သတင်းတို စုစည်းမှု ( 6.8.2023 )

6.8.2023
စစ်ရေး သတင်းများ

1.
ကချင်ပြည်နယ်ကို စစ်ကောင်စီတပ်များက လေကြောင်းနှင့် လက်နက်ကြီး အဓိကအသုံးပြု တိုက်နေသည်ဟု ကေအိုင်အေစစ်ဘက်ရေးရာနှင့် နီးစပ်သူများထံက သိရသည်။ တစ်လကျော်ကြာ ထိုးစစ်ဆင် တိုက်နေသည့် စစ်ကောင်စီတပ်များအနေဖြင့် ယခုအချိန်အထိ ခြေလျင်စစ်ကြောင်းထိုးနိုင်ခြင်းမရှိသေးဟု KIA/KIO ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူးကြီးနော်ဘူက သံလွင်ခက်ကိုပြောသည်။

(သံလွင်ခက်)
6.8.2023 (8:35AM)

Ref>
https://www.facebook.com/100064619112203/posts/656361583194473/?mibextid=Nif5oz

……

2.
ဇူလိုင်လ ၁ ရက် မှ ၃၁ ရက်အတွင်း ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေ၌ ဇူလိုင်လအတွင်း အာဏာသိမ်း အကြမ်း ဖက်စစ်ကောင်စီတပ်များ၏ လေကြောင်းတိုက်ခိုက် မှု၊ လက်နက်ကြီးများဖြင့်ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး ဘုန်းကြီးကျောင်း တစ်ကျောင်းနှင့် နေအိမ် ၁၃ လုံးပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

(KhitThit)
6.8.2023 (8:50AM)

Ref>
https://www.facebook.com/100066528465996/posts/643731951187748/?mibextid=Nif5oz

……

3.
လဲချားမြို့နယ်ရှိ နေရာသုံးခု၌ SSPP နှင့် စစ်ကောင်စီ ယနေ့နံနက် တိုက်ပွဲဖြစ်နေ၊ SSPP
တပ်စခန်းများဖယ်ပေးရန် အကြောင်းကြားထားသည့်ဒေသသို့ စစ်ကောင်စီက လက်နက်ကြီးများ စတင်ပစ်ခတ်ချဉ်းကပ်လာ၍ တိုက်ပွဲဖြစ်ဟု ပြော

(People’s Spring)
6.8.2023 (9:15AM)

Ref>
https://www.facebook.com/100065664033865/posts/626608952871234/?mibextid=Nif5oz

……

4.
ပြည်သူကို အကြမ်းဖက်ဖိနှိပ်ဖမ်းဆီးတိုက်ခိုက်သတ်ဖြတ်နေတဲ့ အကြမ်းဖက်စစ်သား ၂၉ဦးကို တရက်တာအတွင်း တော်လှန်ရေးတပ်ဖွဲ့တွေက ပြည်သူ့ခုခံတော်လှန်စစ်အရ ရှင်းလင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပြည်ထဲရေးနဲ့လူဝင်မှုကြီးကြပ် ရေးဝန်ကြီးဌာန ထုတ်ပြန်ပါတယ်။ သတင်းအချက်အလက်တွေအရ ဩဂုတ် ၄ ရက်က ဖြစ်ပွားခဲ့တဲ့ ထိတွေ့တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၉ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ – ၆၄ ဦး အထိ ခုခံတိုက်ခိုက်နိုင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

(Public Voice Television)
6.8.2023 (9:50AM)

Ref>
https://www.facebook.com/100066477263515/posts/631704559055447/?mibextid=Nif5oz

……

5.
ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် နေအိမ် ၂ လုံးပျက်စီးကာ ပြည်သူ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကျေးလက်မြေအဖွဲ့တာဝန်ခံ ဦးဇော်မင်းထိုက်က ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။ သြဂုတ်လ ၅ ရက်နေ့ ည ၁၁ နာရီခန့်တွင် ဒီးမော့ဆိုမြို့နယ်ရှိ ကျေးရွာတစ်ရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ပြီး နေအိမ် ၂ လုံးပျက်စီးကာ ပြည်သူ၁ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

(KhitThit)
6.8.2023 (10:25AM)

Ref>
https://www.facebook.com/100066528465996/posts/643747814519495/?mibextid=Nif5oz

