
ဘက်ပေါင်းစုံခွက်ခွက်လန်ရှုံးသူတွေက
၂သောင်းတန်တွေ၊ကားဘယ်နှစီးတိုက်
စက္ကူဘယ်လောက်ရိုက်ထုတ်မှန်းပြည်သူတွေမသိ
ဒါ ၈၈ တုန်းက ငွေစက္ကူတွေဖျက်သိမ်း၊
ပြည်သူကို ဓားပြတိုက်တဲ့ပြစ်မှုမျိုး
နောက်တနည်းနဲ့ကျူးလွန်တာပဲ
အေး
၈၈ တုန်းက လက်နက်မဲ့ပြည်သူကတောင်
မဆလ အစိုးရကိုဖြုတ်ချနိုင်ခဲ့သေးတာ
ခုက ဘက်ပေါင်းစုံလက်ထဲရှိလာ
သမိုင်းတလျှောက်အမြင့်ဆုံး
အပြီးသတ်တိုက်ပွဲမှန်းသိ အောင်စိတ်အထွတ်ရောက်နေတဲ့ပြည်သူ့ ရေချိန်
ခုဖက်ဆစ်ကောင်စီလည်း၈၈တုန်းက မဆလလိုဖြစ်ရစေ့မယ်
ဒါဟာ ၃၅ နှစ်တိုင် ကမ္ဘာမကျေဘူးကိုနေ့တိုင်းဆိုခဲ့တဲ့
ပြည်သူတွေရဲ့ဓမ္မတေးပဲ
မင်းကိုနိုင် ( ၈.၈.၂၀၂၃ )
ဘဏ္ဍာရေးစစ်မျက်နှာအတွက် အောက်ပါအတိုင်းပါ
အခု ပြည်တွင်းပြည်ပ ပြည်သူတရပ်လုံး၊ အသက်အရွယ် ကျားမ မရွေး ပါဝင်ဆင်နွှဲကြရမယ့်
“ဘဏ္ဍာရေးနဲ့ စီးပွါးရေးတိုက်ပွဲ” ရဲ့ ဗွေဆော်ဦးခြေလှမ်း လာပါပြီ။
ဒီပထမအဆင့်မှာ ဦးတည်ပြီး ဖြတ်တောက်၊ ရိုက်ချိုးမယ့် စစ်အုပ်စုရဲ့ ဝင်ငွေရင်းမြစ် ကုန်စည်တွေကတော့ “စစ်တပ်ပိုင် အရက်ဘီယာအုပ်စုနဲ့ စီးကရက်” တွေပဲ ဖြစ်ပါတယ်။
ဒီအရက်၊ ဘီယာ၊ စီးကရက်ကနေ ဖက်ဆစ်တပ် ရနေတဲ့ ဝင်ငွေပမာဏက နည်းနည်းနောနော မဟုတ်ပါဘူး။ ကုန်စည်အမျိုးအစားအလိုက်ပြောရရင် ဒီကနေမှ ဖက်ဆစ်တပ် ပုံမှန်ရနေတဲ့ ဝင်ငွေပမာဏက
အများဆုံးထဲမှာ ပါပါတယ်။ ဒီသွေးစွန်းငွေတွေကပဲ ပြည်သူကို သတ်ဖြတ်နေတဲ့ လက်နက်ဖိုး၊ ကျည်ဆန်ဖိုးတွေဖြစ်သွားတာပါ။
ဒါ့ကြောင့် ပြည်သူတရပ်လုံးက ဆန့်ကျင်သပိတ်မှောက်ရမည့် အကြမ်းဖက် စစ်တပ်ပိုင်
အရက်၊ ဘီယာ၊ အချိုရည် တံဆိပ်တွေကို အောက်မှာ ဖော်ပြထားပါတယ်-
၁။ မြန်မာ ဘီယာ (Myanmar Beer)
၂။ အတ်(ထ)မန် တံဆိပ် အရက်၊ ဘီယာ၊ အချိုရည် (Andaman Gold)
၃။ ဒဂုံ တံဆိပ် အရက်၊ ဘီယာ၊ အချိုရည် (Dagon)
၄။ မန္တလေး ဘီယာ၊ ရမ် (Mandalay)
၅။ ဘလက်ရှီး စတောက်ဘီယာ (Black Shield Stout)
၆။ အာမီရမ် (Army Rum)
ဆက်လက်ပြီး ပြည်သူတရပ်လုံးက ဆန့်ကျင်သပိတ်မှောက်ရမည့်
အကြမ်းဖက်စစ်တပ်ပိုင် စီးကရက် တံဆိပ်တွေကိုလည်း ဖော်ပြပါရစေ။
၇။ Red Ruby စီးကရက်
၈။ Premium Gold စီးကရက်
ဒီအုပ်စုမှာ ကုန်စည်တံဆိပ်အမျိုးအစားက သိပ်အများကြီး မရှိပါဘူး။
စုစုပေါင်းမှ (၈) မျိုးတည်းပါ။
စစ်အုပ်စုအတွက် လက်နက်ဖိုး ဖြည့်ပေးနေတဲ့ ဒီကုန်စည်တံဆိပ် (၈) မျိုးနဲ့ပတ်သတ်ပြီး
တိုက်ပွဲဦးတည်ချက်က ဒီလိုပါ-
➤ အချိန် – အခုကနေစပြီး အချိန် (၂) လအတွင်းမှာ
➤ဦးတည်ချက် – ဒီတပ်ပိုင်ကုန်စည်တွေရဲ့ လက်ရှိစုစုပေါင်း ရောင်းအားရဲ့
(၇၀%) အထိ ထိုးကျသွားဖို့ ဦးတည်ပြီး ချကြမယ်ဗျာ။
