်းကျေးရွာကို စစ်ကောင်စီတပ်က ယမန်နေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၃) ရက်နေ့ နံနက်ပိုင်းက လက်နက်ကြီးနှင့်ပစ်ခတ်ခဲ့ရာ အိမ်တစ်အိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲပြီး အသက်(၂၆)နှစ်အရွယ် လူငယ်တစ်ဦး သေဆုံးခဲ့ရကြောင်း ကျောက်တံခါးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။ ယင်းနေ့ နံနက်(၄)နာရီတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူရှိခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
(TachileikNewsAgency)

4.8.2023 (12:55PM)
Ref>
https://www.facebook.com/100064899781683/posts/676230391216948/?mibextid=Nif5oz

၁၅။
အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ အဓမ္မတပ်သားသစ်စုဆောင်းခံရပြီးနောက် ရှေ့တန်း
စစ်စခန်းကိုအပို့ခံထားရတဲ့ တပ်သားတင်သိန်း
ဆိုသူဟာ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီကို လက်နက်နဲ့အတူ CDM ဝင်ရောက်လာတယ်လို့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ (၃) ရက်နေ့က အမှတ်(၁၀၀၁)၊
မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF)၊ တပမ ခွဲ (၃) ကိုချိတ်ဆက်ပြီး လက်နက်ခဲယမ်းအပြည့်အစုံနဲ့ လာရောက်ခိုလှုံတာတာဖြစ်ပြီး သူဟာ မိုးဗြဲအခြေစိုက် စစ်ကောင်စီ ခ.မ.ရ (၄၂၂) တပ်က
ဖြစ်တယ်လို့ ဆိုထားပါတယ်။
(သံလွင်တိုင်းမ်)

4.8.2023 (1:15PM)
Ref>
https://www.facebook.com/100077424451291/posts/326321329958680/?mibextid=Nif5oz

၁၆။
ဩဂုတ်လ ၃ ရက်က ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေး လောင်းရှည်လမ်းပိုင်းအတွင်း စစ်ကောင်စီတပ် ထောင်ထားသော မြေမြှပ်မိုင်းများကို နယ်မြေရှင်းလင်းရေးဆောင်ရွက်နေစဉ်
မိုင်းမတော်တဆပေါက်ကွဲမှုကြောင့် တပ်ရင်း ၃ တပ်ရင်းမှူးဟောင်း ကျဆုံးခဲ့သည်ဟု
ချင်းကာကွယ်ရေးတပ် ကန်ပက်လက်က ထုတ်ပြန်သည်။
(ခိူနူမ်းသုန်)

4.8.2023 (1:35PM)
Ref>
https://www.facebook.com/100063571884464/posts/761941625934893/?mibextid=Nif5oz

၁၇။
အကြမ်းဖက်စစ်ကောင်စီရဲ့ အာဏာသက်တမ်းတိုးတဲ့ အစည်းအဝေးကို တက်ရောက်ခဲ့သူ ဦးဟင်နရီဗန်ထီးယူကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အရေးယူတာမျိုး ပြုလုပ်မယ်လို့ ဗဟိုအလုပ်ကော်မတီဝင်တစ်ဦးဖြစ်သူ ဦးထွန်းမြင့်က ပြောကြားလိုက်ပါတယ်။ ဩဂုတ် ၃ ရက်မှာ ပြုလုပ်ခဲ့တဲ့ ဗဟိုအလုပ်ကော်မတီ ပုံမှန်အစည်းအဝေးနဲ့ ပတ်သက်ပြီး Mizzima သတင်းဌာနရဲ့ ဆက်သွယ်မေးမြန်းမှုကို ဦးထွန်းမြင့်က အခုလို ပြန်လည်ဖြေကြားလိုက်တာပါ။
(Public Voice Television)

4.8.2023 (1:50PM)
Ref>
https://www.facebook.com/100066477263515/posts/630727782486458/?mibextid=Nif5oz

