ခွေးတွေ ခွေးဖြစ်စေဖို့ လမ်းအားလုံး နေပြည်တော်သို့ ( ပန်ဆယ်လို )

ပြီးခဲ့တဲ့နှစ်က ရန်ကုန်ထဲမှာ ဒက်ဒက် ဒက်ဒက်တွေ အဖြစ်များနေတုန်းက
UG မောင်လေး အချို့နဲ့ စကားပြောဖြစ်တယ်။
ဒီလို ခွေးကင်းတွေကို ဝင်ဒက်ဒက်တာက
ပြည်သူတွေအတွက် မိုတီအနေနဲ့ကတော့ အရမ်းကောင်းတယ်။ အက်ရှင်ကား ကြိုက်ကြတဲ့ အချိန်ကိုး။

ဒါပေမယ့် ဒီလို ခွေးကင်းက လေးတန်းမအောင် ကုန်းတံတားနား ကော်ရှူနေရင်း ပေါ်တာမိလို့
စစ်ထဲရောက်လာတဲ့ ကောင်စားမျိုးတွေကို ဝင်ဒက်ဒက်တာက
ခွေးကြီးတွေအတွက် ထမင်းစားတောင် မပျက်ဘူးလို့။
ဒါမျိုးကောင်တွေ ဘယ်နှကောင်ယူမလဲ ပြန်မေးမှာလို့။

ဒီခွေးလောကရဲ့ ဥပဒေသက ရှင်းရှင်းလေးပဲ။
သူတို့ထိုင်ခုံမလှုပ်သရွေ့ အောက်ခြေခွေးတွေ ဘာဖြစ်နေနေ အေးဆေးပဲ။
ဒါကြောင့် ဒီကောင်တွေကို တုန်လှုပ်စေမယ့် ပစ်မှတ်တွေကို Target ထားရမယ်လို့။

ဒါဆိုရင်တော့ နေပြည်တော်ထိ ရောက်မှပဲ ဖြစ်တော့မယ် အမရေတဲ့။ သူပြောတာလည်းမှန်တာကိုး။ နေပြည်တော်ဆိုတာက ခွေးလောကရဲ့ လွတ်မြောက်နယ်မြေ ဖြစ်နေတာကိုး။
မနှစ်က ဒီအချိန်မှာတော့ နေပြည်တော်ထိ ရောက်မှပဲ ဖြစ်တော့မယ်ဆိုတာ ရွဲ့တဲ့တဲ့စကား ဆန်တယ်။ ဖြစ်နိုင်ချေမရှိသေးတဲ့အချိန်ဆိုတော့။

ဒီနှစ် ဒီအချိန်မှာတော့ စစ်ရေးရဲ့ နေရာယူပုံတွေ၊ ဗျူဟာတွေအရ
နေပြည်တော်ထိ ရောက်မှဖြစ်တော့မယ်ဆိုတာ အိပ်မက်မဟုတ်တော့ဘူး။
အသေးစိတ်တော့ မပြောလိုတော့၊ တပ်နေရာချပုံတွေအရ တော်လှန်ရေးဟာ ဘယ်ကိုသွားနေပြီဆိုတာ တော်လှန်ရေးအတွင်းထဲကလူတွေ အသိပဲ။

ကာဝန်ရဲ့ “လမ်းအားလုံး နေပြည်တော်သို့” ဆိုတဲ့ ကြွေးကြော်သံကို
သဒ်ပါတီဆရာကြီးများက တခွီခွီလုပ်နေပေမယ့်
စကစကတော့ နေပြည်တော်အမြန်လမ်းတောင် နှစ်မိုင်တစ်ကင်းချထားရပြီ။

ဆိုတော့ကာ လိုင်းခန်းစောက်စုတ်မှာနေပြီး တပ်ရင်းမှူးကတော် ထမိန်လျှော်နေရတဲ့ လပ်တီးကျွန်ပရီမအဆင့်တွေရဲ့ “လင်မျှော် ပေါ်မလာ၊ မျှော်သာမျှော်သည် ကျွန်မပရီ” ဇာတ်ကားကြီး တစ်နိုင်ငံလုံးမှာ ခြိမ့်ခြိမ့်သဲအပြီးမှာတော့ နေပြည်တော်မှာ ငြိမ့်နေတဲ့
သူခိုးကြီးမယား Branded ရူး စောက်ကြွားထူမတွေကို “ကျွန်မမှာ မုဆိုးမ” ဇာတ်ကား ရိုက်ပေးဖို့
ပြင်ဆင်ရေး အချိန်ကျရောက်လာပြီ အမျိုးတို့။

