
ဆူတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဆူသံလေး နည်းနည်းပါမယ်ပေါ့နော်။
ကျွန်မတို့ ထောက်ပို့ပြည်သူတွေအနေနဲ့ တော်လှန်ရေးကာလလည်း နှစ်နှစ်ကျော်လာပြီဆိုတော့
ပိုပြီး စာတတ်သင့်ပါပြီ။ ကျွန်မ မကြာခဏလည်း အသိပေး၊ သတိပေးခဲ့ဖူးပါတယ်။
Fundraiser တွေရဲ့ ဘဏ်အကောင့်တွေဆီကို ငွေလွှဲပို့ကြတဲ့အခါ
Description (or) Memo (or) Note တွေမှာ ဘာအကြောင်းအရာကိုမှ ထည့်မရေးကြဖို့ပါ။
Donation for ဘယ်အဖွဲ့၊ PDF Support ၊ ဘာ Project စတဲ့ မှတ်ချက်တွေ စာသားတွေကြောင့်
ဘဏ်မှာ သွားရှင်းရတဲ့ Fundraiser တွေ၊
ဘဏ်အကောင့်ပိတ်ခံရတဲ့ Fundraiser တွေ မနည်းပါဘူး။
ရဲစခန်းရောက်တဲ့ Fundraiser တွေ၊ ခေါ်စစ်ခံရတဲ့ Fundraiser တွေ၊ နေထိုင်ခွင့်ရုတ်သိမ်းခံရတဲ့အထိ ဒုက္ခရောက်သွားတဲ့ Fundraiser တွေလည်း ရှိပါတယ်။
နိုင်ငံတကာမှာ နိုင်ငံတစ်ခုချင်းစီတိုင်းရဲ့ မတူညီတဲ့ Rules and Regulations တွေ Policy တွေ ရှိပါတယ်။
ကျွန်မတို့ တိုင်းပြည်မှာ ဖြစ်ပျက်နေတဲ့အခြေအနေတွေကို သာမန်ရဲတွေ ဘဏ်ဝန်ထမ်းတွေက မသိနိုင်ပါဘူး။ သူတို့က သူတို့ချမှတ်ထားတဲ့ ဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့ပဲ အလုပ်လုပ်ပါတယ်။
PDF တွေကို ငွေကြေးထောက်ပံ့တာသည်
ဘယ်နိုင်ငံမှာမဆို တရားဝင်ထောက်ပံ့ခွင့်ရှိတယ်လို့ မသတ်မှတ်ထားပါ။ မသိလို့ လွတ်နေတာပါ။ မသိအောင်လည်း မျက်လှည့်ပြရသလို
Cover လုပ်ထားရတဲ့ ခေါင်းစဉ်အသီးသီးလည်း ရှိပါတယ်။
မြန်မာပြည်မှာသာ ဘယ်ပရဟိတ ညာပရဟိတဆိုပြီး တရားဝင်မှတ်ပုံတင်မထားလည်း
ပါစင်နယ်အကောင့်တွေနဲ့ အလှူငွေလက်ခံလို့ရနေပေမယ့် နိုင်ငံကြီးတွေအများစုမှာ
Personal Account နဲ့ အလှူငွေလက်ခံခွင့်မရှိပါ။
အဲ့တော့ Donation လို့ ရေးလိုက်တဲ့အခါ
လက်ခံတဲ့အကောင့်က Personal Account ဖြစ်နေရင် ပြသနာရှိပါပြီ။
အလှူငွေလက်ခံလို့ရတဲ့အကောင့်၊ တရားဝင်ပရဟိတလိုင်စင်နဲ့ လက်ခံခွင့်ရှိတဲ့ ဘဏ်အကောင့်တွေနဲ့ လက်ခံရင်တောင်မှ Donation ဆိုတဲ့အထိ ပြသနာမရှိပေမယ့်
Donation for PDF တို့၊ PDF Support တို့ဆို ပြသနာရှိလာပါပြီ။