……

6.
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် မြစ်ကြီးနား ဗန်းမော်လမ်းမပေါ်မှာရှိတဲ့ မလိယန်ရွာအနီးကို
စစ်ကောင်စီက လေယာဉ်နှစ်စင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက သံလွင်တိုင်မ်းကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ် ၄ ရက်နေ့ နေ့လည် ၁၁ နာရီလောက်မှာ မန္တလေး တံတားဦးလေဆိပ်ကနေ တက်လာခဲ့တဲ့ စစ်ကောင်စီတပ်ရဲ့ ဂျက်လေယာဉ်နှစ်စင်းဟာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ရဲ့ ရှေ့တန်းစခန်းတည်ရှိတဲ့
မလိယန်ရွာအနီးမှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။

(သံလွင်တိုင်းမ်)
6.8.2023 (10:55AM)

Ref>
https://www.facebook.com/100077424451291/posts/327133686544111/?mibextid=Nif5oz

……

7.
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင် စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်အား တစ်ရက်တည်း နှစ်ကြိမ်တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုများရှိကြောင်း မြင်းခြံခရိုင် အမှတ်(၄)တပ်ရင်း နွားထိုးကြီး PDF အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။ သြဂုတ် ၄ ရက် နံနက် ၁၁နာရီခန့်က နွားထိုးကြီးမြို့နယ်၊ ဖောင်းကျင်းတောင်ရွာအနီးတွင်အင်အား ၂၀ခန့်ပါ စစ်ကြောင်းကို ဒရုန်းဖြင့်
ဗုံးချတိုက်ခိုက်ရာ စစ်သား နှစ်ဦးထိခိုက်ဒဏ်ရာရရှိကြောင်း နွားထိုးကြီး PDFအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

(People’s Spring)
6.8.2023 (11:50AM)

Ref>
https://www.facebook.com/100065664033865/posts/626623869536409/?mibextid=Nif5oz

……

8.
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်းမှာ PDF တပ်စိတ်မှူးတဦးကို စစ်အုပ်စုက ပစ်သတ်ပြီး ရဲဘော်တဦးကိုလည်း ဖမ်းဆီးသွားတယ်လို့ ချိုမိုင်မိုင် တော်လှန်ရေးအင်အားစုက သြဂုတ် ၅ ရက်မနေ့ညပိုင်းက သတင်းထုတ်ပြန်လာပါတယ်။

(မြေလတ်အသံ)
6.8.2023 (12:35PM)

Ref>
https://www.facebook.com/100064688198788/posts/674606578038943/?mibextid=Nif5oz

……
9.
ဇူလိုင်လ ၂၈ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ ကျောက်ထုံးကြီးရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက်စီးနင်းပြီး ပြည်သူ ၁ ဦးကိုသတ်ဖြတ်ကာ နေအိမ် ၄၆ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

(KhitThit)
6.8.2023 (12:50PM)

Ref>
https://www.facebook.com/100066528465996/posts/643784681182475/?mibextid=Nif5oz

……

10.
ယမန်နေ့ ဇူလိုင်လ ၅ ရက် မွန်းတည့် ၁၂ နာရီ မိနစ် ၄၀ ခန့်က စစ်ကိုင်းတိုင်း၊ ဆားလင်းမြို့နယ်အတွင်းရှိ ချင်းတွင်းမြစ်ကြောင်းတနေရာတွင် လေယာဉ်ဆီတင် စစ် သင်္ဘော ၅ စီးကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၀ ဦး ခန့်သေဆုံးခဲ့ကြောင်း မြန်မာ့တော်ဝင်နဂါးတပ်တော်(MRDA) တပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

(KhitThit)
6.8.2023 (1:10PM)

Ref>
https://fb.watch/mf8iUVDu7H/?mibextid=Nif5oz

……

11.
မကွေးတိုင်း၊မြိုင်မြို့နယ် အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံစစ်တပ်နဲ့ ပျူစောထီးတွေ အခြေချနေထိုင်တဲ့ သရက်ကွကျေးရွာကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ပါတယ်။ ဝံပုလွေပြောက်ကျားတပ်ဖွဲ့က ဦးဆောင်ကာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့က သြဂုတ်လ ၄ ရက် မနက်ပိုင်း အချိန်ကစတင်ပြီး ရန်သူစစ်တပ်နဲ့ အပေါင်းပါတွေစုဝေးနေထိုင်တဲ့ သရက်ကွ ကျေးရွာကို ဝေဟင်ကနေ ၁၀၀ မမ၊ ၁၂၀ မမ ဒရုန်းဗုံးတွေနဲ့ ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ (M.V.P Revolution Force) နံသာမြိုင် ပြောက်ကျား တပ်ဖွဲ့ရဲ့ သတင်းနှင့်ပြန်ကြားရေးကစစ်ဆင်ရေး သတင်းကို ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