နေပြည်တော်ကို ဝိုင်းပတ်ဖို့အတွက် အခုပြုလုပ်နေတဲ့ “မမများနဲ့ ပွဲကမယ်” ပရောဂျက်မှာ ပါဝင်ပြီး နေပြည်တော်ပရီမများ အထူးပါဝင်သရုပ်ဆောင်မယ့် “ကျွန်မမှာ မုဆိုးမ” ဇာတ်ကားသစ်ကြီးအတွက် အားခဲကြဦးစို့ရဲ့။

ပရော့ဂျက်အတွက် ပါဝင်ဖို့ အောက်ပါLink ကို နှိပ်ပြီး
သက်ဆိုင်ရာနိုင်ငံ Fundraisers များကနေတဆင့် သွားရောက်ပါဝင်ပေးကြပါ။
👇
http://www.wlmf.org

ကျွန်မက ပရီမတွေအတွက် စေတနာဗရပွနဲ့ ကြေညာပေးရုံပါ။
အလှူငွေမကောက်တာမို့ ကျွန်မချက်ဘောက်ကို မလာဘဲ
သက်ဆိုင်ရာနိုင်ငံအလိုက် Fundraiser တွေဆီ သွားရောက်အားဖြည့်ပေးကြပါလို့။

ခွေးတွေ ခွေးဖြစ်စေဖို့
လမ်းအားလုံး နေပြည်တော်သို့။
💪

– ပန်ဆယ်လို



လိုင်းသုံးနေနိုင်သေးရင် ကလစ်လည်း လုပ်ပေးကြပါ …
ဘာတွေ ဘယ်လို ကလစ်ပေးနေလို့ ရမလဲ သိချင်ရင်
ဒီ လင့် ကို နှိပ်ပြီး လေ့လာနိုင်ပါတယ် ။

တကယ်လို့ တန်းပြီး ကလစ်ပေးချင်ရင်တော့
C2D ရဲ့ Eain Pyan Lann Website ကို ဒီလင့်ကို နှိပ်ပြီး အလွယ်တကူကလစ်ပေးနိုင်ပါတယ် ။

နွေဦးဖတ်စာရဲ့ တွဲဖက် Website တစ်ခု ဖြစ်တဲ့
LWSR – Learn With Spring Reader မှာလည်း
အင်္ဂလိပ်စာ လေ့လာ ထိတွေ့ရင်း ကလစ်ပေးလို့ ရပါတယ် ။

P2D ရဲ့ Nway Oo Videos မှာ ဘောလုံးပွဲတွေ ၊ Highlights တွေ ကြည့်ပြီးလည်း ကလစ်ပေးနိုင်ပါတယ်။



Facebook ပေါ်မှာပါ
တော်လှန်ရေး နဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေ ပိုပြီး လူမြင်များနေစေဖို့ ၊
မူရင်း Facebook Post ကို ပိုပျံ့စေချင်ရင် ဒီလင့် ကို သွားပြီး
R C S ( React , Comment , Share ) လုပ်ပေးသင့်ပါတယ် ။
< လုံခြုံရေး အရ စိတ်ချရအောင် တော်လှန် အကောင့်နဲ့ လုပ်နိုင်ပါတယ် ။ )


နွေဦးဖတ်စာ အတွက် Android App လည်း ထုတ်ထားပါတယ် ။
Playstore ကနေ Download ချမယ်ဆို ဒီလင့် ကို နှိပ်ပြီး ယူနိုင်ပါတယ် ။
Playstore သုံးလို့ မရတဲ့ ဖုန်းတွေဆို ဒီ တယ်လီ လင့် ကနေ ယူနိုင်ပါတယ် ။

iOs App တော့ ထုတ်ဖြစ်ဦးမယ် မထင်ပါ ။
( Website ကိုပဲ Safari Browser ထဲကနေ တဆင့်
Add to Home Screen လုပ်ပြီး အလွယ်တကူ ဝင် ဝင်ဖတ်နိုင်ပါတယ် ။ )


One response to “ခွေးတွေ ခွေးဖြစ်စေဖို့ လမ်းအားလုံး နေပြည်တော်သို့ ( ပန်ဆယ်လို )”

Leave a reply to Myo Htut Cancel reply