ဖက်ဆစ်ဝင်ငွေ ဖြတ်တောက် _ ပြည်သူ့ဘဏ္ဍာတည်ဆောက် ( ကို တေဇာဆန်း )

“ဖက်ဆစ်ဝင်ငွေ ဖြတ်တောက်

ပြည်သူ့ဘဏ္ဍာ တည်ဆောက်”
▬▬▬▬▬▬▬▬▬▬

❐ ဘဏ္ဍာရေးတိုက်ပွဲ (သို့မဟုတ်) အရေးကြီးသော်လည်း အလေးထားမှု အားနည်းနေသေးတဲ့ တိုက်ပွဲ စစ်မျက်နှာစာကြီး

လက်ရှိပြည်သူ့နွေဦးတော်လှန်ရေးကြီးမှာ ပြည်သူတရပ်လုံးဟာ ခုခံတွန်းလှန်စစ်လို့ ဆိုရမယ့် လက်ရုံးရည်နည်း လက်နက်ကိုင်တိုက်ပွဲ (Arm Resistance) နည်းနဲ့ နှလုံးရည်နည်း လူထုတိုက်ပွဲ (Civil Resistance) နည်းဆိုတဲ့ ပင်မတိုက်ပွဲမဏ္ဍိုင်ကြီး (၂) ရပ်လုံးကို စွဲကိုင်ကာ တိုက်ပွဲဝင်နေတာပါ။

ဒီတော်လှန်ရေးကြီးရဲ့ လူထုတိုက်ပွဲလှုပ်ရှားမှုကဏ္ဍထဲမှာ အကျုံးဝင်ပြီး အရေးအလွန်ကြီးတဲ့ တိုက်ပွဲမျက်နှာစာတခု ရှိနေပါတယ်။ ဒါပေမယ့် ဒီတိုက်ပွဲမျက်နှာစာက ပြည်သူအများ အလေးအနက် သိရှိမှုနဲ့ လက်တွေ့ ပူးပေါင်းပါဝင်မှုအပိုင်းမှာ အားနည်း လိုအပ်နေပါသေးတယ်။ ဒါကတော့ “ဘဏ္ဍာရေးနဲ့ စီးပွားရေးတိုက်ပွဲမျက်နှာစာ” (Financial and Economic Warfare) ကြီး ဖြစ်ပါတယ်။

ဖက်ဆစ်အုပ်စုမှာ ငွေကြေးနဲ့ ရုပ်ဝတ္ထုအင်အား ကြီးမားခဲ့ပေမယ့် အခုချိန်မှာ ဒင်းတို့ အကြမ်းဖက်တပ်ကြီး အရှိန်မပျက် အသက်ဆက်၊ လည်ပတ်နိုင်ဖို့ အတော်ကို အခက်အခဲဖြစ်နေပါတယ်။ ကျားကြီးရင် ခြေရာကြီး ဆိုသလို၊ မွေးထားတဲ့ သရဲအတွက် အမဲသား အမြဲကျွေးနိုင်ဖို့ ဒုက္ခဖြစ်နေတဲ့ အောက်လမ်းဆရာလိုပါပဲ။ ဖက်ဆစ်အုပ်စုမှာလည်း သူ့အကြမ်းဖက်တပ်ကြီး အမြဲမပြတ် သက်ဝင်လှုပ်ရှားနိုင်ဖို့ ဘဏ္ဍာငွေကြေးပိုင်း လိုအပ်ချက် ပြဿနာ အကြီးကြီး တက်နေပါတယ်။