၁၈။
မကွေးတိုင်း ရေစကြိုမြို့နယ်၊ရေလယ်ကျွန်း၊
ကန်ဦးရွာစာသင်ကျောင်းအနီးမှာ မြင်းခြံခရိုင်တပ်ရင်း ၅ MG 6 ပြောက်ကျားတပ်ဖွဲ့ကို ရေလယ်ကျွန်းတပ်ပေါင်းစုအဖွဲ့က ဒီနေ့ မနက် ၉ နာရီခန့်မှာ ရုတ်တရက်ပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် MG 6 ပြောက်ကျားတပ်ဖွဲ့မှ တပ်ရင်းမှူး ဗိုလ်ကျော်လင်းထွန်း ကျဆုံးခဲ့တယ်လို့ အပစ်ခံလိုက်ရတဲ့ တပ်ရင်း ၅ မှ တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
(မြေလတ်အသံ)

4.8.2023 (2:15PM)
Ref>
https://www.facebook.com/100064688198788/posts/673467054819562/?mibextid=Nif5oz

၁၉။
ယမန်နေ့ ဩဂုတ်လ ၃ ရက် ညနေ ၄ နာရီ ၁၂ မိနစ်တွင်တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာအနီး၌ အကြမ်းဖက်စစ်ကားတစ်စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း Dawei Guerilla Revolutionary Force- DGRF ထံမှ သိရသည်။
(KhitThit)

4.8.2023 (2:50PM)
Ref>
https://fb.watch/mcuzN6SuZR/?mibextid=Nif5oz

၂၀။
ကေအန်ယူ တပ်မဟာ (၁) နယ်မြေတွင် စစ်တပ်က ဖြတ်လေးဖြတ်လုပ်နေ၊ လွတ်လပ်ပြီး ယုံကြည်စိတ်ချရသည့်သတင်းဌာနများက ဖော်ပြခဲ့သည့် သတင်းအချက်အလက်များကို စုစည်းထားချက်အရ ၂၀၂၂ ခုနှစ် အောက်တိုဘာလမှ ၂၀၂၃ ခုနှစ် ဇွန်လအထိ ၉ လအတွင်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းနှင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်ထဲက မြို့နယ်ပေါင်း ၁၀ မြို့နယ်ရှိ အနည်းဆုံး လမ်းပိုင်း ၂၄ ခုထက်မနည်းကို
စစ်ကောင်စီဘက်က ဖျက်ဆီးခဲ့သည်။
(DVB)

4.8.2023 (3:15PM)
Ref> https://m.facebook.com/story.php?story_fbid=673983358093377&id=100064451569209&mibextid=Nif5oz

၂၁။
ဘားအံမြို့တွင် သံလွင်မြစ်ရေ စိုးရိမ်ရေမှတ်ကျော်၊ မြေနိမ့်ပိုင်းက လူနေအိမ်အချို့ ရေနစ်မြုပ်။
(DVB)

4.8.2023 (3:30PM)
Ref> https://m.facebook.com/story.php?story_fbid=673932734765106&id=100064451569209&mibextid=Nif5oz

၂၂။
ကလေးမြို့တွင် စစ်ဆေးရေးလုပ်နေသည့်
စစ်ကောင်စီတပ်သားများ မိုင်းခွဲခံရပြီး ၄ ဦး သေဆုံးဟုဆို၊ ကလေးမြို့ တောင်ဖီလာရပ်ကွက် ၊ အ.ထ.က (၂) ကျောင်းအနီးတွင် စစ်ဆေး၍
ငွေတာင်းနေသော စစ်ကောင်စီတပ်ဖွဲ့ကို ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။
(Mizzima)

4.8.2023 (3:55PM)
Ref> https://m.facebook.com/story.php?story_fbid=618270597113869&id=100067928020493&mibextid=Nif5oz

၂၃။
နိုင်ငံတော်ကောင်စီ၊ နဝတနှင့် နအဖ ခေတ်တွင် ထိပ်ပိုင်းရာထူးယူခဲ့သူများ၏ ပင်စင်လစာ ပြင်ဆင်သတ်မှတ်၊ အဆိုပါ ပြောင်းလဲချက်မှာ ၂၀၀၆
ခုနှစ်၊ ဧပြီလ ၁ ရက်မတိုင်မီအထိ နိုင်ငံရေးတာဝန်ကြီးများကို ထမ်းဆောင်ခဲ့ပြီး အငြိမ်းစားယူခဲ့သည့် ပုဂ္ဂိုလ်ကြီးများနှင့် ကျန်ရစ်သူ ဇနီး၊ ခင်ပွန်းတို့၏ နိုင်ငံရေးလစဉ်ပင်စင်ကို သတ်မှတ်ခြင်းဖြစ်ကြောင်း ပါရှိသည်။
(Mizzima)

