Knowledge Warriors Page 👈 မှာ
တော်လှန်ရေးနဲ့သက်ဆိုင်တဲ့ သတင်းတွေ ကို ( မူရင်းလင့်တွေနဲ့တကွ ) အတိုချုံ့ ပြီး
ည ၈ – ၁၀ ဝန်းကျင်မှာ တင်ပေးနေပါတယ် ။
Page link 👉 https://www.facebook.com/knowledgewarriors.mm/

၁။
သြဂုတ်လ ၆ ရက်နေ့ နံနက် ၆ နာရီ ၁၅ မိနစ်မှ စတင်ပြီး ညနေ ၃ နာရီ ဝန်းကျင်အထိ ရှမ်းပြည်နယ်၊ လဲချားမြို့နယ်တွင် စစ်တပ်နှင့် SSPP တို့ဖြစ်ပွားခဲ့သောတိုက်ပွဲအတွင်း စစ်သား ၁၀ ဦးသေဆုံးကာ ၂ ဦး အရှင်ဖမ်းမိထားကြောင်း SSPP က ထုတ်ပြန်ထားသည်။
(KhitThit)
8.8.2023 (Yesterday)
Ref>
https://www.facebook.com/100066528465996/posts/644733171087626/?mibextid=Nif5oz
၂။
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့မှ မကွေးတိုင်း၊ လောင်းရှည်မြို့နယ်ဘက်သို့ ပြန်လည်ဆင်းသွားသော စစ်တပ်စစ်ကြောင်းက လမ်းတလျှောက် စာသင်ကျောင်းများ၊ ဘာသာရေး အဆောက်အအုံများ ပြည်သူပိုင်နေအိမ်များကို ဖျက်ဆီးပြီး ပြည်သူပိုင်ပစ္စည်းများကို ခိုးဆိုး လုယက်သွားကြောင်း CDF – Kanpetlet ခေါ်နူးတပ်ရင်းထံမှ သိရှိရသည်။
(KhitThit)
8.8.2023 (8:15AM)
Ref>
https://www.facebook.com/100066528465996/posts/644756657751944/?mibextid=Nif5oz
၃။
ယမန်နေ့ ဩဂုတ်လ ၇ ရက် နံနက် ၉ နာရီခန့်က စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကျေးနင်းကြီးကျေးရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်စစ်သား ၁၅ ဦးထက် မနည်းသေဆုံးခဲ့ကြောင်း မြန်မာ့တော်ဝင်နဂါးတပ်တော်(M.R.D.A) တပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက
ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
(KhitThit)
8.8.2023 (8:50AM)
Ref>
https://www.facebook.com/100066528465996/posts/644765587751051/?mibextid=Nif5oz
၄။
ပြည်သူကို အကြမ်းဖက်ဖိနှိပ်ဖမ်းဆီးတိုက်ခိုက်သတ်ဖြတ်နေတဲ့ အကြမ်းဖက်စစ်သား အယောက် ၄၀ဦးကို တရက်တာအတွင်း တော်လှန်ရေးတပ်ဖွဲ့တွေက ပြည်သူ့ခုခံတော်လှန်စစ်အရ ရှင်းလင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပြည်ထဲရေးနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ထုတ်ပြန်ပါတယ်။သတင်းအချက်အလက်တွေအရ ဩဂုတ် ၆ ရက်က ဖြစ်ပွားခဲ့တဲ့ ထိတွေ့တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ – ၁၁ဦး အထိ ခုခံတိုက်ခိုက်နိုင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
(Public Voice Television)
8.8.2023 (9:10AM)
Ref>
https://www.facebook.com/100066477263515/posts/632725702286666/?mibextid=Nif5oz
၅။
ပဲခူးတိုင်းအနောက်ခြမ်း၊ နတ္တလင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်အား
မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သာယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၁)၊ တပ်ခွဲ(၄) MRF-Nattlin မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
