အာဏာရှင်စနစ် နိဂုန်းချုပ်ဖို့ လက်မှတ်ထိုးပြီး တောင်းဆိုကြစို့

တော်လှန်​ရေးမှာ ကိုယ့်ဘက်ကိုပဲ ဖြည့်​နေလို့ မရဘူး။ တစ်ဘက်စီ စီးဝင်​နေတဲ့ ​ငွေ​ကြေး​တွေကိုလည်း ဖြတ်​တောက်ဖို့ လိုပါတယ်။ ဒါ​ကြောင့် စစ်တပ်ထုတ်ကုန်​တွေ သပိတ်​မှောက်ခိုင်းတာ ဖြစ်သလို၊ ခုလို နိုင်ငံခြားနဲ့ ဆက်စပ်တဲ့ ကိစ္စ​တွေမှာလည်း ပြည်သူလူထုက နိုးနိုးကြားကြား တက်တက်ကြွကြွနဲ့ အင်တိုက်အားတိုက် ​တောင်းဆိုဖို့ လိုအပ်ပါတယ်။

ဒါ​ကြောင့် ​အောက်က စာကို အချိန်​ပေးဖတ်ပြီး ​အောက်ဆုံးမှာ ပြထားတဲ့ လင့်ခ်မှာ ကိုယ်တိုင်လက်မှတ်​ရေးထိုး ပါဝင်လိုက်ပါ။

🔳🔳🔳🔳🔳🔳🔳

📣📣📣အာဏာရှင်စနစ် နိဂုန်းချုပ်ဖို့ လက်မှတ်ထိုးပြီး တောင်းဆိုကြစို့🛑🛑🛑

(စာဖတ်ရန် ကြာချိန် ၁ မိနစ်)

တော်လှန်မိတ်ဆွေများခင်ဗျာ မြန်မာပြည်ကိုစစ်အာဏာရှင်စနစ်မှလွတ်မြောက်ရန် မိတ်ဆွေတို့ တစ်ဦးခြင်း၏လက်မှတ်များကောက်ခံလျက်ရှိပါသည်။ 

⚠️⚠️⚠️အကြောင်းအရင်း⚠️⚠️⚠️

စင်ကာပူနိုင်ငံသည် အကြမ်းဖက်စစ်တပ်အတွက် လက်နက်ရောင်းချနေသော တတိယအကြီးဆုံနိုင်ငံဖြစ်သကဲ့သို့ အကြမ်းဖက်စစ်တပ်၏ နိုင်ငံခြားဝင်ငွေများလက်ခံသိမ်းဆည်းပေးထားသည့် ပထမအကြီးဆုံးနိုင်ငံဖြစ်ပါသည်။ အကြမ်းဖက် စစ်တပ်သည် ထိုအရင်းအမြစ်များအားအသုံးပြု၍ နေ့စဉ်လူသတ်လျက်ရှိပါသည်။ အကယ်၍ စင်ကာပူအစိုးရက မြန်မာစစ်တပ်ထံ လက်နက်များရောင်းချခြင်း အားရပ်တန့်လိုက်ပါက အကြမ်းဖက်စစ်တပ်၏စစ်ရာဇဝတ်မှုများဆက်လက်လုပ်ဆောင်နိုင်စွမ်းကို အကြီးအကျယ်ထိခိုက်သွားလိမ့်မည်ဟု ကုလသမဂ္ဂအထူးကိုယ်စားလှယ် တွမ်အန်ဒရူးမှမှတ်ချက်ပြုထားပါသည်။

✒️✒️✒️ဘယ်လိုတားဆီးကြမလဲ 📫📫📫

ထို့ကြောင့် သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုနှင့်အတူ ပြည်တွင်းနှင့် နိုင်ငံခြားမိတ်ဖက်အဖွဲ့အစည်းများမှ စင်ကာပူအစိုးရထံ အိတ်ဖွင့်ပေးစာပေးပို့၍ 

၁. မြန်မာစစ်အုပ်စုထံလက်နက်များ ရောင်းချနေသော စင်ကာပူလက်နက် ကုမ္ပဏီများအား စစ်ဆေးမှုပြုလုပ်ရန်

၂. စင်ကာပူနိုင်ငံမှ စစ်အုပ်စုထံ လက်နက်များရောင်းချနေခြင်းကို စင်ကာပူအစိုးရမှ ပိတ်ဆို့တားဆီးပေးရန်