Fundraiser က ဘယ်လိုအကောင့်အမျိုးအစားနဲ့ လက်ခံနေတယ်ဆိုတာ လှူသူက မသိနိုင်ပါဘူး။
ဒါကြောင့် အရှင်းဆုံးက Description မှာ ဘာမှမရေးတာ အကောင်းဆုံးပါ။
အချို့ဘဏ်တွေက Description မှာ ဘာမှမထည့်ရင် လွှဲလို့မရတာမျိုးဖြစ်တတ်ပါတယ်။ အဲ့ကျရင် အလွယ်ကူဆုံးက လွှဲသူနာမည်ထည့်လိုက်တာ အန္တရာယ်အကင်းဆုံးပါ။
အချို့နိုင်ငံတွေက သိပေမယ့် မြန်မာပြည်ရဲ့ ဒီမိုကရေစီအရေးကို ထောက်ခံအားပေးတဲ့ နိုင်ငံတွေ ဖြစ်တာတစ်ကြောင်း၊ NUG အစိုးရရဲ့ Legitimacy ကြိုးပန်းမှုတွေကြောင့်တစ်ကြောင်း
သိလျက်နဲ့ မျက်စိမှိတ်ပေးနေတာတွေ ရှိပါတယ်။
သိလျက်နဲ့ မသိချင်ယောင်ဆောင်ပေးနေသူတွေရှေ့
မျက်စိနောက်အောင် ပေါ်တင်ကြီး လမ်းသလားမနေသင့်ဘူး မဟုတ်လား။
Fundraiser တွေဆိုတာကလည်း အရာအားလုံးကို သိမြင်ဖြေရှင်းနိုင်နေတဲ့ Superman တွေ မဟုတ်ကြပါဘူး။ ခေါ်စစ်ရင်ဖြေရတယ်။ ဖမ်းရင် အဖမ်းခံရမယ်။
အားလုံးဟာ တစ်ကိုယ်စာ Risk တွေယူပြီး ရင်းပြီး ဆောင်ရွက်နေကြတာဖြစ်လို့
မေတ္တာရပ်ခံတယ်ဆိုရင် ပူးပေါင်းဆောင်ရွက်ပေးကြပါ။ နားလည်ကူညီပေးကြပါ။
ဒီပိုစ့်ဟာ ကျွန်မတစ်ဦးတည်းတစ်ယောက်တည်းအတွက် ရေးတာ မဟုတ်ပါဘူး။
Fundraiser အားလုံးရဲ့ အခက်အခဲတွေကို ကိုယ်တိုင်ပါဝင်နေသူတစ်ဦးအနေနဲ့ ပြည်သူဆီ တင်ပြတာပါ။
ကျွန်မတို့ ပြောတာလေးတွေကို အလေးထား ပူးပေါင်းပေးကြပါလို့ မေတ္တာရပ်ခံပါတယ်ရှင်။
– ပန်ဆယ်လို
လိုင်းသုံးနေနိုင်သေးရင် ကလစ်လည်း လုပ်ပေးကြပါ …
ဘာတွေ ဘယ်လို ကလစ်ပေးနေလို့ ရမလဲ သိချင်ရင်
ဒီ လင့် ကို နှိပ်ပြီး လေ့လာနိုင်ပါတယ် ။တကယ်လို့ တန်းပြီး ကလစ်ပေးချင်ရင်တော့
C2D ရဲ့ Eain Pyan Lann Website ကို ဒီလင့်ကို နှိပ်ပြီး အလွယ်တကူကလစ်ပေးနိုင်ပါတယ် ။နွေဦးဖတ်စာရဲ့ တွဲဖက် Website တစ်ခု ဖြစ်တဲ့
LWSR – Learn With Spring Reader မှာလည်း
အင်္ဂလိပ်စာ လေ့လာ ထိတွေ့ရင်း ကလစ်ပေးလို့ ရပါတယ် ။P2D ရဲ့ Nway Oo Videos မှာ ဘောလုံးပွဲတွေ ၊ Highlights တွေ ကြည့်ပြီးလည်း ကလစ်ပေးနိုင်ပါတယ်။
Facebook ပေါ်မှာပါ