နတ္တလင်းမြို့နယ် ပဲခူးရိုးမအစပ်ရှိ ကြက်မနက်ကျေးရွာအနောက်ကုန်းဘက်မှ ပျဥ်းမခေါင် ကျေးရွာမြောက်ဘက်သို့ ဇူလိုင် ၄ ရက် နေ့လယ် ၁ နာရီခန့်က အင်အား(၃၀)ကျော်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
(People’s Spring)
8.8.2023 (9:35AM)
Ref>
https://www.facebook.com/100065664033865/posts/627591176106345/?mibextid=Nif5oz
၆။
စစ်အာဏာရှင်တော်လှန်ရေး အတွက် ပြည်သူအားလုံးပါဝင်နေသည့် ယခု နွေဦးတော်လှန်ရေးတွင် ရှစ်လေးလုံး တော်လှန်ရေးစိတ်ဓာတ်ဖြင့်
စစ်အာဏာရှင်အဆုံးသတ်ရေးနှင့် ဖက်ဒရယ်
ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ ချီတက်ကြရန် NUG ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်း ပြောဆိုလိုက်သည်။
(KhitThit)
8.8.2023 (9:50AM)
Ref>
https://www.facebook.com/100066528465996/posts/644795294414747/?mibextid=Nif5oz
၇။
ယနေ့ ဩဂုတ်လ ၈ ရက် နံနက် ၈ နာရီခန့်တွင် စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက် လာသောကြောင့် ကျေးရွာ ၄ ရွာမှ ထောင်နှင့်ချီသော ပြည်သူများမှာ အရေးပေါ် စစ်ဘေးရှောင်နေရကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
(KhitThit)
8.8.2023 (10:15AM)
Ref>
https://www.facebook.com/100066528465996/posts/644818297745780/?mibextid=Nif5oz
၈။
စစ်ကိုင်းတိုင်း ဘုတလင်မြို့မီးသတ်ဦးစီးဌာန
ဦးစီးမှူးအပါအဝင် ဝန်ထမ်း ၁၈ဦးထက်မနည်းကို မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)က ဖမ်းဆီးထိန်းသိမ်းလိုက်သည်။ ဘုတလင်မြို့မီးသတ်ဦးစီးဌာနရုံးကို ယမန်နေ့(ဩဂုတ် ၇ရက်)ညနေ ၃နာရီ ၁၅မိနစ်ခန့်တွင် မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်ပြီး Non CDM ဝန်ထမ်းများနှင့်မိသားစုဝင် ၁၈ ဦးကို ဖမ်းဆီးထိန်းသိမ်းလိုက်ခြင်းဟု သတင်းရရှိသည်။
(People’s Spring)
8.8.2023 (10:50AM)
Ref>
https://www.facebook.com/100065664033865/posts/627664886098974/?mibextid=Nif5oz
၉။
ဩဂုတ်လ ၄ ရက်နေ့က မန္တလေးတိုင်း၊
သပိတ်ကျင်းမြို့နယ်၊ ကျောက်အိုက်ရွာသား ၆ ဦးကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီးပစ်သတ်ပြီး PDF ယူနီဖောင်းများဝတ်ဆင်ပေးကာ ဝါဒဖြန့်ခဲ့ကြောင်း သပိတ်ကျင်းမြို့နယ် ပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့
ပြောကြားသည်။
(KhitThit)
8.8.2023 (11:10AM)
Ref>
https://www.facebook.com/100066528465996/posts/644853821075561/?mibextid=Nif5oz
၁၀။
ဩဂုတ်လ ၅ ရက် ညနေ ၃ နာရီခန့်က စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံရွာမှ
ပျူစောထီးများကို မိုင်းဆွဲပြီး ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပျူစောထီး ၂ ဦးဒဏ်ရာရရှိပြီး
