ဒေါ်လာ သန်း ၄၀ တန် ယတြာ၏ နိဂုံး ကဏ္ဍ ( ကျူးလိပေါင် )

သင်္ခေပ နုမောဒနာတရားတော်မြတ်ဟူသည်ကား –

(၁) မကောင်းတဲ့အလုပ်ကို မလုပ်ပါနဲ့။ Not to do any sin or any evil.

(၂) ကောင်းတဲ့အလုပ်ကိုလုပ်ပါ။ To do good.

(၃) မိမိရဲ့စိတ်ကိုဖြူစင်အောင်ထားပါ။ To purify one mind.

လက်သုံးချောင်းဆရာတော် လို့ နာမည်ကြီးသွားတဲ့ “ကျောက်မဲဆရာတော်” ရဲ့ တရား။ ဖျာတန်းကို မီးဟုန်းဟုန်း ထစေသော တရား။ “ကုသိုလ်တော် ဘုရား” ကို ပုံတူကူးချပြီး “အကုသိုလ် ဘုရား” တည်လိုက်တဲ့ “အဆစ်တို” လက်အုပ်မချီနိုင်၊ သာဓုမခေါ်နိုင်ပဲ ကြက်လည်လိမ်သလို ဖြစ်သွားစေတဲ့ တရား။ 

အဆစ်တို ရဲ့ ဘုရားက ထူးခြားတယ်။ နိုင်ငံသားတွေ ကိုယ်တိုင်တောင် ဝင်ကြေးပေးပြီးမှ ဝင်ခွင့်ရမှာမို့ မြန်မာ့သမိုင်းမှာသာမက ကမ္ဘာ့သမိုင်းမှာပါ ပထမဆုံး ဘုရားလို့တောင် ပြောလို့ရတယ်။ မြေသေချာမညှိ၊ Surveyor မသုံးပဲ ဒေသခံ ပန်းရံခေါင်းကို ပုတ်ပြတ်ပေးပြီး တည်တဲ့ ဘုရားမို့ ပနှက်က တွန့်လိမ်နေတာလည်း ဒီခေတ်ကြီးမှာ ထူးခြားချက်။ ပုဂံခေတ်က အနော်ရထာမပြောနဲ့ ဒွတ်တဘောင်တို့ ကံရာဇာကြီး၊ ကံရာဇာငယ် တို့တောင် ဝေါင်းသွားနိုင်တယ်။

သူ့ဘုရားပြီးမှ နိုင်ငံအနှံ့မှာ ရေကြီးတာ၊ ထိုင်းနဲ့ ကုန်သွယ်ရေး လမ်းကြောင်း ပြတ်ထွက်သွားတာ၊ မြောက်ပိုင်းမှာ တရက်တည်း စခန်း ၃ ခုကျတာတွေက တိုက်ဆိုင်မှုမဟုတ်။ အတွင်းသတင်း အရ အဆစ်တိုကို မကြိုက်တဲ့ တပ်ထဲက လူတွေက “ပဌာန်းမိုးကြိုးစက်သွား” ပူဇော်နေကြတယ်။ အကျဉ်းချုပ်ပြောရရင် မိုးကြိုးစက်သွားအင်းကို ပဌာန်း (အနုလုံ ပဋိလုံ) ပူဇော်တာပါပဲ။ ဒီနည်းစံနစ်က ဓာတ်သိမ်း၊ ဟိတ်သိမ်းတဲ့ နေရာမှာသာ အသုံးဝင်တာမဟုတ်။ လူယုတ်မာတွေရဲ့ ကောင်းကံကိုလည်း သိမ်းပစ်နိုင်တယ်။ ပိုပြီး အစွမ်းထက်ချင်ရင် အဆစ်တို တည်ထားတဲ့ ဘုရားရှေ့မှာ ပူဇော်ရင် အဆစ်တိုရဲ့ ကောင်းကံတွေကို သိမ်းပစ်နိုင်တယ်။ ဒါ့အပြင် ကောင်းကံတွေကို ပြန်ခေါ်လို့ မရအောင် စကြဝဠာ့ အပြင်ဖက်အထိ လွှင့်ပစ် အဆုံးသတ်နိုင်တဲ့ နည်းလို့ ဆိုနိုင်တယ်။