တော်လှန်ရေး နဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေ ပိုပြီး လူမြင်များနေစေဖို့ ၊
မူရင်း Facebook Post ကို ပိုပျံ့စေချင်ရင် ဒီလင့် ကို သွားပြီး
R C S ( React , Comment , Share ) လုပ်ပေးသင့်ပါတယ် ။
< လုံခြုံရေး အရ စိတ်ချရအောင် တော်လှန် အကောင့်နဲ့ လုပ်နိုင်ပါတယ် ။ )
နွေဦးဖတ်စာ အတွက် Android App လည်း ထုတ်ထားပါတယ် ။
Playstore ကနေ Download ချမယ်ဆို ဒီလင့် ကို နှိပ်ပြီး ယူနိုင်ပါတယ် ။
Playstore သုံးလို့ မရတဲ့ ဖုန်းတွေဆို ဒီ တယ်လီ လင့် ကနေ ယူနိုင်ပါတယ် ။
iOs App တော့ ထုတ်ဖြစ်ဦးမယ် မထင်ပါ ။
( Website ကိုပဲ Safari Browser ထဲကနေ တဆင့်
Add to Home Screen လုပ်ပြီး အလွယ်တကူ ဝင် ဝင်ဖတ်နိုင်ပါတယ် ။ )
အင်္ဂလိပ် ဘာသာစကားကို စိတ်ဝင်စားစရာ အကြောင်းအရာတွေ ၊
အသိပညာ တိုးတက်စေတဲ့ အကြောင်းအရာတွေ ၊
စာအုပ် အနှစ်ချုပ်တွေ ၊
သီချင်း စာသားတွေထဲ က အသုံးအနှုန်းတွေ ကနေ တဆင့်
လေ့လာ – ထိတွေ့ – လေ့ကျင့် နေချင်တယ်ဆိုရင်
LWSR – Learn With Spring Reader Website ကို
အလည်လာခဲ့ဖို့လည်း ဖိတ်ခေါ်လိုက်ပါတယ် …
နမူနာ အနေနဲ့
မိန်းကလေး တွေ နဲ့ ယောကျာ်းလေးတွေ တွေးပုံ ခေါ်ပုံ ပြုမူပုံတွေ ဘယ်လို ကွာကြတယ် …
ဒါတွေကို နားလည် ၊ ညှိုနှိုင်း ၊ အသုံးချနိုင်ရင်
ဆက်ဆံရေး ဘယ်လို ကောင်းမွန် နိုင်တယ် ဆိုတာတွေကို ဆွေးနွေး ပေးထားတဲ့ …
Men are from Mars , Women are from Venus ( John Gray ) စာအုပ်ကို
Post ၄ ခု စာ အနှစ်ချုပ် စီစဉ်ပေးထားတာလေးကို
LWSR ရဲ့ ဒီလင့် မှာ စမ်း ဖတ်ကြည့်လို့ ရပါတယ် ။
အဲ့ဒီ Website အကြောင်း ၊
ကလစ်လောကနဲ့ ဘယ်လို ချိတ်ဆက်လည်ပတ်သွားမယ် ဆိုတဲ့ အကြောင်းတွေကိုတော့
ဒီလင့် မှာ ဖတ်နိုင်ပါတယ်ဗျာ ။
❗️SR ( Spring Reader ) နဲ့
LWSR ( Learn with Spring Reader ) ဘာကွာလဲ ❗️အကြောင်း ကိုတော့
ဒီလင့် မှာ ဖတ်နိုင်ပါတယ်ဗျာ ။
3 responses to “ထောက်ပို့ငွေ လွှဲတဲ့ အခါ သတိထားစရာ ( ပန်ဆယ်လို )”
Thank you so much.
LikeLike
yes
LikeLike
😁😁😁
LikeLike