တစ်ဦးသေဆုံးနိုင်ကြောင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
(KhitThit)
8.8.2023 (11:35AM)
Ref>
https://fb.watch/mhUtnNk9xw/?mibextid=Nif5oz
၁၁။
ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲက
တာမခန် ဆယ်ဇင်းလမ်းပေါ်က ကသိုဏ်းတောင် စစ်ကောင်စီတပ်စခန်းကို KIA ပူးပေါင်းတပ်ဖွဲ့တွေက ဩဂုတ် ၇ ရက်နေ့ မနက်က တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီဘက်က အယောက်
၂၀ သေဆုံးပြီး ပူးပေါင်းတပ်ဘက်က ၁ ဦး
ကျဆုံးခဲ့တယ်လို့ တော်လှန်ရေးနဲ့ နီးစပ်သူတွေက
ပြောပါတယ်။
(DVB)
8.8.2023 (11:50AM)
Ref>
https://www.facebook.com/100064451569209/posts/676163514542028/?mibextid=Nif5oz
၁၂။
သြဂုတ်လ ၇ ရက်နေ့ နံနက် ၈ နာရီ ၄၃ မိနစ်ခန့်တွင် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာနှင့် ပျူစောထီး စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲပြီး မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅ ဦးသေဆုံးခဲ့ကြောင်း ဗိုလ်ကျားရိုင်း – ရွှေဘို LPDF အဖွဲ့မှ တာဝန်ရှိသူ
တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြော။
(Khit Thit)
8.8.2023 (12:15PM)
Ref>
https://www.facebook.com/100066528465996/posts/644888461072097/?mibextid=Nif5oz
၁၃။
ယမန်နေ့ ဩဂုတ်လ ၇ ရက် ညနေ ၄ နာရီ မိနစ်
၄၀ ခန့်ကပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာတွင် CDM သူနာပြု ဆရာမ မမေဇွန်မိုးနှင့် PDF နှစ်ဦးကိုသတ်ဖြတ်ရာ၌ စစ်တပ်နှင့်အတူ ဦးဆောင်ပါဝင်ခဲ့သည့် ရာအိမ်မှူးဂျော့(စ်)ကို ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွားပြီး အလောင်းလာကောက်သည့် ရဲကားကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ရဲ ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့
ပြောကြားသည်။
(KhitThit)
8.8.2023 (12:50PM)
Ref>
https://www.facebook.com/100066528465996/posts/644908284403448/?mibextid=Nif5oz
၁၄။
ယနေ့ ဩဂုတ်လ ၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅ မိနစ်ခန့်တွင် မကွေးတိုင်း၊ နတ်မောက်မြို့အဝင်ရှိ အကြမ်းဖက်စစ်တပ်စစ်ဆေးရေးဂိတ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း OPRF – အဖိနှိပ်ခံပြည်သူ့ တော်လှန်ရေး အင်အားစုမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
(KhitThit)
8.8.2023 (1:15PM)
Ref>
https://www.facebook.com/100066528465996/posts/644925874401689/?mibextid=Nif5oz
၁၅။
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိမ်းမကားကျေးရွာရဲစခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဩဂုတ် ၇ ရက် မနေ့ညပိုင်းမှာ ဒေသခံကာကွယ်ရေးတပ်တွေဘက်က လက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့