4.8.2023 (4:10PM)
Ref> https://m.facebook.com/story.php?story_fbid=618268160447446&id=100067928020493&mibextid=Nif5oz

၂၄။
ကျောက်မဲမြို့နယ်၊ ဂုတ်တွင်းလမ်းပိုင်းတွင် စစ်ကား ၁ စီး ပစ်ခတ် တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူ များပြား။
(KhitThit)

4.8.2023 (4:55PM)
Ref> https://m.facebook.com/story.php?story_fbid=642789227948687&id=100066528465996&mibextid=Nif5oz

၂၅။
စစ်ကိုင်းရှိ ကျော်ဇေယျာရွာမှ နေအိမ် ၆ လုံးကို စစ်တပ်ကမီးရှို့ပြီး ပြည်သူပိုင်ပစ္စည်းများကို
ခိုးယူသွား၊
ပခုက္ကူရှိ ဆယ်ပင်စုရွာမှ ပြည်သူပိုင်ပစ္စည်းများကိုလည်း စစ်တပ်ကခိုးယူသွား။
(KhitThit)

4.8.2023 (5:15PM)
Ref> https://m.facebook.com/story.php?story_fbid=642771111283832&id=100066528465996&mibextid=Nif5oz

၂၆။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့သို့ ခေတ္တလာရောက်သည့် နမ္မတီးမြို့စည်ပင်သာယာရေးအဖွဲ့ မြို့နယ်ဦးစီးမှူး ဖြိုးဝေဆန်း ယမန်နေ့ညပိုင်း ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသ
ပြည်သူများနှင့် ရဲသတင်းရင်းမြစ်ထံမှသိရှိရ။
(KhitThit)

4.8.2023 (5:30PM)
Ref> https://m.facebook.com/story.php?story_fbid=642747701286173&id=100066528465996&mibextid=Nif5oz

၂၇။
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ရှိ မလိယန်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က ယနေ့နံနက်တွင် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီက နံနက် ၁၁နာရီခွဲခန့်တွင် လေကြောင်းမှတိုက်ခိုက်လာသည်ဟု ကချင်ဒေသ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။မလိယန်စခန်းသိမ်းတိုက်ပွဲ၌ စစ်ကောင်စီတပ် သေဆုံးထိခိုက်အခြေအနေကို အတိအကျမသိရဟု ကချင်ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောသည်။
(People’s Spring)

4.8.2023 (5:50PM)
Ref> https://www.facebook.com/100065664033865/posts/625754099623386/?mibextid=Nif5oz

၂၈။
ရှမ်းမြောက် ဂုတ်တွင်းလမ်းပိုင်းတွင် စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရ၊ နောင်ချိုနှင့်ကျောက်မဲမြို့ကြား ညောင်ပစ်ရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များလိုက်ပါလာသောယာဉ်တန်း ပစ်ခတ်ခံရခြင်းဟု ဒေသခံတစ်ဦးက ပြောသည်။
ပစ်ခတ်မှုသည် ၁၅မိနစ်ခန့်ကြာပြီး စစ်ကောင်စီဘက်က သေဆုံးသူ ၁၀ဦးထပ်မနည်းရှိကြောင်း ဒေသခံများက ပြောသော်လည်း People’s Spring အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။
(People’s Spring)

4.8.2023 (6:15PM)
Ref> https://m.facebook.com/story.php?story_fbid=625725242959605&id=100065664033865&mibextid=Nif5oz

၂၉။
အာဇာနည်နေ့ လှုပ်ရှားမှုပြုလုပ်တယ်ဆိုပြီး
သာယာဝတီထောင်မှာ ဒီနေ့အထိတိုက်ပိတ်ခံရသူနိုင်ငံရေးအကျဉ်းသားဦးရေဟာ ၃၁ ဦးထိရှိလာပြီလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်ဆီကသိရပါတယ်။
ကနဦးက အမျိုးသမီးနိုင်ငံရေးအကျဉ်းသူ ၁၅ ဦး ကို အာဇာနည်နေ့မှာ အနက်ရောင် ဖဲကြိုး လှုပ်ရှားမှု ထောင်တွင်းမှာပြုလုပ်လို့ တိုက်ပိတ်ထားတဲ့သတင်းသာထွက်ခဲ့တာပါ။ အဲဒီနောက် အမျိုးသားအဆောင်မှာလည်း ဇူလိုင် ၁၉ အာဇာနည်နေ့မှာ အခမ်းအနားလုပ်တယ်ဆိုပြီး ၁၆ ဦး တိုက်ပိတ်ခံထားရတယ်ဆိုတာကို ထပ်သိရတာဖြစ်ပါတယ်။
(People’s Spring)