ပြည်သူလူထုအပေါင်းတို့-
အကြမ်းဖက်စစ်တပ်ရဲ့ ဝင်ငွေရေသောက်မြစ်အားလုံးကို လူထုအားနဲ့ ဖြတ်တောက်ရိုက်ချိုးပစ်မယ့်
“ဘဏ္ဍာရေးနဲ့ စီးပွါးရေးတိုက်ပွဲ” စစ်မျက်နှာစာကြီးကို အမြင့်မားဆုံး ဖော်ဆောင်ဆင်နွှဲကြဖို့ အချိန်ရောက်လာပါပြီ။
ဒီဘဏ္ဍာရေးတိုက်ပွဲရဲ့ အစိတ်အပိုင်းတခုအနေနဲ့ အကြမ်းဖက်စစ်တပ်ပိုင်တဲ့ စီးပွါးရေးလုပ်ငန်းတွေ၊
ကုန်စည်နဲ့ ဝန်ဆောင်မှုတွေကို ပြည်သူလူထုက ပြတ်ပြတ်သားသား ဆန့်ကျင်၊ သပိတ်မှောက်ကြရမှာ ဖြစ်ပါတယ်။ ဖက်ဆစ်တပ်ရဲ့ ဝင်ငွေရင်းမြစ်အားလုံးကို တခုချင်းစီအလိုက် တဆင့်ပြီးတဆင့်
လူထုအားနဲ့ လှဲဖြို၊ ဖြတ်တောက်ကြပါစို့။
ဘဏ္ဍာရေးတိုက်ပွဲ၊ ပြည်သူတရပ်လုံး ဆင်နွှဲကြလော့ . . .
#financial_warfare
#ဖက်ဆစ်ဝင်ငွေဖြတ်တောက်_ပြည်သူ့ဘဏ္ဍာတည်ဆောက်
အရေးတော်ပုံ အောင်ရမည်။
၈.၈.၂၀၂၃
လိုင်းသုံးနေနိုင်သေးရင် ကလစ်လည်း လုပ်ပေးကြပါ …
ဘာတွေ ဘယ်လို ကလစ်ပေးနေလို့ ရမလဲ သိချင်ရင်
ဒီ လင့် ကို နှိပ်ပြီး လေ့လာနိုင်ပါတယ် ။တကယ်လို့ တန်းပြီး ကလစ်ပေးချင်ရင်တော့
C2D ရဲ့ Eain Pyan Lann Website ကို ဒီလင့်ကို နှိပ်ပြီး အလွယ်တကူကလစ်ပေးနိုင်ပါတယ် ။နွေဦးဖတ်စာရဲ့ တွဲဖက် Website တစ်ခု ဖြစ်တဲ့
LWSR – Learn With Spring Reader မှာလည်း
အင်္ဂလိပ်စာ လေ့လာ ထိတွေ့ရင်း ကလစ်ပေးလို့ ရပါတယ် ။P2D ရဲ့ Nway Oo Videos မှာ ဘောလုံးပွဲတွေ ၊ Highlights တွေ ကြည့်ပြီးလည်း ကလစ်ပေးနိုင်ပါတယ်။
Facebook ပေါ်မှာပါ
တော်လှန်ရေး နဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေ ပိုပြီး လူမြင်များနေစေဖို့ ၊
မူရင်း Facebook Post ကို ပိုပျံ့စေချင်ရင် ဒီလင့် ကို သွားပြီး
R C S ( React , Comment , Share ) လုပ်ပေးသင့်ပါတယ် ။
< လုံခြုံရေး အရ စိတ်ချရအောင် တော်လှန် အကောင့်နဲ့ လုပ်နိုင်ပါတယ် ။ )
- A1 Level (0)
- A2 Level (0)
- AI – Artificial Intelligence (0)
- Announcement – ကြေညာချက် (2)
- PVTV (1)
- Authors – စာရေးသူ ၊ ဖန်တီးသူ (84)
- Burmese Alphabet – အွန့်အွန့် (8)
- Knowledge Warriors (3)
- Ko Fury (1)
- KyuLiPaung – ကျူးလိပေါင် (3)
- Linnith – လင်းနစ် (2)
- Min Ko Naing – ကို မင်းကိုနိုင် (7)
- Myoset Min (2)
- Nyarna Bala – ဉာဏ ဗလ (15)
- PaDayTharPin – ကို ပဒေသာ (2)
- Pencillo – ပန်ဆယ်လို (2)
- Phio Thiha – ဒေါက်တာ ဖြိုးသီဟ (17)
- Revo Seafarer – တော်လှန် ရေဘဲ (1)
- Shwe Moe – မရွှေမိုး-ကိုရီးယား (2)
- Soe Min – ဒေါက်တာ စိုးမင်း (4)
- Tay Zar San – ကို တေဇာဆန်း (5)