Bo Tiger – ဗိုလ်ကျားကြီး အဖွဲ့ဆီက သိရပါတယ်။
(မြေလတ်အသံ)
8.8.2023 (1:55PM)
Ref>
https://www.facebook.com/100064688198788/posts/676047581228176/?mibextid=Nif5oz
၁၆။
ယနေ့ ဩဂုတ်လ ၈ ရက် နံနက် ၇ နာရီခွဲခန့်က တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့ပေါ်တွင် “၈၈၈၈” အရေးတော်ပုံ ၃၅ နှစ် ပြည့်
အထိမ်းအမှတ်အဖြစ် ကင်းလှည့် စစ်ကား ၂ စီးကို
မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Dawei Defense Team- DDT တပ် ဖွဲ့ထံမှ သိရသည်။
(KhitThit)
8.8.2023 (2:10PM)
Ref>
https://www.facebook.com/100066528465996/posts/644946391066304/?mibextid=Nif5oz
၁၇။
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၅)နယ်မြေအတွင်းရှိ စစ်ကောင်စီ၏ ဌာနဆိုင်ရာ ဝန်ထမ်းများကို မထွက်သွားပါက အမိန့်ဆန့်ကျင်သူများအဖြစ် ယခင်ကထက် ထိရောက်သည့် အရေးယူမှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဟု တပ်မဟာ(၅)က ယနေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၈) ရက်နေ့တွင် ထုတ်ပြန်သတိပေးထားသည်။
(Tachileik News Agency)
8.8.2023 (2:25PM)
Ref> https://www.facebook.com/100064899781683/posts/678611110978876/?mibextid=Nif5oz
၁၈။
၃၅ နှစ်မြောက် “၈၈၈၈” လူထုအရေးတော်ပုံ အထိမ်းအမှတ်နေ့မှာ မြန်မာပြည်သူတွေနဲ့အတူဆက်လက်ရပ်တည်သွားမယ်လို့ အမေရိကန်သံရုံးနဲ့ ဗြိတိသျှသံရုံးတို့က ထုတ်ပြန်ပါတယ်။
ဒီမိုကရေစီရရှိရေးအတွက် ဆယ်စုနှစ်ချီကာ ကြိုးပမ်းနေတဲ့ မြန်မာပြည်သူလူထုရဲ့ စိတ်ဓာတ်နဲ့ ရဲရင့်မှုများကို လေးစားဂုဏ်ယူပြီး ဒီမိုကရေစီရရှိရေးအတွက် တိုက်ပွဲဝင်နေသည့် မြန်မာပြည်သူနှင့်အတူ ဆက်လက်ရပ်တည်သွားမယ်လို့ အမေရိကန်သံရုံးနှင့် ဗြိတိသျှသံရုံးတို့က ထုတ်ပြန်လာတာပါ။
(PVTV)
8.8.2023 (2:50PM)
Ref> https://m.facebook.com/story.php?story_fbid=632934145599155&id=100066477263515&mibextid=Nif5oz
၁၉။
ခေတ်အဆက်ဆက်ဆင်နွှဲနေခဲ့ကြတဲ့ ခေတ်ပြောင်း၊ စနစ်ပြောင်း လူထုတော်လှန်ရေးကြီးကို နွေဦးတော်လှန်ရေးနဲ့ အပြီးသတ်အောင်မြင်စေမယ်လို့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီက ကတိပေးပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်
အမြန်ဆုံးတည်ဆောက်နိုင်ရေးအတွက် အတူတကွပူးပေါင်း တိုက်ပွဲဝင်သွားကြဖို့ CRPH က ထပ်ပြီး တိုက်တွန်းလိုက်ပါတယ်။
(DVB)
8.8.2023 (3:15PM)
Ref> https://m.facebook.com/story.php?story_fbid=676283154530064&id=100064451569209&mibextid=Nif5oz
၂၀။
သေဒဏ်ချမှတ်ခံခဲ့ရတဲ့ ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ယောက်ကို စစ်ကောင်စီက တသက်တကျွန်းပြစ်ဒဏ် ပြောင်းလဲချမှတ်ခဲ့တယ်လို့ ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂကနေ သိရပါတယ်။