4.8.2023 (6:30PM)
Ref> https://m.facebook.com/story.php?story_fbid=625715189627277&id=100065664033865&mibextid=Nif5oz

၃၀။
ရေစကြိုနယ် ရေလယ်ကျွန်း PDF နှင့် မြင်းခြံ MG6 ပြောက်ကျားတပ် အချင်းချင်းပစ်ခတ်မှုဖြစ်၊ MG6 အဖွဲ့ခေါင်းဆောင် သေဆုံး၊ ရပ်ကျေး(ပအဖ)
တစ်ဦး၏ မိသားစုအား MG6 ဖမ်းဆီးရာက ပစ်ခတ်မှုစတင်ခဲ့ဟုဆို၊
ပစ်ခတ်မှုဆက်မဖြစ်တော့ဘဲ နှစ်ဖက်ညှိနှိုင်းရန် လုပ်ဆောင်နေဟုဆို၊ တိုင်ကြားမှုဆိုင်ရာ ကော်မတီတစ်ရပ်ဖွဲ့စည်းထားဟု NUG ကာကွယ်ရေး ချက်ချင်းထုတ်ပြန်။
(People’s Spring)

4.8.2023 (6:50PM)
Ref> https://m.facebook.com/story.php?story_fbid=625711032961026&id=100065664033865&mibextid=Nif5oz

၃၁။
တော်လှန်ရေးကာလ (၂)နှစ်ကျော်အတွင်း အမှုပေါင်း ၂၀၀ခန့် ပြီးပြတ်အောင် စစ်ဆေးနိုင်ခဲ့ NUG တရားရေး ထုတ်ပြန်၊
အမျိုးသားညီညွတ်ရေးအစိုးရက ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်နေသော ဒေသများမှ တရားဥပဒေစိုးမိုးရေးကိစ္စရပ်များ ဆောင်ရွက်မှုနှင့်ပတ်သက်၍ ယနေ့ ထုတ်ပြန်ရာတွင် ထည့်သွင်းဖော်ပြထားခြင်းဖြစ်သည်။
(People’s Spring)

4.8.2023 (7:10PM)
Ref> https://m.facebook.com/story.php?story_fbid=625701019628694&id=100065664033865&mibextid=Nif5oz

၃၂။
စစ်ကောင်စီမှ ရိက္ခာပို့စစ်ကြောင်းထိုးမှုမျာ ပြုလုပ်ခဲ့သည့် ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်တွင် နယ်မြေရှင်းလင်းရေးဆောင်ရွက်နေစဉ် မိုင်းမတော်တဆမှုကြောင့် CDF (ကန်ပက်လက်) မှ ရဲဘော်
တစ်ဦးအသက်ဆုံးရှုံးခဲ့ရကြောင်း ယနေ့တွင် သတင်းထုတ်ပြန်သည်။
(Myanmar Pressphoto Agency)

4.8.2023 (7:25PM)
Ref> https://www.facebook.com/100044381921069/posts/844168307072559/?mibextid=Nif5oz

၃၃။
ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်၊သစ်ဖြူဆိပ်ကျေးရွာအနီးရှိ စစ်ကောင်စီတပ်တွေရဲ့ စစ်ရေးအရ အသုံးပြုနေတဲ့တံတားကို KNLA ပူးပေါင်းတပ်ဖွဲ့က မိုင်းခွဲခဲ့ရာ တံတားပျက်စီးခဲ့တယ်လို့ ဒေသကာကွယ်ရေးရဲဘော်တဦးက ပြောပါတယ်။
ဩဂုတ် ၄ ရက် ဒီမနက် ၂ နာရီခန့်မှာ သစ်ဖြူဆိပ်ကျေးရွာကနေ တောကျွဲအင်းဘက်ကိုသွားတဲ့ တံတားကို မိုင်းထောင်ဖောက်ခွဲလိုက်တာလို့ဆို။
(မြေလတ်အသံ)