(Public Voice Television)
6.8.2023 (2:15PM)

Ref>
https://fb.watch/mf8X71yk7G/?mibextid=Nif5oz

……

12.
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ ရွှေစကားကျေးရွာအနီး ဗန်းမော် မန္တလေးလမ်းပိုင်းမှာ စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ ၂ ဦးသေဆုံးသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့
ကြာညပ်ထံက သိရပါတယ်။ သပိတ်ကျင်းအခြေစိုက် အမှတ် ၁၃ တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်း (တတ က ၁၃)တပ်က အင်အား ၄၀ ကျော်ပါ စစ်ယာဉ်တန်း ၃ စီးဟာ တကောင်းမြို့တောင်ဘက်ကနေထွက်လာချိန် ဩဂုတ်လ ၅ ရက် မနက် ၇ နာရီခွဲခန့်မှာ မိုင်း ၅ လုံးဆွဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

(မြေလတ်အသံ)
6.8.2023 (2:50PM)

Ref>
https://www.facebook.com/100064688198788/posts/674709558028645/?mibextid=Nif5oz

……

13.
ဆားလင်းကြီး၊ ညောင်ပင်ကြီးရဲစခန်းမှ စစ်သားများက ထန်းတောရွာအတွင်း ဝင်ရောက်ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရ။

(KhitThit)
6.8.2023 (3:15PM)

Ref> https://m.facebook.com/story.php?story_fbid=643940114500265&id=100066528465996&mibextid=Nif5oz

……

14.
ကျောက်မဲမြို့ အမှတ် ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို သေနတ်ဖြင့်ပစ်ခတ်ပြီး လက်ပစ်ဗုံး
ပစ်သွင်းတိုက်ခိုက်မှု ၂ ဦးသေဆုံးကာ ၁၀ ဦးကျော် ဒဏ်ရာရ။

(KhitThit)
6.8.2023 (3:30PM)

Ref> https://m.facebook.com/story.php?story_fbid=643901154504161&id=100066528465996&mibextid=Nif5oz

……

15.
စစ်ကိုင်း ဆားလင်းကြီးမြို့နဲ့ ညောင်ပင်ကြီးကျေးရွာကြား ချင်းတွင်းမြစ်ကြောင်းတနေရာမှာ အကြမ်းဖက်စစ်ကောင်စီရဲ့လေယာဉ်ဆီတင် သင်္ဘော ၅ စီးကို ဗမာလွတ်မြောက်ရေး ဒီမိုကရက် တစ်တပ်ဦး BLDF တပ်ဖွဲ့က ဩဂုတ် ၅ ရက်၊ နေ့လယ် ၂ နာရီမှာ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စကစ ၁၀ ဦးခန့် အနည်းဆုံး သေဆုံးနိုင်ပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

(The Voice of Spring)
6.8.2023 (4:15PM)

Ref> https://m.facebook.com/story.php?story_fbid=629420782624239&id=100066689686443&mibextid=Nif5oz

……

16.
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ပေါ် အမှတ် (၁) ရပ်ကွက်အတွင်း ပစ်ခတ်ဖောက်ခွဲမှုဖြစ်ပြီး စည်ပင်အမှုဆောင်အရာရှိ အပါအဝင် (၂)ဦး သေဆုံးကာ ဒဏ်ရာရရှိသူအချို့ရှိခဲ့ကြောင်းနှင့်ယခုဖြစ်စဉ်တွင် ယခင် စည်ပင်အမှုဆောင်အရာရှိ နှင့်မှားပြီး ပစ်ခတ်ခံရခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ်ကြသည်။

(Tachileik News Agency)
6.8.2023 (6:15PM)

Ref> https://www.facebook.com/100064899781683/posts/677461181093869/?mibextid=Nif5oz