လက်ရှိမှာတော့ သာယာဝတီအကျဉ်းထောင်မှာ
ရှိနေတဲ့ ကိုခန့်ဇင်ဝင်း၊ ကိုခန့်လင်းမောင်မောင်၊
ကိုဇော်လင်းနိုင်နဲ့ ကိုသက်ပိုင်ဦးတို့ရဲ့ ပြစ်ဒဏ်ပြောင်းလဲတာက လွဲပြီး လက်ရှိအခြေအနေ၊ ဘာသတင်းမှမကြားသိရသေးပါဘူး။
(DVB)
8.8.2023 (3:55PM)
Ref> https://m.facebook.com/story.php?story_fbid=676258197865893&id=100064451569209&mibextid=Nif5oz
၂၁။
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ သံတောင်မြို့ ၁၃ မိုင်တွင် စစ်ကောင်စီတပ်က တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ နေအိမ်များအား အကြောင်းမဲ့မီးရှို့ဖျက်ဆီးနေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ ထံက သိရသည်။
(Mizzima)
8.8.2023 (4:10PM)
Ref> https://m.facebook.com/story.php?story_fbid=620409873566608&id=100067928020493&mibextid=Nif5oz
၂၂။
စစ်ကောင်စီ၏ ဩဂုတ်၁ရက်နေ့ လွတ်ငြိမ်းခွင့်ထဲတွင် နိုင်ငံရေးအကျဉ်းသား၂၁၇ဦးသာ ပါဝင်ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ အတည်ပြုထုတ်ပြန်ချက်အရ သိ ရသည်။ ယင်း ၂၁၇ဦးအနက် ၉၂ဦးကိုသာ အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ကြောင်း ဩဂုတ်၄ရက်ညနေပိုင်းက ထုတ်ပြန်ခဲ့ပြီး နောက်ရက်များ၌ အတည်ပြုစာရင်းအား ထပ်မံထုတ်ပြန်ခြင်းမရှိတော့ပေ။
(Myanmar Pressphoto Agency)
8.8.2023 (4:50PM)
Ref>
https://www.facebook.com/100044381921069/posts/846351170187606/?mibextid=Nif5oz
၂၃။
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကသိုဏ်းတောင် စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်ဖွဲ့က ယမန်နေ့နံနက်အစောပိုင်း၌ တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်က ယနေ့ လေကြောင်းမှ တုံ့ပြန်တိုက်ခိုက်ခဲ့သည်ဟု ကချင်ဒေသ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ ယနေ့(ဩဂုတ် ၈ရက်) နေ့လယ် ၃နာရီ ၄မိနစ်အချိန်တွင် လေကြောင်း တိုက်ခိုက်လာခြင်းဖြစ်ပြီး KIA၊PDF ပူးပေါင်းတပ်ဘက်က ထိခိုက်မှုမရှိဟု သတင်းရင်းမြစ်က ပြောသည်။
(People’s Spring)
8.8.2023 (5:15PM)
Ref> https://www.facebook.com/100065664033865/posts/627776022754527/?mibextid=Nif5oz
၂၄။
ပဲခူးတိုင်း၊ သာယာဝတီအကျဥ်းထောင်တွင်
ထောင်ဝင်စာ ပါဆယ်ပို့ခြင်းကို ပိတ်ပင်ကန့်သတ်လိုက်သဖြင့်နိုင်ငံရေးအကျဥ်းသားများ၏ မိသားစုဝင်များ အခက်တွေ့နေကြောင်း မိသားစုဝင်အချို့က ပြောသည်။ ပြီးခဲ့သည့် သြဂုတ် ၄ ရက်မှ စ၍ ထောင်ဝင်စာအစားအသောက်ပေးပို့မှုကို လျှော့ချကန့်သတ်လိုက်ပြီး ယခင်က ရပ်ဝေးမှ Royal Express ဖြင့် ပေးပို့ခွင့်ပြုထားမှုကိုလည်း ပိတ်ပင်တားမြစ်လိုက်ကြောင်း သာယာဝတီထောင်တွင်
မတရားဖမ်းဆီးချုပ်နှောင်ခံထားရသည့် နိုင်ငံရေးအကျဥ်းသားတစ်ဦး၏ မိသားစုဝင်က ပြောသည်။
