
တော်လှန်ရေးမှာ ကိုယ့်ဘက်ကိုပဲ ဖြည့်နေလို့ မရဘူး။ တစ်ဘက်စီ စီးဝင်နေတဲ့ ငွေကြေးတွေကိုလည်း ဖြတ်တောက်ဖို့ လိုပါတယ်။ ဒါကြောင့် စစ်တပ်ထုတ်ကုန်တွေ သပိတ်မှောက်ခိုင်းတာ ဖြစ်သလို၊ ခုလို နိုင်ငံခြားနဲ့ ဆက်စပ်တဲ့ ကိစ္စတွေမှာလည်း ပြည်သူလူထုက နိုးနိုးကြားကြား တက်တက်ကြွကြွနဲ့ အင်တိုက်အားတိုက် တောင်းဆိုဖို့ လိုအပ်ပါတယ်။
ဒါကြောင့် အောက်က စာကို အချိန်ပေးဖတ်ပြီး အောက်ဆုံးမှာ ပြထားတဲ့ လင့်ခ်မှာ ကိုယ်တိုင်လက်မှတ်ရေးထိုး ပါဝင်လိုက်ပါ။
🔳🔳🔳🔳🔳🔳🔳
📣📣📣အာဏာရှင်စနစ် နိဂုန်းချုပ်ဖို့ လက်မှတ်ထိုးပြီး တောင်းဆိုကြစို့🛑🛑🛑
(စာဖတ်ရန် ကြာချိန် ၁ မိနစ်)
တော်လှန်မိတ်ဆွေများခင်ဗျာ မြန်မာပြည်ကိုစစ်အာဏာရှင်စနစ်မှလွတ်မြောက်ရန် မိတ်ဆွေတို့ တစ်ဦးခြင်း၏လက်မှတ်များကောက်ခံလျက်ရှိပါသည်။
⚠️⚠️⚠️အကြောင်းအရင်း⚠️⚠️⚠️
စင်ကာပူနိုင်ငံသည် အကြမ်းဖက်စစ်တပ်အတွက် လက်နက်ရောင်းချနေသော တတိယအကြီးဆုံနိုင်ငံဖြစ်သကဲ့သို့ အကြမ်းဖက်စစ်တပ်၏ နိုင်ငံခြားဝင်ငွေများလက်ခံသိမ်းဆည်းပေးထားသည့် ပထမအကြီးဆုံးနိုင်ငံဖြစ်ပါသည်။ အကြမ်းဖက် စစ်တပ်သည် ထိုအရင်းအမြစ်များအားအသုံးပြု၍ နေ့စဉ်လူသတ်လျက်ရှိပါသည်။ အကယ်၍ စင်ကာပူအစိုးရက မြန်မာစစ်တပ်ထံ လက်နက်များရောင်းချခြင်း အားရပ်တန့်လိုက်ပါက အကြမ်းဖက်စစ်တပ်၏စစ်ရာဇဝတ်မှုများဆက်လက်လုပ်ဆောင်နိုင်စွမ်းကို အကြီးအကျယ်ထိခိုက်သွားလိမ့်မည်ဟု ကုလသမဂ္ဂအထူးကိုယ်စားလှယ် တွမ်အန်ဒရူးမှမှတ်ချက်ပြုထားပါသည်။
✒️✒️✒️ဘယ်လိုတားဆီးကြမလဲ 📫📫📫
ထို့ကြောင့် သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုနှင့်အတူ ပြည်တွင်းနှင့် နိုင်ငံခြားမိတ်ဖက်အဖွဲ့အစည်းများမှ စင်ကာပူအစိုးရထံ အိတ်ဖွင့်ပေးစာပေးပို့၍
၁. မြန်မာစစ်အုပ်စုထံလက်နက်များ ရောင်းချနေသော စင်ကာပူလက်နက် ကုမ္ပဏီများအား စစ်ဆေးမှုပြုလုပ်ရန်
၂. စင်ကာပူနိုင်ငံမှ စစ်အုပ်စုထံ လက်နက်များရောင်းချနေခြင်းကို စင်ကာပူအစိုးရမှ ပိတ်ဆို့တားဆီးပေးရန်
၃. စင်ကာပူအစိုးရမှ စစ်အုပ်စုအား စင်ကာပူဘဏ္ဍာစနစ်များသုံးစွဲခွင့်ကို ပိတ်ဆို့ပေးရန်စသည်တို့ကို တောင်းဆိုသွားမည်ဖြစ်ပါသည်။