……

17.
PDF များ စျေး၀ယ်ထွက်ခဲ့သည့် စကျင်ကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ သြဂုတ်လ ၆ ရက် မနက်၄ နာရီတွင်ဝင်ရောက်စီးနင်း၍ စကျင်ကျေးရွာနှင့် အနီးရှိကျေးရွာဒေသခံများ ဘေးလွတ်ရာထွက်ပြေးနေကြရကြောင်း သိရသည်၊ စစ်ကား ခုနစ်စီးပါသောယာဥ်တန်းဖြင့် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးစီးနင်းဝင်ရောက်လာပြီး မွှေနှောက်ရှာဖွေခဲ့ကြောင်း သိရသည်။

(Mizzima)
6.8.2023 (7:45PM)

Ref> https://www.facebook.com/100067928020493/posts/619404160333846/?mibextid=Nif5oz

……
6.8.2023
နိုင်ငံရေး သတင်းများ


  1. တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ပြည်သူကာကွယ်ရေးအဖွဲ့ (ပကဖ)ရဲ့ အဖွဲ့ဝင်အဖြစ်ကနေ နုတ်ထွက်လိုက်ပြီလို့ ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KBDF) က သြဂုတ် ၄ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။ ပကဖအဖွဲ့ဝင်အဖြစ်ကနေ နုတ်ထွက်လိုက်ပေမယ့် အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လမ်းညွှန်ချက်မူဝါဒတွေကို လိုက်နာပြီး Local စစ်စစ်အနေနဲ့ ရပ်တည်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

(သံလွင်တိုင်းမ်)
6.8.2023 (8:15AM)

Ref>
https://www.facebook.com/100077424451291/posts/327121856545294/?mibextid=Nif5oz

……

2.
စစ်အာဏာရှင်မင်းအောင်လှိုင်ရဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ထိထိရောက်ရောက်တိုက်ခိုက်ချေမှုန်းနိုင်ဖို့အတွက် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေဖြစ်ကြတဲ့ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA)၊ ဂန့်ဂေါခရိုင်တပ်ရင်း ၁၄၊ ပြည်ဦးလွင်ခရိုင်တပ်ရင်းတခုဖြစ်တဲ့ ပြင်ဦးလွင် PDF နဲ့ ဒရုန်းတပ်ဖွဲ့တခုဖြစ်တဲ့ Brigade Drone Force တပ်ဖွဲ့တို့ ပူးပေါင်းကာ ဇူလိုင် ၂၆ ရက်ကစပြီး ကမ်ပိန်းတခု ပြုလုပ်လျက်ရှိပါတယ်။ အဲ့ဒီအဖွဲ့ ၄ ဖွဲ့ရဲ့ ကမ်ပိန်းနာမည်ကို “ပြည်တော်၀င်ဖိုအတူရုန်းကြစို့” လို့ ပေးထားပြီး ဇူလိုင် ၂၆ ရက်ကနေ စက်တင်ဘာ ၉ ရက်အထိ ကမ်ပိန်းကာလကို သတ်မှတ်ထားတာဖြစ်ပါတယ်။

(မြေလတ်အသံ)
6.8.2023 (10:10AM)

Ref>
https://fb.watch/mf007XI38a/?mibextid=Nif5oz

……

3.
နွေဦးတော်လှန်ရေးမှာ အတူတကွလက်တွဲ တိုက်ပွဲဝင်နေကြတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့
ဘုံရပ်တည်ချက်သဘောထားကို NUCCနဲ့ NUG ပူးတွဲထုတ်ပြန်၊ ခေတ်သစ်၊ စနစ်သစ် ပြောင်းလဲရေးစံတန်ဖိုးကို လမ်းလွဲစေမယ့် နိုင်ငံရေးအခင်းအကျင်းမျိုးကိုမဆို ပြတ်ပြတ်သားသား ငြင်းပယ်၊ နောက်မဆုတ်စတမ်း၊ မတွေဝေစတမ်း ဆက်လက် ချီတက် တိုက်ပွဲဝင်သွားမယ်လို့ ကတိသစ္စာပြု။

(Public Voice Television)
6.8.2023 (12:15PM)

Ref>
https://www.facebook.com/100066477263515/posts/631741045718465/?mibextid=Nif5oz