(People’s Spring)
8.8.2023 (5:30PM)
Ref> https://m.facebook.com/story.php?story_fbid=627756276089835&id=100065664033865&mibextid=Nif5oz
၂၅။
မကွေးတိုင်း၊ပုလဲမြို့နယ်၊ကျေးနင်းကြီးရွာကို
စစ်ကောင်စီတပ်က သြဂုတ် ၇ ရက်နေ့မနက်ပိုင်းမှာ စစ်ရဟတ်ယာဥ်နဲ့လေကြောင်းကနေပစ်ခတ်ခဲ့တဲ့အတွက် အရပ်သားပြည်သူထိခိုက်သေဆုံးမူတွေရှိတယ်လို့ဒေသခံတွေဆီကသိရပါတယ်။
(မျက်မှောက်ခေတ်)
8.8.2023 (5:55PM)
Ref> https://www.facebook.com/100063849292474/posts/717093363762300/?mibextid=Nif5oz
၂၆။
အညာဒေသ မဟာဗျူဟာကြီးကြပ်ရေးအဖွဲ့ (ARSC) ကို တော်လှန်ရေးတပ်ဖွဲ့ပေါင်း ၉၀ ကျော်နဲ့ ဖွဲ့စည်းလိုက်တယ်လို့ သြဂုတ် ၈ ရက်မှာ ARSC က ထုတ်ပြန်လိုက်ပါတယ်။ ARSC ဟာ NUG ရဲ့ ဦးဆောင်မှုအောက်မှာ ရပ်တည်သွားမှာဖြစ်ပြီး ဒေသတွင်း လက်နက်ကိုင်အင်အားစု၊ နိုင်ငံရေးအင်အားစုတွေစုစည်းပြီး ဗျူဟာမြောက် နိုင်ငံရေးလှုပ်ရှားမှု၊စစ်ရေးလှုပ်ရှားမှုတွေကို အကောင် အထည်ဖော်သွားမယ်လို့ ဖော်ပြထားပါတယ်။
(DVB)
8.8.2023 (6:10PM)
Ref> https://www.facebook.com/100064451569209/posts/676300864528293/?mibextid=Nif5oz
၂၇။
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်းရှိ ရွာသုံးရွာတွင် မိုးအဆက်မပြတ်ရွာသွန်းနေခြင်းကြောင့် ရေတွင်းများပင်ရေမြုပ်နေကြောင်းသိရသည်။
ကျောင်းကုန်းရွာ၊နောင်ပလိန်ရွာနှင့် ရွာသစ်ရွာတို့တွင် ရေကြီးနေသည်မှာ တပတ်ခန့်ရှိပြီဖြစ်ပြီး
မိုးအဆက်မပြတ်ရွာသွန်းနေသေးသည့်အတွက်
ရေမကျသေးဘဲဖြစ်နေကြောင်း နောင်ပလိန်ရွာသားတစ်ဦးကပြောသည်။
(Myanmar Pressphoto Agency)
8.8.2023 (6:30PM)
Ref> https://www.facebook.com/100044381921069/posts/846373636852026/?mibextid=Nif5oz
၂၈။
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အနောက်ခြမ်းသို့
စစ်ကောင်စီ စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် ကျေးရွာ ၂၁ ရွာခန့်မှ ဒေသခံ ၈,၀၀၀ ကျော် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။
(The Irrawaddy)
8.8.2023 (6:55PM)
Ref> https://www.facebook.com/100064895881172/posts/679343524238838/?mibextid=Nif5oz
၂၉။
လက်နက်ကိုင်တော်လှန်ရေးကို ဒေါ်အောင်ဆန်း
စုကြည် မဆန့်ကျင်ခဲ့ဟု PNFC ဥက္ကဋ္ဌပြော။
(DVB)
8.8.2023 (7:15PM)
Ref> https://www.facebook.com/100064451569209/posts/676331407858572/?mibextid=Nif5oz
၃၀။
မကွေးတိုင်း မြိုင်မြို့နယ်၊ကန်နီရွာမှာတပ်စွဲနေတဲ့ စစ်အုပ်စုကို ဩဂုတ် ၂ ရက်ကနေ ၈ ရက်အထိ
ဒရုန်းအသုံးပြုဗုံးသီးကြဲချခဲ့ပြီး လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မြိုင်မြို့နယ် ပကဖဆီက
သိရပါတယ်။ ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တာမှာ စစ်ကောင်စီဘက်က ၇ ဦး ဒဏ်ရာရပြီး သေဆုံးမှုကိုတော့ သတင်းရယူဖို့ အခက်အခဲရှိတာကြောင့် သေဆုံးဦးရေ အတိအကျမပြောနိုင်သေးဘူးလို့