🫡🫡🫡ပြည်သူတွေ ဘယ်လိုပါဝင်နိုင်သလဲ🫡🫡🫡
ပြည်သူများ၏လက်မှတ်များအားကောက်ယူစုပေါင်း၍ စင်ကာပူအစိုးရထံ အိတ်ဖွင့်ပေးစာပေးပို့သွားမည်ဖြစ်ပါသည်။ ထို့ကြောင့် ပြည်သူတစ်ဦးချင်းစီတိုင်း လက်မှတ်ထိုး၍ ပါဝင်နိုင်ပါသည်။ လက်မှတ်များများပါဝင်မှသာလျှင် ပိုမိုထိရောက်မှုရှိမည်ဖြစ်သောကြောင့် တော်လှန်မိတ်ဆွေတစ်ဦးချင်းစီတိုင်း၏ လက်မှတ်များသည် အလွန်အရေးကြီးပါသည်။
💯💯💯လက်မှတ် ဘယ်လောက်ကောက်ယူမလဲ💯💯💯
၁သိန်း
လက်မှတ်ထိုးရန် အောက်ပါ linkအားနှိပ်ပါ။
https://actionnetwork.org/petitions/c3fbe2d39f1663281b48a93e6c2300e0e9598300?source=direct_link
#DoMoreSingapore #Singapore
#WhatIsHappeningInMyanmar
#BloodMoneyCampaignMM
လိုင်းသုံးနေနိုင်သေးရင် ကလစ်လည်း လုပ်ပေးကြပါ …
ဘာတွေ ဘယ်လို ကလစ်ပေးနေလို့ ရမလဲ သိချင်ရင်
ဒီ လင့် ကို နှိပ်ပြီး လေ့လာနိုင်ပါတယ် ။တကယ်လို့ တန်းပြီး ကလစ်ပေးချင်ရင်တော့
C2D ရဲ့ Eain Pyan Lann Website ကို ဒီလင့်ကို နှိပ်ပြီး အလွယ်တကူကလစ်ပေးနိုင်ပါတယ် ။နွေဦးဖတ်စာရဲ့ တွဲဖက် Website တစ်ခု ဖြစ်တဲ့
LWSR – Learn With Spring Reader မှာလည်း
အင်္ဂလိပ်စာ လေ့လာ ထိတွေ့ရင်း ကလစ်ပေးလို့ ရပါတယ် ။P2D ရဲ့ Nway Oo Videos မှာ ဘောလုံးပွဲတွေ ၊ Highlights တွေ ကြည့်ပြီးလည်း ကလစ်ပေးနိုင်ပါတယ်။
နွေဦးဖတ်စာ အတွက် Android App လည်း ထုတ်ထားပါတယ် ။
Playstore ကနေ Download ချမယ်ဆို ဒီလင့် ကို နှိပ်ပြီး ယူနိုင်ပါတယ် ။
Playstore သုံးလို့ မရတဲ့ ဖုန်းတွေဆို ဒီ တယ်လီ လင့် ကနေ ယူနိုင်ပါတယ် ။
iOs App တော့ ထုတ်ဖြစ်ဦးမယ် မထင်ပါ ။
( Website ကိုပဲ Safari Browser ထဲကနေ တဆင့်
Add to Home Screen လုပ်ပြီး အလွယ်တကူ ဝင် ဝင်ဖတ်နိုင်ပါတယ် ။ )
စာရေးသူ အလိုက် ၊ အကြောင်းအရာ အလိုက် ကဏ္ဍလေးတွေ ခွဲပေးထားတာကို
Select Category ကို နှိပ်ပြီး ရွေးချယ် ဖတ်ရှုနိုင်ပါတယ်
One response to “အာဏာရှင်စနစ် နိဂုန်းချုပ်ဖို့ လက်မှတ်ထိုးပြီး တောင်းဆိုကြစို့”
Petition done. RCS done ❤️⭐❤️
LikeLike