ဒီနည်းစံနစ်ကို တပ်တွင်းက ဖရဲသီးရော/ စိမ်းပိန်း တွေရော တွင်တွင်သုံးနေလို့ အဆစ်တိုရဲ့ ကောင်းကံတွေ ပါးလျားလာရတယ်လို့လည်း ဆိုတယ်။ လင်တွေ‌ ရှေ့တန်းထွက်ရင် တပ်ထဲမှာ ပဌာန်းရွတ်နေကျမို့ အဆစ်တိုတို့ မရိပ်မိနိုင်။ ခုဆို ဝါလည်းဝင်ပြီမို့ တပ်တိုင်းမှာ ပဌာန်းသံတွေ တညံညံပေါ့။

ခုလို သူ့ဘုရားဖွင့်ပွဲ အပြီး ဝင်ခွင့်ဖရီးအချိန်မှာ အခွင့်ကောင်း။ ဘာရွတ်မှာလည်း၊ အသံထွက်ရွတ်၊ မင့်စိတ်ထဲမှာ ဘာရှိလည်း ဖွင့်ပြောဆိုပြီးလည်း ကျပ်လို့ မရတော့ အုံးအုံးထနေကြတယ်ဆိုပဲ။ ဖရဲသီးတွေတင်မက ဘုရားပြီးလို့ ငြမ်းဖျက်ခံရတဲ့ အုပ်စုကလည်း ပဌာန်းမိုးကြိုးစက်သွားကို ပူဇော်နေကြတယ်တဲ့။ ၆ အလီ အဆစ်တို မရှိမှ သူတို့ဘဝတွေ လုံခြုံလာမယ်လို့ ယုံကြည်နေကြတယ်။  တစ်ကယ့်ကို ယုံယုံကြည်ကြည်နဲ့ လုပ်နေကြတာတဲ့။

ဓာတ်သမားကို ဓာတ်နဲ့တိုက်တဲ့ “ဓာတ် ဒဖန့် ဖို့စ်” တွေရဲ့ အင်အားကလည်း ဒီတော်လှန်ရေးကြီးမှာ အရေးပါတာပဲကို။ လင်းညှို့တာယာ၊ မင်းနန်သူ ကျိန်စာတွေကနေ စလိုက်တဲ့ ဓာတ်တိုက်ပွဲကြီးက အဆစ်တို ကြံသမျှ ပျက်စေတယ်။ လုပ်သမျှ မှားစေတယ်။ ဘယ်စစ်မျက်နှာမှာမှ အနိုင်မရ။

ပိုဆိုးတာက US က ဆန်ရှင်ချထားတဲ့ MFTB၊ MICB ဘဏ်တွေနဲ့ ဒီနေ့ (သြဂုတ်လ – ၅ ရက်နေ့) က စပြီး မပါတ်သတ်ဖို့ တရားဝင် သတိပေးလိုက်သတဲ့။ တနည်းအားဖြင့် စင်ကာပူ၊ ထိုင်း၊ မလေးရှား စတဲ့ ဘဏ်တွေမှာ ဥထားတဲ့ စကစရဲ့ ငွေတွေအားလုံးကို Freeze လုပ်လိုက်တဲ့ သဘောပဲ။ 

စင်ကာပူ UOB ဘဏ်ကလည်း မြန်မာနိုင်ငံနဲ့ ငွေပေး ငွေယူတွေ ရပ်ပစ်တော့မယ်လို့ ကြေငြာပြီ။ မပြောလို့မရဘူးလေ အမဲရိုးနဲ့ ဝက်သားဟင်းကို ဘယ်လူက လဲရဲမှာတုန်း။ စစ်တပ်ခေတ် အဆက်ဆက် ကျော်ခွခဲ့တဲ့ စင်ကာပူရဲ့ ဘဏ်တွေကိုယ်တိုင်က ရှောင်ဖယ်ကြပြီ။ စင်ကာပူမှာ ဥထားတဲ့ နိုင်ငံခြားအရန်ငွေတွေက ဒေါ်လာ ၄.၂ ဘီလီယံ တောင်ရှိတာမို့ အဆစ်တို အနေနဲ့ တဆုံးဘွတ်ခံလိုက်သလို ဖြစ်တာပါပဲ။