ဆိုပါတယ်။
(မြေလတ်အသံ)
8.8.2023 (7:50PM)
Ref> https://fb.watch/mh_HvVyR-3/?mibextid=Nif5oz
••••••
👉 Knowledge Warriors Page 👈 မှာ
တော်လှန်ရေးနဲ့သက်ဆိုင်တဲ့ သတင်းတွေ ကို ( မူရင်းလင့်တွေနဲ့တကွ ) အတိုချုံ့ ပြီး
ည ၈ – ၁၀ ဝန်းကျင်မှာ တင်ပေးနေပါတယ် ။
Page link 👉 https://www.facebook.com/knowledgewarriors.mm/
လိုင်းသုံးနေနိုင်သေးရင် ကလစ်လည်း လုပ်ပေးကြပါ …
ဘာတွေ ဘယ်လို ကလစ်ပေးနေလို့ ရမလဲ သိချင်ရင်
ဒီ လင့် ကို နှိပ်ပြီး လေ့လာနိုင်ပါတယ် ။တကယ်လို့ တန်းပြီး ကလစ်ပေးချင်ရင်တော့
C2D ရဲ့ Eain Pyan Lann Website ကို ဒီလင့်ကို နှိပ်ပြီး အလွယ်တကူကလစ်ပေးနိုင်ပါတယ် ။နွေဦးဖတ်စာရဲ့ တွဲဖက် Website တစ်ခု ဖြစ်တဲ့
LWSR – Learn With Spring Reader မှာလည်း
အင်္ဂလိပ်စာ လေ့လာ ထိတွေ့ရင်း ကလစ်ပေးလို့ ရပါတယ် ။P2D ရဲ့ Nway Oo Videos မှာ ဘောလုံးပွဲတွေ ၊ Highlights တွေ ကြည့်ပြီးလည်း ကလစ်ပေးနိုင်ပါတယ်။
-
“ကံမကောင်းတဲ့ မျိုးဆက်တွေ” ( ဒေါက်တာ ဖြိုးသီဟ )
(စာရှည်ပါမယ်။ ဖြည်းဖြည်းဖတ်ပါ။) ◾️The Outliers ဆိုတဲ့ စာအုပ်ရှိပါတယ်။ လူတွေရဲ့ အောင်မြင်မှုမှာ သူတစ်ယောက်တည်းရဲ့ ကြိုးစားအားထုတ်မှုအပြင် ပတ်ဝန်းကျင်ရဲ့ အထောက်အပံ့တွေပါ လိုအပ်တဲ့အကြောင်း ရေးထားတာ။ အတော်လေး စိတ်ဝင်စားစရာ ကောင်းပြီး တွေးစရာ၊ ငြင်းစရာတွေလည်း များတဲ့ စာအုပ်ပေါ့။ အဲဒီထဲက အချက်အလက်တချို့ကို ပြောပြချင်ပါတယ်။ ◾️သူ့စာအုပ်ထွက်တဲ့ ၂၀၀၈ ခုနှစ်ထိ သမိုင်းတလျှောက် အချမ်းသာဆုံးစာရင်းဝင်ခဲ့တဲ့ သူဌေး ၇၅ ယောက်ကို စာရင်းလုပ်လိုက်ပါတယ်။ တစ်ခေတ်တစ်ယောက်လောက် ပေါ်ထွက်လာတာ များပြီး ထူးခြားချက်က ဘာလဲဆိုတော့ အဲဒီစာရင်းထဲ ပါတဲ့ အမေရိကန်သူဌေး ၁၄ ယောက်ဟာ ၁၈၃၁ ကနေ ၁၈၄၀ ထိ ဆယ်နှစ်အတွင်းမှာ မွေးဖွားခဲ့သူတွေ ဖြစ်နေတာပါပဲ။ အမေရိကန်ရဲ့ သမိုင်းကို ကြည့်တော့ ၁၈၆၀-၇၀ ကာလတွေမှာ…
-
ကလစ်အကြောင်းသိကောင်းစရာ – ကိုဇင်ဇေ
ကလစ်အကြောင်းသိကောင်းစရာ ( သူများတွေကို စည်းရုံး ၊ ပြန်သင်ပေးချင်သူတွေ အတွက်အကိုးအကားလေး တစ်ခု ရစေချင်လို့ တင်ပေးတာပါ ။ ) 📌 ( ၁ )ပထမဆုံး အဆင့်က ကလစ် ဖြစ်ဖို့ဗျ … အလွယ်ဆုံး တစ်နည်းနည်းသာ အရင် သင်ပေးလိုက် ။ Website ကြည့်တာ ၊ ယူကျု ကြည့်တာဆို တအားလွယ်တာပဲဟာ ။ Apps တွေ Games တွေမှာလည်း ကလစ်ရ လွယ်တာတွေ ရှိပါ့ ။ အဲ့ဒါတွေကို အများကြီး ပြုံ မိတ်ဆက်မပေးသေးပဲတစ်ခု လောက်ပဲ သေချာ မိတ်ဆက်ပေး – သင်ပေးလိုက်ပါ ။ အဲ့နည်းကနေ ဝင်ငွေတွေ ဘယ်လိုရပြီးဘယ်လောက်တောင် လှုပြီးသွားပြီဆိုတာသက်ဆိုင်ရာ Page…
-
Lesson 23 – Tender Loving Care: Nurturing Bonds”