……

4.
မကွေးတိုင်း ဆောမြို့နယ်၊ကျောက်ထုမြို့နယ်နဲ့ ပခုက္ကူမြို့ကိုဆက်သွယ်ထားတဲ့ ကျောက်ထု
ပခုက္ကူလမ်းပိုင်းကို အသုံးမပြုကြဖို့ ဂန့်ဂေါခရိုင်တပ်ရင်းအမှတ် ၈/၉ ကျောက်ထု PDF က ကြေညာထားပါတယ်။ ဩဂုတ် ၅ ရက်နေ့ကတည်းက ကြေညာချက်ကို ထုတ်ပြန်ခဲ့တာဖြစ်ပြီး
လမ်းအသုံးပြုနိုင်မယ့်အချိန်ကို ပြန်မကြေညာမခြင်း အခုထုတ်ပြန်ချက်က အကျုံးဝင်နေမှာ
ဖြစ်ပါတယ်။

(DVB)
6.8.2023 (3:55PM)

Ref> https://m.facebook.com/story.php?story_fbid=675085544649825&id=100064451569209&mibextid=Nif5oz

……

5.
စစ်ကောင်စီက အသစ်ထုတ်ဝေထားတဲ့နှစ်သောင်းတန်ငွေစက္ကူကို လက်ဝယ်ကိုင်ဆောင်တာ၊ အသုံးပြုတာကို စစ်ဆေးတွေ့ရှိပါက အပြစ်ပေးအရေးယူမယ်လို့ သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နဲ့ ပကဖ အဖွဲ့ဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဆယ်ဖွဲ့က ပူးတွဲထုတ်ပြန်ထားပါတယ်။

(Delta News Agency)
6.8.2023 (5:35PM)

Ref> https://m.facebook.com/story.php?story_fbid=682997000540047&id=100064892582655&mibextid=Nif5oz

……

6.
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် ချင်းအမျိုးသားကောင်စီ (မင်းတပ်) ကို ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့တွင် သတင်းထုတ်ပြန်သည်။ နိုင်ငံရေးမူဝါဒ လုပ်ငန်းစဥ်များကို ရေးဆွဲချမှတ်ကာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ချင်းအမျိုးသားကောင်စီ (မင်းတပ်) ကို ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်ဟု သိရ။

(Myanmar Pressphoto Agency)
6.8.2023 (5:50PM)

Ref> https://m.facebook.com/story.php?story_fbid=845312740291449&id=100044381921069&mibextid=Nif5oz

……

7.
မကွေးတိုင်း ထီးလင်းမြို့အနောက်ဘက်ကျေးရွာ ဘုန်းကြီးကျောင်းပေါ်တက်ကာ ကျောင်းထိုင် ဆရာတော်အား ပစ်ခတ်ခဲ့သူနှစ်ဦးကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန၏ စစ်ဘက်ဆိုင်ရာညွန်ကြားချက် ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူမည်ဖြစ်ကြောင်း ဂန့်ဂေါခရိုင်တပ်ရင်းအမှတ် (၁၅) ယနေ့ ဩဂုတ်လ (၆) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ ဩဂုတ်လ (၃)ရက်နေ့က ထီးလင်းမြို့ အနောက်ဘက်ကျေးရွာ ဘုန်းကြီး ကျောင်းပေါ်တက်ကာ ကျောင်းထိုင်ဆရာတော်
ဦးဝိစိတ္တအား ပစ္စတိုဖြင့်ပစ်ခတ်မှုဖြစ်စဉ်တွင် ပါဝင်သူနှစ်ဦးမှာ ဂန့်ဂေါခရိုင်တပ်ရင်းအမှတ်
(၁၅) မှ ရဲဘော်တစ်ဦးနှင့် အရပ်သားတစ်ဦးတို့ဖြစ်ပြီး ၎င်းတို့သဘောဆန္ဒအတိုင်း စိတ်လိုက်
မာန်ပါ ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

(Tachileik News Agency)
6.8.2023 (6:50PM)

Ref> https://www.facebook.com/100064899781683/posts/677457577760896/?mibextid=Nif5oz