နိုင်ငံတကာရဲ့ အရေးယူပိတ်ဆို့မှုတွေကလည်း စစ်အုပ်စုရဲ့ ပြည်ပ ဝင်ငွေရလမ်းနဲ့ ငွေထုတ်ငွေသွင်းစနစ်တွေကို အများကြီး ထိခိုက်နေပါတယ်။ အထူးသဖြင့် အကြမ်းဖက်တပ်အတွက် နိုင်ငံခြားငွေ အဝင်အထွက်လုပ်နေတဲ့ အဓိကဘဏ်ကြီး (၂) ခုလုံးကို မကြာခင်တုန်းက နိုင်ငံတကာကနေ ပိတ်ဆို့အရေးယူလိုက်တာမျိုးကလည်း အထိနာ စေပါတယ်။ တချိန်တည်းမှာ တနိုင်ငံလုံး ဘက်ပေါင်းစုံ ပတ်ပတ်လည်မှာ EROs ၊ PDFs များရဲ့ စစ်ရေးအရ ထိုးနှက်တိုက်ခိုက်ခံနေရတဲ့ အကြမ်းဖက်တပ်အဖို့ စစ်ရေးအသုံးစရိတ် လိုအပ်ချက်က တဟုန်ထိုး မြင့်မားနေပါတယ်။

ဒီလို နောက်ခံအခြေအနေတွေနဲ့ ဟန်ချက်ညီစွာပဲ ပြည်သူလူထုအနေနဲ့ကလည်း အကြမ်းဖက်စစ်အုပ်စုရဲ့ ဝင်ငွေရလမ်းမှန်သမျှကို လူထုနည်းနဲ့ ရိုက်ချိုး ဖြတ်တောက်ကြဖို့ အရေးတကြီး လိုအပ်လာပါပြီ။

တပြိုင်နက်တည်းမှာပဲ NUG အစိုးရရဲ့ NUG Pay အပါအဝင် တော်လှန်ရေးအတွက် လိုအပ်တဲ့ ဘဏ္ဍာရေးစနစ်များဟာ စနစ်တကျ ပေါ်ပေါက်လာပါတယ်။ အခုနောက်ဆုံး နွေဦးဘဏ် (Spring Development Bank) အထိ ပြည်သူ့ဘဏ္ဍာစနစ်ကို ခိုင်မာအားကောင်းအောင် တည်ဆောက်နေတာ တွေ့ရမှာပါ။ ဒီလိုမျိုး ပြည်သူ့ဘဏ္ဍာရေးစနစ်တွေ ခိုင်မာအားကောင်းလာတဲ့နဲ့အမျှ တော်လှန်ရေးအတွက် လိုအပ်နေတဲ့ ရန်ပုံငွေအတွက်လည်း ကျွဲကူးရေပါ ပြေလည်စေမှာ ဖြစ်ပါတယ်။

ဒီတော့ ပြည်သူတွေရဲ့ ဘဏ္ဍာရေးတိုက်ပွဲကနေ ဘာကို ရည်ရွယ်သလဲလို့ဆိုရင် အဓိက အချက် (၂) ချက်လို့ ပြောနိုင်ပါတယ်-

၁။ အကြမ်းဖက်စစ်အုပ်စုရဲ့ ပြည်တွင်း၊ ပြည်ပ ဝင်ငွေ ရပေါက်ရလမ်း အားလုံးကို ဖြတ်တောက်နိုင်ဖို့။ (ဖက်ဆစ်ဝင်ငွေ ဖြတ်တောက်)

၂။ NUG အစိုးရနဲ့တကွ တော်လှန်ရေးအင်အားစုများအတွက် ဘဏ္ဍာရန်ပုံငွေစနစ်တွေကို ခိုင်မာအားကောင်းအောင် တည်ဆောက်နိုင်ဖို့။ (ပြည်သူ့ဘဏ္ဍာ တည်ဆောက်)

လိုရင်းပြောရရင်တော့ ဘဏ္ဍာရေးတိုက်ပွဲဆိုတာ ရန်သူ ဖက်ဆစ်တပ်ရဲ့ ငွေအိတ်ကို “ဟောင်းလောင်း” ဖြစ်အောင် လုပ်ကြဖို့နဲ့ တော်လှန်ရေးအတွက် ငွေအိတ်ကို “ဖောင်း” လာအောင် လုပ်ကြဖို့ပါပဲ။