၃. စင်ကာပူအစိုးရမှ စစ်အုပ်စုအား စင်ကာပူဘဏ္ဍာစနစ်များသုံးစွဲခွင့်ကို ပိတ်ဆို့ပေးရန်စသည်တို့ကို တောင်းဆိုသွားမည်ဖြစ်ပါသည်။ 

🫡🫡🫡ပြည်သူတွေ ဘယ်လိုပါဝင်နိုင်သလဲ🫡🫡🫡

ပြည်သူများ၏လက်မှတ်များအားကောက်ယူစုပေါင်း၍ စင်ကာပူအစိုးရထံ အိတ်ဖွင့်ပေးစာပေးပို့သွားမည်ဖြစ်ပါသည်။  ထို့ကြောင့် ပြည်သူတစ်ဦးချင်းစီတိုင်း လက်မှတ်ထိုး၍ ပါဝင်နိုင်ပါသည်။ လက်မှတ်များများပါဝင်မှသာလျှင် ပိုမိုထိရောက်မှုရှိမည်ဖြစ်သောကြောင့် တော်လှန်မိတ်ဆွေတစ်ဦးချင်းစီတိုင်း၏ လက်မှတ်များသည် အလွန်အရေးကြီးပါသည်။

💯💯💯လက်မှတ် ဘယ်လောက်ကောက်ယူမလဲ💯💯💯

၁သိန်း

လက်မှတ်ထိုးရန် အောက်ပါ linkအားနှိပ်ပါ။

https://actionnetwork.org/petitions/c3fbe2d39f1663281b48a93e6c2300e0e9598300?source=direct_link

#DoMoreSingapore #Singapore 

#WhatIsHappeningInMyanmar 

#BloodMoneyCampaignMM



လိုင်းသုံးနေနိုင်သေးရင် ကလစ်လည်း လုပ်ပေးကြပါ …
ဘာတွေ ဘယ်လို ကလစ်ပေးနေလို့ ရမလဲ သိချင်ရင်
ဒီ လင့် ကို နှိပ်ပြီး လေ့လာနိုင်ပါတယ် ။

တကယ်လို့ တန်းပြီး ကလစ်ပေးချင်ရင်တော့
C2D ရဲ့ Eain Pyan Lann Website ကို ဒီလင့်ကို နှိပ်ပြီး အလွယ်တကူကလစ်ပေးနိုင်ပါတယ် ။

နွေဦးဖတ်စာရဲ့ တွဲဖက် Website တစ်ခု ဖြစ်တဲ့
LWSR – Learn With Spring Reader မှာလည်း
အင်္ဂလိပ်စာ လေ့လာ ထိတွေ့ရင်း ကလစ်ပေးလို့ ရပါတယ် ။

P2D ရဲ့ Nway Oo Videos မှာ ဘောလုံးပွဲတွေ ၊ Highlights တွေ ကြည့်ပြီးလည်း ကလစ်ပေးနိုင်ပါတယ်။



နွေဦးဖတ်စာ အတွက် Android App လည်း ထုတ်ထားပါတယ် ။
Playstore ကနေ Download ချမယ်ဆို ဒီလင့် ကို နှိပ်ပြီး ယူနိုင်ပါတယ် ။
Playstore သုံးလို့ မရတဲ့ ဖုန်းတွေဆို ဒီ တယ်လီ လင့် ကနေ ယူနိုင်ပါတယ် ။

iOs App တော့ ထုတ်ဖြစ်ဦးမယ် မထင်ပါ ။
( Website ကိုပဲ Safari Browser ထဲကနေ တဆင့်
Add to Home Screen လုပ်ပြီး အလွယ်တကူ ဝင် ဝင်ဖတ်နိုင်ပါတယ် ။ )


စာရေးသူ အလိုက် ၊ အကြောင်းအရာ အလိုက် ကဏ္ဍလေးတွေ ခွဲပေးထားတာကို
Select Category ကို နှိပ်ပြီး ရွေးချယ် ဖတ်ရှုနိုင်ပါတယ်



One response to “အာဏာရှင်စနစ် နိဂုန်းချုပ်ဖို့ လက်မှတ်ထိုးပြီး တောင်းဆိုကြစို့”

Leave a reply to Agnes AAS @ကောက်ရိုးမီးမဟုတ် Cancel reply