……
8.
တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီက ထုတ်ဝေသည့် ငွေကျပ်နှစ်သောင်းတန်များ လက်ဝယ်ကိုင်ဆောင်ထားကြောင်း စစ်ဆေးတွေ့ရှိပါက အရေးယူမည်ဖြစ်ကြောင်း တနင်္သာရီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၆)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ စစ်ကောင်စီ၏ လက်အောက်ခံ ဗဟိုဘဏ်မှထုတ်ဝေသည့် ငွေကျပ်နှစ်သောင်းတန် ငွေစက္ကူအား အသိအမှတ်ပြုမည် မဟုတ်ကြောင်းနှင့် လက်ဝယ်ကိုင်ဆောင်ထားကြောင်း စစ်ဆေးတွေ့ရှိပါက အရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်ထားခြင်းဖြစ်သည်။

(Tachileik News Agency)
6.8.2023 (7:10PM)

Ref> https://www.facebook.com/100064899781683/posts/677486501091337/?mibextid=Nif5oz

……

9.
မြင်းခြံခရိုင် ကပဖ/မြို့နယ်ကပဖ အဖွဲ့ဝင် တယောက်မှ Era’s Eye (ခေတ်မျက်လုံး) သတင်း
မီဒီယာကို အင်တာဗျူးဖြေထားခြင်းမရှိကြောင်း ထုတ်ပြန်၊ ရေလယ်ကျွန်းဒေသမှာဖြစ်ပွါးခဲ့တဲ့
မြင်းခြံခရိုင်တပ်ရင်းအမှတ် (၅) MG6 တပ်ဖွဲ့နဲ့ပတ်သက်ပြီး မနေ့ ဩဂုတ်လ ၅ ရက်နေ့က Era’s Eye (ခေတ်မျက်လုံး) သတင်းမီဒီယာက လူမှုကွန်ယက်စာမျက်နှာနှာ မြင်းခြံမြို့နယ်ကပဖ
အဖွဲ့ဝင်ဆိုတဲ့ အင်တာဗျူးအသံဖိုင် ဖော်ပြထားတာကြောင့် အခုလိုထုတ်ပြန်ရတာဖြစ်တယ်လို့ဆို။

(PVTV)
6.8.2023 (7:25PM)

Ref> https://www.facebook.com/100066477263515/posts/631922719033631/?mibextid=Nif5oz

……

10.
ပဲခူးတိုင်း အုတ်ဖို၊ လက်ပံတန်း၊ မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမအတွင်း စစ်ကောင်စီနှင့် ဒေါက်တိုင်များ တရားမဝင်သစ်ခိုးထုတ်နေမှုများကို တားဆီးရန်အတွက် ၂၀၂၃ခုနှစ် ဩဂုတ်လ (၆)ရက်နေ့က စတင်ကာ မော်တော်ယာဉ်များ ဝင်ရောက်ခွင့် ပိတ်ပင်လိုက်ကြောင်း သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂)က သတင်းထုတ်ပြန်သည်။ အဆိုပါတားမြစ်ချက်သည် ပဲခူးရိုးမကို အမှီပြု၍ သာမန်လုပ်ကိုင်စားသောက်နေကြသည့် ပြည်သူများကို မထိခိုက်စေဘဲ သစ်တောသယံဇာတများအား ကာကွယ်ထိန်းသိမ်းရန်နှင့် စစ်ကောင်စီအတွက် ဝင်ငွေရှာဖွေပေးကြသည့် တရားမဝင် သစ်ခိုးထုတ်မှုများကို တားဆီးဖြတ်တောက်ရန်သာဖြစ်သည်ဟု ဆိုသည်။

(Tachileik News Agency)
6.8.2023 (8:00PM)

Ref> https://www.facebook.com/100064899781683/posts/677499174423403/?mibextid=Nif5oz

……
6.8.2023
လူမှုရေး သတင်းများ

1.
ဩဂုတ်လ ၃ ရက်နေ့မှစတင်၍ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် တရုတ်ဝမ်ပေါင်ကုမ္ပဏီက ဝက်မှေး ရွာဟောင်းကို စစ်တပ်နှင့်ရဲများ အပါအဝင် အင်အား ၃၀၀ ကျော်ဖြင့် ခြံစည်းရိုး ခတ်နေကြောင်း ဝက်မှေးရွာဟောင်း ဒေသပြည်သူများ၏ အဆိုအရ သိရှိရသည်။

(KhitThit)
6.8.2023 (11:10AM)

Ref>
https://www.facebook.com/100066528465996/posts/643750051185938/?mibextid=Nif5oz