အကြမ်းဖက် စစ်အုပ်စုဟာ ဝင်ငွေတွေ ဘယ်က ဘယ်လို ရနေသလဲ။

မြန်မာပြည်မှာ အကြမ်းဖက်စစ်တပ်ပိုင် လုပ်ငန်းတွေ အများကြီးရှိနေပါတယ်။ ပင်မခေါင်ချုပ်အနေနဲ့ မြန်မာ့စီးပွားရေးဦးပိုင်လိမိတက် (Myanmar Economic Holding Limited) ၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (Myanmar Economic Corporation) တို့ရှိနေပါတယ်။ ဒါ့အပြင် ဖက်ဆစ်တပ်က အပြည့်အဝ ဒါမှမဟုတ် တစိတ်တပိုင်း ပိုင်ဆိုင်တဲ့ အခြားသော စီးပွားရေးလုပ်ငန်းတွေ၊ သယံဇာတ လုပ်ငန်းတွေ၊ လက်ခွဲလုပ်ငန်းတွေလည်း အများကြီး ရှိပါသေးတယ်။

ဒီတပ်ပိုင်၊ တပ်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေ၊ လူသုံးကုန်စည်တွေ၊ ဝန်ဆောင်မှုလုပ်ငန်းတွေကို ပြည်သူတရပ်လုံးက လုံးဝ မပတ်သက်ဘူး၊ မဝယ်ယူဘူး၊ အားမပေးဘူး၊ မသုံးစွဲဘူးဆိုပြီး “သပိတ်မှောက်” (Boycott) ကြရမှာ ဖြစ်ပါတယ်။ အခြေအနေပေးတဲ့ ပြည်သူတွေအနေနဲ့ကလည်း အကြမ်းဖက်တပ်ဆီကို ပုံမှန် ပေးရိုးပေးစဉ် အခွန်အခတွေ မပေးဆောင်ကြဖို့ လိုအပ်ပါတယ်။ ဒါကိုပဲ “ဘူး” သပိတ်လို့လည်း ခေါ်ဝေါ်ပါတယ်။ ပြည်သူ့ဆီက ငွေကြေး တပြားတကျပ်မှ အကြမ်းဖက်စစ်အုပ်စုဆီ မရောက်စေဖို့ လိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုအဖို့ နောက်ထပ် ဝင်ငွေရင်းမြစ်ကြီးကတော့ နိုင်ငံတော်ပိုင် စီးပွါးရေးလုပ်ငန်းများကတဆင့် သယံဇာတတွေထုတ်ယူရောင်းစား နေတဲ့ “ပြည်ပ ဝင်ငွေ” ဖြစ်ပါတယ်။ တနှစ်တနှစ်ကို အမေရိကန်ဒေါ်လာသန်းပေါင်း ထောင်နဲ့ချီပြီး ရနေတဲ့ ဒီဝင်ငွေတွေဟာ အခု အကြမ်းဖက်စစ်တပ်ကို အသက်ဆက်ပေးနေတာ၊ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီလို သယံဇာတကနေ ရနေတဲ့ ငွေတွေကို ပြည်သူတွေက “သွေးစွန်းငွေ” (Blood Money) လို့ ခေါ်ကြတာ ဖြစ်ပါတယ်။

စစ်အုပ်စုကို တိုက်ရိုက် ဒေါ်လာငွေ အများဆုံးရှာပေးနေတဲ့ နိုင်ငံပိုင်လုပ်ငန်းတွေထဲက အရေးပါဆုံးသော ဒေါ်လာဝင်ငွေရလမ်းကြီးကတော့ MOGE လို့ ခေါ်ကြတဲ့ “မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း” ပဲဖြစ်ပါတယ်။ ဖက်ဆစ်တပ် သက်ဆိုးရှည်ဖို့ အထောက်အပံ့ပြုနေတဲ့ ဒီလို ဝင်ငွေရေသောက်မြစ်တွေကို နိုင်ငံတကာကနေ ဖြတ်တောက်ပေးဖို့၊ အရေးယူပိတ်ဆို့ (Sanction) လုပ်ပေးဖို့အတွက် မြန်မာပြည်သူတရပ်လုံးက တောင်းဆိုတိုက်ပွဲဝင်ကြဖို့ အရေးတကြီး လိုအပ်နေပါပြီ။