ကံဇာတာ ချီးတွင်းကျနေတဲ့ အဆစ်တိုဟာ စကားတွေ မှားလာပါတယ်။ နိုင်ငံ မတည်ငြိမ်လို့ ရွေးကောက်ပွဲ မလုပ်နိုင်တာပါတို့၊ ဒီလောက် ရေဘေး တွေ့နေတာတောင် မြစ်ဆုံဆည် ဆောက်ရင် လျပ်စစ်ဖူလုံမယ်တို့ ဆိုတဲ့ ဖျင်နဲ့ ပါးစပ် နေရာလွဲ စကားတွေ ထွက်လာပါပြီ။

ဒေါ်လာ သန်း ၄၀ အကုန်ခံပြီး ဘုရားတည် ယတြာခြေလိုက်မိကာမှ ဒေါ်လာတွေ အပိတ်ခံရတာက ယတြာပျက်တဲ့သဘော၊ ကံကောင်းခြင်းတွေ ဆိတ်သုန်းသွားတဲ့ သဘောပဲမို့လား။

ဆို့စ် – ကျူးလိပေါင် သတင်းစဉ် (ဒေါ်လာ သန်း ၄၀ တန် ယတြာ၏ နိဂုံး ကဏ္ဍ)


Facebook ပေါ်မှာပါ
တော်လှန်ရေး နဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေ ပိုပြီး လူမြင်များနေစေဖို့ ၊
မူရင်း Facebook Post ကို ပိုပျံ့စေချင်ရင် ဒီလင့် ကို သွားပြီး
R C S ( React , Comment , Share ) လုပ်ပေးသင့်ပါတယ် ။
< လုံခြုံရေး အရ စိတ်ချရအောင် တော်လှန် အကောင့်နဲ့ လုပ်နိုင်ပါတယ် ။ )



လိုင်းသုံးနေနိုင်သေးရင် ကလစ်လည်း လုပ်ပေးကြပါ …
ဘာတွေ ဘယ်လို ကလစ်ပေးနေလို့ ရမလဲ သိချင်ရင်
ဒီ လင့် ကို နှိပ်ပြီး လေ့လာနိုင်ပါတယ် ။

တကယ်လို့ တန်းပြီး ကလစ်ပေးချင်ရင်တော့
C2D ရဲ့ Eain Pyan Lann Website ကို ဒီလင့်ကို နှိပ်ပြီး အလွယ်တကူကလစ်ပေးနိုင်ပါတယ် ။

နွေဦးဖတ်စာရဲ့ တွဲဖက် Website တစ်ခု ဖြစ်တဲ့
LWSR – Learn With Spring Reader မှာလည်း
အင်္ဂလိပ်စာ လေ့လာ ထိတွေ့ရင်း ကလစ်ပေးလို့ ရပါတယ် ။

P2D ရဲ့ Nway Oo Videos မှာ ဘောလုံးပွဲတွေ ၊ Highlights တွေ ကြည့်ပြီးလည်း ကလစ်ပေးနိုင်ပါတယ်။



နွေဦးဖတ်စာ အတွက် Android App လည်း ထုတ်ထားပါတယ် ။
Playstore ကနေ Download ချမယ်ဆို ဒီလင့် ကို နှိပ်ပြီး ယူနိုင်ပါတယ် ။
Playstore သုံးလို့ မရတဲ့ ဖုန်းတွေဆို ဒီ တယ်လီ လင့် ကနေ ယူနိုင်ပါတယ် ။

iOs App တော့ ထုတ်ဖြစ်ဦးမယ် မထင်ပါ ။
( Website ကိုပဲ Safari Browser ထဲကနေ တဆင့်
Add to Home Screen လုပ်ပြီး အလွယ်တကူ ဝင် ဝင်ဖတ်နိုင်ပါတယ် ။ )



စာရေးသူ အလိုက် ၊ အကြောင်းအရာ အလိုက် ကဏ္ဍလေးတွေ ခွဲပေးထားတာကို
Select Category ကို နှိပ်ပြီး ရွေးချယ် ဖတ်ရှုနိုင်ပါတယ်



3 responses to “ဒေါ်လာ သန်း ၄၀ တန် ယတြာ၏ နိဂုံး ကဏ္ဍ ( ကျူးလိပေါင် )”

Leave a comment