……

2.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်အတွင်းက တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင် ၁၅၀ ကျော် စားနပ်ရိက္ခာအကူအညီလိုအပ်နေသည်ဟု ကူညီသူများထံက
သိရသည်။ မူဆယ်နှင့် နမ့်ခမ်းကြား နမ့်လောင်းရွာနှင့် တုန်ခွမ်ရွာရှိဒေသခံများ တိုက်ပွဲ တိမ်းရှောင်ထွက်ပြေးနေရခြင်း ဖြစ်သည်။

(သံလွင်ခက်)
6.8.2023 (1:55PM)

Ref>
https://www.facebook.com/100064619112203/posts/656487513181880/?mibextid=Nif5oz

……

3.
ကရင်နီ (ကယား)ပြည်နယ်၊ ဘော်လခဲမြို့နယ်၊ ရွာသစ်မြို့က မြို့ခံတွေကို စစ်ကောင်စီတပ်က ဇွန်လကုန်လောက်ကတည်းက မြို့ပြင်ထွက်ခွင့်မပေးဘဲ ပိတ်ဆို့ထားတာကြောင့် မြို့ခံသုံးရာကျော် ပိတ်မိနေတယ်လို့ ကရင်နီတော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။ စစ်ကောင်စီတပ်က ဇွန်လအကုန်လောက်မှာ အင်အားဖြည့်တင်းပြီး မြို့ကို ဝင်ရောက်စီးနင်းတဲ့အချိန် မြို့ခံတချို့က ထွက်ပြေးနိုင်ခဲ့ပေမယ့် တချို့ကကျန်နေခဲ့တာကို ဆက်လက်ပိတ်ဆို့ထားတာလို့လည်း သိရပါတယ်။

(Delta News Agency)
6.8.2023 (5:15PM)

Ref> https://m.facebook.com/story.php?story_fbid=683087463864334&id=100064892582655&mibextid=Nif5oz

……
6.8.2023
နိုင်ငံတကာ သတင်းများ

1.
မြန်မာ့အရေး ထိထိရောက်ရောက် ဖြေရှင်းမပြနိုင်ရင် အာဆီယံအဖွဲ့ထဲမဝင်ချင်ဘူးလို့ တီမောဝန်ကြီးချုပ်ပြော

(People’s Spring)
6.8.2023 (4:50PM)

Ref> https://m.facebook.com/story.php?story_fbid=626764459522350&id=100065664033865&mibextid=Nif5oz

……



လိုင်းသုံးနေနိုင်သေးရင် ကလစ်လည်း လုပ်ပေးကြပါ …
ဘာတွေ ဘယ်လို ကလစ်ပေးနေလို့ ရမလဲ သိချင်ရင်
ဒီ လင့် ကို နှိပ်ပြီး လေ့လာနိုင်ပါတယ် ။

တကယ်လို့ တန်းပြီး ကလစ်ပေးချင်ရင်တော့
C2D ရဲ့ Eain Pyan Lann Website ကို ဒီလင့်ကို နှိပ်ပြီး အလွယ်တကူကလစ်ပေးနိုင်ပါတယ် ။

နွေဦးဖတ်စာရဲ့ တွဲဖက် Website တစ်ခု ဖြစ်တဲ့
LWSR – Learn With Spring Reader မှာလည်း
အင်္ဂလိပ်စာ လေ့လာ ထိတွေ့ရင်း ကလစ်ပေးလို့ ရပါတယ် ။

P2D ရဲ့ Nway Oo Videos မှာ ဘောလုံးပွဲတွေ ၊ Highlights တွေ ကြည့်ပြီးလည်း ကလစ်ပေးနိုင်ပါတယ်။




နွေဦးဖတ်စာ အတွက် Android App လည်း ထုတ်ထားပါတယ် ။
Playstore ကနေ Download ချမယ်ဆို ဒီလင့် ကို နှိပ်ပြီး ယူနိုင်ပါတယ် ။
Playstore သုံးလို့ မရတဲ့ ဖုန်းတွေဆို ဒီ တယ်လီ လင့် ကနေ ယူနိုင်ပါတယ် ။

iOs App တော့ ထုတ်ဖြစ်ဦးမယ် မထင်ပါ ။
( Website ကိုပဲ Safari Browser ထဲကနေ တဆင့်
Add to Home Screen လုပ်ပြီး အလွယ်တကူ ဝင် ဝင်ဖတ်နိုင်ပါတယ် ။ )