စစ်ရေးအသုံးစရိတ် လိုအပ်ချက် တအားများနေတဲ့ အကြမ်းဖက်စစ်အုပ်စုကို နောက်ထပ် အသက်ဆက်ပေးနေတဲ့ ဝင်ငွေရင်းမြစ်ကြီးတခုကတော့ ပြင်တွင်းက ပုဂ္ဂလိက ဘဏ်တွေပါပဲ။ ကမ္ဘောဇ၊ ရိုးမ၊ ဧရာဝတီ၊ CB ဘဏ်၊ A ဘဏ်၊ UAB ဘဏ် အစရှိတဲ့ ပုဂ္ဂလိကပိုင် ဘဏ်တွေပါ။ ငွေကြေး အကြပ်အတည်းဆိုက်နေတဲ့ ဖက်ဆစ်တပ်ဟာ ငွေတိုက်စာချုပ်/ငွေချေးစာချုပ်ဆိုပြီး စက္ကူစုတ်တွေကို အမြဲတမ်း ထုတ်ရောင်းနေရတာပဲ။ အဲ့ဒီလို ဖက်ဆစ်တပ်က ထုတ်ရောင်းသမျှသော ငွေတိုက်စာချုပ်/ငွေချေးစာချုပ်ဆိုတာတွေကို ထိုင်ခံဝယ်ပေး၊ ငွေချေးပေးနေတာကတော့ ပြည်တွင်းဘဏ်တွေပဲ ဖြစ်ကြပါတယ်။ အခု အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်အုပ်စုဟာ တစ်ဘီလျံကို ကျပ်ငွေ သန်းတစ်ထောင်နဲ့ ညီမျှတဲ့ ငွေဘီလျံပေါင်း နှစ်သောင်းကျော်ဖိုးထိ ငွေတိုက်စာချုပ်တွေ ထုတ်ရောင်းထားပြီးပါပြီ။

ပုဂ္ဂလိကပိုင်ဘဏ်တွေမှာရှိတဲ့ ငွေတွေဆိုတာက တကယ်တော့ အများပြည်သူတွေက ယုံကြည်မှုနဲ့ အပ်နှံထားတဲ့ ငွေတွေပါ။ ဘဏ်ခရိုနီကြီးတွေက ဒီငွေတွေကို သုံးပြီး ဖက်ဆစ်တပ်ကို အသက်ဆက်ပေးနေတာ၊ ပြည်သူကို သတ်တဲ့ လက်နက်ဖိုး၊ ကျည်ဆန်ဖိုး၊ လေယာဉ်ဆီဖိုးတွေ ဖြည့်တင်းပေးနေတာမျိုးက ဘယ်လိုမှ လက်မခံနိုင်တဲ့၊ မဖြစ်သင့် မဖြစ်အပ်နဲ့ ကိစ္စမျိုးပါ။ ပြည်သူအဖို့ “မိအေး နှစ်ခါနာ” ရတဲ့ ကိစ္စကြီးပါ။ ဒါ့ကြောင့် ဒီပုဂ္ဂလိကဘဏ်တွေအရေးကိုလည်း ပြည်သူလူထုအနေနဲ့ လိုအပ်သလို တုံ့ပြန်၊ အရေးယူ၊ ဆောင်ရွက်ကြဖို့ အထူးအရေးကြီးလာပါပြီ။