Lesson 23 – Tender Loving Care: Nurturing Bonds” Welcome back to our heartwarming parenting-inspired English lesson! Today, we’re immersing ourselves in the concept of “Tender Loving Care,” an essential aspect of parenting that encompasses unconditional love, affection, and devoted attention. Parenting is a beautiful journey that thrives on the foundation of strong parent-child bonds built…
-
Lesson 22 – “Growing Pains”
Lesson 22 – “Growing Pains” Welcome back to our insightful English lesson! Today, we’re delving into the complexities of parenting with the expression “Growing Pains.” Parenthood is a journey of growth, not just for children but also for parents. “Growing Pains” symbolize the challenges and adjustments experienced by both parents and children during various stages…
-
Lesson 21 – Embracing Idiomatic Expressions in Parenting: “Labor of Love”
Lesson 21 – Embracing Idiomatic Expressions in Parenting: “Labor of Love” Welcome to our heartwarming parenting-inspired English lesson! Today, we’re delving into the world of idiomatic expressions with a focus on parenthood. Parenting is often described as a “Labor of Love,” a beautiful phrase that captures the unconditional dedication, sacrifices, and profound affection parents pour…
-
မဲတူးနေတဲ့ ဆင်ဖြူတော် ( ကျူးလိပေါင် )
~ ဇော့်ရဲ့ရှေ့မှာ မြင်နေရတာ ~ မဲ .. တဲ့အရာလေးတစ်ခုကို ~ လှိုင်ကတော့ ဖြူတယ်ဆိုရင် ~ ဖြူလိုက်မယ် လှိုင့်အကြိုက်လိုက်ကာ ~ လှိုင့်ဘောပဲပေါ့ .. လှိုင်ရယ် လှိုင်ရယ် ~ မဲ့ရွဲ့ပြီး သီချင်းစာသားကို ညည်းလိုက်မိတယ်။သူကလည်း တင်ခတုပ္ပတ္တိဉာဏ် ရွှင်တယ်လို့ တပ်ထဲမှာ နာမည်ကျော်သူ။သူ့လောက်တောင် မဖြူ၊ မဲတူးနေတဲ့ ဆင်အလေအပေကို “ရဌနန္ဒ” ဆိုလား ဘွဲ့ပေးပြီးဆင်ဖြူတော်လို့ လိမ်ပြီး ဦးတော်လုပ်ခိုင်းတာကို သူမကြည်။ဆင်ကြည့်တော့ ကျွန်စုပ်တဲ့ သရက်စေ့လောက်တောင် မပြောင်ယောင်ဘူး။သူ့လောက် ဗလောင်းဗလဲ ပြောတတ်တဲ့ ကောင်တောင် ဒီဆင်အမဲကြီးကို ဆင်ဖြူလို့ ပြောမထွက်။ ဇော်မဲလုံးဆိုတာ အချာဘင်မဟုတ်။ ရင်ခွင်မှီ အရပ်ရှိတဲ့ မိန်းမကို ရထားတာ။ရင်ခွင်မှီဆိုတာ မဲလုံးက မှီရတာ။ဒေါင်ဟက်ဟက် မိန်းမကြီးကို ရထားတော့ မဲလုံးရဲ့…
-
Lesson 20 – “Golden Arches Excitement”
Lesson 20 – “Golden Arches Excitement” Welcome back to our delectable culinary-inspired English lesson! Today, we’re revisiting the world of McDonald’s with a new expression: “Golden Arches Excitement.” Step into the realm of those enthralled by the iconic golden arches, where the anticipation of a delightful McDonald’s experience brings unparalleled excitement. Join us as we…