4.8.2023 (7:45PM)
Ref> https://m.facebook.com/story.php?story_fbid=673494228150178&id=100064688198788&mibextid=Nif5oz

၃၄။
ထားဝယ် မြိတ်ကားလမ်းပေါ်မှာ ဒေသခံ PDF တပ်ဖွဲ့က တရားမဝင်အရက်နဲ့ မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးဖျက်ဆီးခဲ့
(The Voice of Spring)

4.8.2023 (7:55PM)
Ref> https://www.facebook.com/100066689686443/posts/628319056067745/?mibextid=Nif5oz

၃၅။
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်၊ဗျင်းရွာရှိ
ပခုက္ကူခရိုင်တပ်ရင်း ၁၃ ရှေ့တန်းစခန်း စီးနင်းခံရပြီး ကျပ်သိန်း ၇၀ ကျော်တန်ဖိုးရှိ ပစ္စည်းတွေ ဆုံးရှုံးသွားတယ်လို့ အဲ့ဒီတပ်ရင်းဆီက သိရပါတယ်။ ဩဂုတ်လ ၃ ရက် မနေ့မနက် ၆ နာရီကျော်မှာ အင်အား ၇၀ လောက်ရှိတဲ့ စစ်ကောင်စီတပ်ဟာ ကျပ်ထိုးရဲစခန်းဘက်ကနေ ဗျင်းရွာဘက်ကိုရောက်လာပြီး စခန်းကိုဝင်စီးသွားတာလို့ ဆို။
(မြေလတ်အသံ)

4.8.2023 (8:00PM)
Ref> https://www.facebook.com/100064688198788/posts/673603128139288/?mibextid=Nif5oz

••••••

👉 Knowledge Warriors Page 👈 မှာ
တော်လှန်ရေးနဲ့သက်ဆိုင်တဲ့ သတင်းတွေ ကို ( မူရင်းလင့်တွေနဲ့တကွ ) အတိုချုံ့ ပြီး
ည ၈ – ၁၀ ဝန်းကျင်မှာ တင်ပေးနေပါတယ် ။
Page link 👉 https://www.facebook.com/knowledgewarriors.mm/



လိုင်းသုံးနေနိုင်သေးရင် ကလစ်လည်း လုပ်ပေးကြပါ …
ဘာတွေ ဘယ်လို ကလစ်ပေးနေလို့ ရမလဲ သိချင်ရင်
ဒီ လင့် ကို နှိပ်ပြီး လေ့လာနိုင်ပါတယ် ။

တကယ်လို့ တန်းပြီး ကလစ်ပေးချင်ရင်တော့
C2D ရဲ့ Eain Pyan Lann Website ကို ဒီလင့်ကို နှိပ်ပြီး အလွယ်တကူကလစ်ပေးနိုင်ပါတယ် ။

နွေဦးဖတ်စာရဲ့ တွဲဖက် Website တစ်ခု ဖြစ်တဲ့
LWSR – Learn With Spring Reader မှာလည်း
အင်္ဂလိပ်စာ လေ့လာ ထိတွေ့ရင်း ကလစ်ပေးလို့ ရပါတယ် ။

P2D ရဲ့ Nway Oo Videos မှာ ဘောလုံးပွဲတွေ ၊ Highlights တွေ ကြည့်ပြီးလည်း ကလစ်ပေးနိုင်ပါတယ်။



နွေဦးဖတ်စာ အတွက် Android App လည်း ထုတ်ထားပါတယ် ။
Playstore ကနေ Download ချမယ်ဆို ဒီလင့် ကို နှိပ်ပြီး ယူနိုင်ပါတယ် ။
Playstore သုံးလို့ မရတဲ့ ဖုန်းတွေဆို ဒီ တယ်လီ လင့် ကနေ ယူနိုင်ပါတယ် ။

iOs App တော့ ထုတ်ဖြစ်ဦးမယ် မထင်ပါ ။
( Website ကိုပဲ Safari Browser ထဲကနေ တဆင့်
Add to Home Screen လုပ်ပြီး အလွယ်တကူ ဝင် ဝင်ဖတ်နိုင်ပါတယ် ။ )


3 responses to “သတင်းတို စုစည်းမှု ( 4.8.2023 )”

Leave a reply to nne5862 Cancel reply