- Tele Health – တယ်လီ ကျန်းမာ (3)
- Thint Thu – သင့်သူ (2)
- Zenn Kyi – ဇဏ်ခီ (3)
- Zin Zae – ကိုဇင်ဇေ (4)
- B1 Level (0)
- B2 Level (0)
- Biographies (0)
- Book Summaries (3)
- Business (0)
- Business English (0)
- C1 Level (0)
- C2 Level (0)
- Character (0)
- Dialogues (0)
- Did you know? (0)
- Digital Strike – နည်းပညာဖြင့် တော်လှန်ခြင်း (4)
- Emotion (0)
- Entertainment – ရသ (18)
- Funny – ဟာသ (7)
- Poems – ကဗျာ (3)
- Satire – သရော်စာ (4)
- Short Story – ဝတ္ထုတို (1)
- Expressions in Songs (0)
- Finance (5)
- General Knowledge (0)
- Health (0)
- Health and Fitness (0)
- Holiday (0)
- Ideologies (0)
- Idiomatic Expressions (0)
- Food (0)
- Interesting Stories (0)
- Knowledge – သုတ (50)
- Advice – အကြံဉာဏ် (22)
- Experience – အတွေ့အကြုံ (5)
- Fact-checking – သတင်းမှား စိစစ်ခြင်း (1)
- Health – ကျန်းမာရေး (3)
- Interviews – အင်တာဗျူး (2)
- News in Brief – သတင်းတို စုစည်းမှု (3)
- Safety & Security – ဘေးကင်း လုံခြုံရေး (1)
- Thoughts – အတွေးအခေါ် (26)
- Video Recommendations – ဗီဒီယို လမ်းညွှန် ၊ ဗီဒီယို မှတ်စုတို (0)
- Knowledgetainment – ရသ ၊ သုတ အရော (23)
- Learning English – အင်္ဂလိပ် ဘာသာစကား ဆိုင်ရာ (0)
- Learning Strategies (0)
- Movie (0)
- Movie Quotes (0)
- Movie Reviews (0)
- Music (0)
- Music Review (0)
- Music Theory (0)
- news (0)
- Parenting (5)
- personal development (0)
- Politics (0)
- Power (0)
- Procrastination (0)
- Quotes (0)
- Relationship (0)
- Respect (0)
- Sexual Violence (0)
- Shopping (10)
- Social Media (5)
- Songs – သီချင်းများ (1)
- Stories (0)
- Technology (0)
- Travel (5)
- Uncategorized (4)
- Unity (0)
- Vocabulary Enrichment (0)
- War (0)
နွေဦးဖတ်စာ အတွက် Android App လည်း ထုတ်ထားပါတယ် ။
Playstore ကနေ Download ချမယ်ဆို ဒီလင့် ကို နှိပ်ပြီး ယူနိုင်ပါတယ် ။
Playstore သုံးလို့ မရတဲ့ ဖုန်းတွေဆို ဒီ တယ်လီ လင့် ကနေ ယူနိုင်ပါတယ် ။
iOs App တော့ ထုတ်ဖြစ်ဦးမယ် မထင်ပါ ။
( Website ကိုပဲ Safari Browser ထဲကနေ တဆင့်
Add to Home Screen လုပ်ပြီး အလွယ်တကူ ဝင် ဝင်ဖတ်နိုင်ပါတယ် ။ )
2 responses to “ပြည်သူတွေရဲ့ဓမ္မတေး ( မင်းကိုနိုင် )”
Thanks
LikeLike
❤
LikeLike