အခု လူထုက ဆင်နွှဲနေကြတဲ့ ခုခံတွန်းလှန်စစ် စစ်ရေးတိုက်ပွဲ၊ လက်နက်ကိုင်တိုက်ပွဲကဲ့သို့ ဒီဘဏ္ဍာရေးတိုက်ပွဲကလည်းပဲ အင်မတန်မှ အရေးကြီးတဲ့ တိုက်ပွဲမျက်နှာစာကြီးတခု ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ စစ်လေယာဉ်တွေ ဆက်ပြီး မပျံသန်းနိုင်ဖို့၊ လေယာဉ်ဆီတွေ မဝယ်ယူနိုင်ဖို့၊ လက်နက်ကြီးတွေ မဖြည့်ဆည်းနိုင်ဖို့အတွက် ဒင်းတို့ရဲ့ ဝင်ငွေရလမ်းမှန်သမျှကို ပြည်သူ့အားနဲ့ ဖြတ်တောက်နိုင်ကြပါတယ်။

ဒါဟာ ခုခံတွန်းလှန်စစ် ဆင်နွှဲနေကြရတဲ့ EROs ၊ PDF စစ်သည်တော်များအတွက်လည်း အများကြီး အကျိုးရှိစေမှာ ဖြစ်ပါတယ်။ ဘဏ္ဍာရေးတိုက်ပွဲ၊ “ဘူး” သပိတ်တိုက်ပွဲဆိုတာ ပြည်သူတဦးတယောက်မကျန် အန္တရာယ်နည်းပါးစွာနဲ့ ပါဝင်ဆင်နွှဲနိုင်တဲ့ ပြည်သူအားလုံး ပါဝင်နိုင်တဲ့၊ ပါဝင်ဖို့ လိုတဲ့ တိုက်ပွဲမျက်နှာစာတခုပါ။

ဒါ့ကြောင့် အခုချိန်ကစပြီးတော့ “ဘဏ္ဍာရေးနဲ့ စီးပွားရေးတိုက်ပွဲ” အလံတော်ကို အမြင့်မားဆုံး လွှင့်ထူကြပါစို့။ ဖက်ဆစ်တပ်ရဲ့ ဝင်ငွေစီးပွားမှန်သမျှ ပြည်သူ့အားနဲ့ “ဖြတ်တောက်” ရိုက်ချိုးကြပါစို့။ ပြည်သူ့ဘဏ္ဍာစနစ်ကို ခိုင်မာအားကောင်းအောင် “တည်ဆောက်” ပုံဖော်ကြပါစို့။

ဘဏ္ဍာရေးတိုက်ပွဲ၊ ပြည်သူတရပ်လုံး ဆင်နွှဲကြလော့ . . .

financial_warfare

ဖက်ဆစ်ဝင်ငွေဖြတ်တောက်_ပြည်သူ့ဘဏ္ဍာတည်ဆောက်

ဖက်ဆစ်စစ်တပ်_အမြစ်ဖြတ်

အရေးတော်ပုံ အောင်ရမည်။

– ကို တေဇာဆန်း



လိုင်းသုံးနေနိုင်သေးရင် ကလစ်လည်း လုပ်ပေးကြပါ …
ဘာတွေ ဘယ်လို ကလစ်ပေးနေလို့ ရမလဲ သိချင်ရင်
ဒီ လင့် ကို နှိပ်ပြီး လေ့လာနိုင်ပါတယ် ။

တကယ်လို့ တန်းပြီး ကလစ်ပေးချင်ရင်တော့
C2D ရဲ့ Eain Pyan Lann Website ကို ဒီလင့်ကို နှိပ်ပြီး အလွယ်တကူကလစ်ပေးနိုင်ပါတယ် ။

နွေဦးဖတ်စာရဲ့ တွဲဖက် Website တစ်ခု ဖြစ်တဲ့
LWSR – Learn With Spring Reader မှာလည်း
အင်္ဂလိပ်စာ လေ့လာ ထိတွေ့ရင်း ကလစ်ပေးလို့ ရပါတယ် ။

P2D ရဲ့ Nway Oo Videos မှာ ဘောလုံးပွဲတွေ ၊ Highlights တွေ ကြည့်ပြီးလည်း ကလစ်ပေးနိုင်ပါတယ်။




Facebook ပေါ်မှာပါ
တော်လှန်ရေး နဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေ ပိုပြီး လူမြင်များနေစေဖို့ ၊
မူရင်း Facebook Post ကို ပိုပျံ့စေချင်ရင် ဒီလင့် ကို သွားပြီး
R C S ( React , Comment , Share ) လုပ်ပေးသင့်ပါတယ် ။
< လုံခြုံရေး အရ စိတ်ချရအောင် တော်လှန် အကောင့်နဲ့ လုပ်နိုင်ပါတယ် ။ )


နွေဦးဖတ်စာ အတွက် Android App လည်း ထုတ်ထားပါတယ် ။
Playstore ကနေ Download ချမယ်ဆို ဒီလင့် ကို နှိပ်ပြီး ယူနိုင်ပါတယ် ။
Playstore သုံးလို့ မရတဲ့ ဖုန်းတွေဆို ဒီ တယ်လီ လင့် ကနေ ယူနိုင်ပါတယ် ။

iOs App တော့ ထုတ်ဖြစ်ဦးမယ် မထင်ပါ ။
( Website ကိုပဲ Safari Browser ထဲကနေ တဆင့်
Add to Home Screen လုပ်ပြီး အလွယ်တကူ ဝင် ဝင်ဖတ်နိုင်ပါတယ် ။ )


အင်္ဂလိပ် ဘာသာစကားကို စိတ်ဝင်စားစရာ အကြောင်းအရာတွေ ၊
အသိပညာ တိုးတက်စေတဲ့ အကြောင်းအရာတွေ ၊
စာအုပ် အနှစ်ချုပ်တွေ ၊
သီချင်း စာသားတွေထဲ က အသုံးအနှုန်းတွေ ကနေ တဆင့်
လေ့လာ – ထိတွေ့ – လေ့ကျင့် နေချင်တယ်ဆိုရင်
LWSR – Learn With Spring Reader Website ကို
အလည်လာခဲ့ဖို့လည်း ဖိတ်ခေါ်လိုက်ပါတယ် …

နမူနာ အနေနဲ့
မိန်းကလေး တွေ နဲ့ ယောကျာ်းလေးတွေ တွေးပုံ ခေါ်ပုံ ပြုမူပုံတွေ ဘယ်လို ကွာကြတယ် …
ဒါတွေကို နားလည် ၊ ညှိုနှိုင်း ၊ အသုံးချနိုင်ရင်
ဆက်ဆံရေး ဘယ်လို ကောင်းမွန် နိုင်တယ် ဆိုတာတွေကို ဆွေးနွေး ပေးထားတဲ့ …
Men are from Mars , Women are from Venus ( John Gray ) စာအုပ်ကို
Post ၄ ခု စာ အနှစ်ချုပ် စီစဉ်ပေးထားတာလေးကို
LWSR ရဲ့ ဒီလင့် မှာ စမ်း ဖတ်ကြည့်လို့ ရပါတယ် ။

အဲ့ဒီ Website အကြောင်း ၊
ကလစ်လောကနဲ့ ဘယ်လို ချိတ်ဆက်လည်ပတ်သွားမယ် ဆိုတဲ့ အကြောင်းတွေကိုတော့
ဒီလင့် မှာ ဖတ်နိုင်ပါတယ်ဗျာ ။

❗️SR ( Spring Reader ) နဲ့
LWSR ( Learn with Spring Reader ) ဘာကွာလဲ ❗️အကြောင်း ကိုတော့
ဒီလင့် မှာ ဖတ်နိုင်ပါတယ်ဗျာ ။


2 responses to “ဖက်ဆစ်ဝင်ငွေ ဖြတ်တောက် _ ပြည်သူ့ဘဏ္ဍာတည်ဆောက် ( ကို တေဇာဆန်း )”

Leave a reply to win win Cancel reply