Post 84 – မျိုးချစ်စိတ်ကို အခြေပြုပြီး နိုင်ငံရေး ကစားကွက်ဖော်တဲ့ အကြောင်း ( Ko Fury )

တချို့တွေ Miss ပွဲကို အားပေးနေတာတွေ့တော့
တစ်ချိန်က အခရာကျတဲ့ စစ်ဗိုလ်ချုပ် တစ်ယောက်
ပြောခဲ့တာကို ကောင်းကောင်း သတိရမိတယ်

သာမန် ဗိုလ်ချုပ်တော့မဟုတ်ဘူး
ရာထူးအားဖြင့် မကြီးလှပေမဲ့ စစ်အုပ်ချုပ်ရေးယန္တရားမှာ
အဓိက နေရာက ပါတယ်။
အရေးပါ အရာရောက်တယ်ဆိုပါတော့…
ဒီနေ့ သိထားတဲ့ (စကစ) စစ်တပ်မှာ
သူဖန်တီးခဲ့တဲ့ ခြေရာလက်ရာဟောင်းတွေ
ကိစ္စအကြောင်းအရာတွေ များတယ်

သူပြောခဲ့တာက ဒီလိုဗျ..

နိုင်ငံတစ်နိုင်ငံ နဲ့ စစ်တိုက်နေရသလို
မျိုးချစ်စိတ် ၊ အမျိုးသားစိတ် ပြင်းထန်စေတဲ့
ပြိုင်ပွဲ နှစ်ခု ရှိတယ် ။ ဒီနှစ်ခု ကို လိုသလို အသုံးချပြီး
အစိုးရတွေက လူထုစည်းရုံးရေး ၊ ကိုယ်ဘက်ပါရေး
လုပ်ရတာပဲဗျ ။

ပြည်သူတွေသိပ်ကို Serious ဖြစ်စေတဲ့ ပြိုင်ပွဲနှစ်ခုပေါ့

အဲဒါက ဘောလုံးပွဲ နဲ့ မယ်ပြိုင်ပွဲ

တနည်းအားဖြင့် ကမ္ဘာဖလား ဘောလုံးပြိုင်ပွဲ နဲ့
မယ် စကြ၀ဠာ ပြိုင်ပွဲကိုပြောတာ

ဒီပြိုင်ပွဲတွေက နိုင်ငံရေးခံစားချက် နဲ့ နွယ်နေတယ်

လူတွေက ဒီပြိုင်ပွဲတွေနဲ့ ပတ်သက်ရင်
စိတ်ဓာတ်ပြင်းထန်တယ် တစ်နိုင်ငံ နဲ့ တစ်နိုင်ငံ
စစ် ဖြစ်နေသလို စိတ်ပြင်းထန်တာ

မြောက်ကိုရီးယား နဲ့ တောင်ကိုရီးယား ခြေစစ်ပွဲမှာ
အလံမှားလွှင့်မိလို့ မြောက်ကိုရီးယား အသင်းက နှုတ်ထွက်သွားတာ ..

၁၉၆၉ ခုနှစ်မှာ ဘောလုံးပွဲ ရှုံးသွားလို့ El Salvador နိုင်ငံ က
ဟွန်ဒူရပ်နိုင်ငံ နဲ့ ကျူးကျော်စစ် ဖြစ်တယ် ..

ပြီးခဲ့တဲ့ ရက်ဆိုရင်ပဲ ဆော်ဒီက ကလပ်အသင်းတစ်ခုက
အီရန်မှာ ပွဲသွားကန်တာ ကွင်း၀◌င်ပေါက်မှာ အီရန်
စစ်ဗိုလ်ချုပ်ရုပ်ထု ရှိနေလို့ မကစားတော့ပဲ ကွင်းထဲက
လှည့်ပြန်လာတာ

ဒါက အနည်းအကျဥ်းပြောပြာတာပါ။
ဒီလိုဖြစ်ရပ်တွေက သမိုင်းတစ်လျှောက် အများကြီးဖြစ်ခဲ့ဖူးတယ်

မယ်စကြ၀ဠာ ပြိုင်ပွဲတွေလဲ အလားတူပဲ
သူတို့နိုင်ငံရဲ့ မယ်စကြ၀ဠာ ကို ပယ်တာကြောင့်
သံတမန် နှင်လွှတ်တာတွေ ရှိတယ်

အဓိက မျိုးချစ်စိတ်ကြောင့်ပဲ ၊
အစိုးရတွေက သူတို့အကျိုးအတွက်
ဒါကို ကောင်းကောင်းအသုံးချတယ်

“ဟိုနိုင်ငံက ငါတို့ကို နှိမ်နေပြီ”
“ငါတို့အပေါ် တမင် ယုတ်မာနေပြီ”
“မြန်မာမိုလို့ လုပ်တာ” စသဖြင့် ကြားက အလံရှုးတွေ ၊
ဒလန်တွေက ပိုမို ဆိုးရွားလာအောင် လှုံဆော်ပေးတယ်

တစ်ဖက်ကို ဒေါသမထွက်ထွက်အောင် လှုံဆော်ပေးပြီး
ရန်တိုက်ပေးတယ် .. တစ်ဖက်အုပ်စုက အုံကြွလာပြီ
ဆိုရင် ပိုပြီး မီးစာထိုးပေးတယ်

ဒီအနေအထားက
နိုင်ငံရေးကစားကွက် ဖော်ချင်တဲ့သူတွေ အကြိုက်ပေါ့
မျိုးချစ်စိတ် နဲ့ ရန်တိုက်ပေးတာပေါ့

ဒီလိုလုပ်ခြင်း အားဖြင့် ဆိုးတဲ့အစိုးရတွေက
ကောင်းသယောင်ယောင် လုပ်ယူတယ်

ဥပမာ———

အမေရိကန်မှာ လူထုထောက်ခံမှုကျဆင်းနေတဲ့ သမ္မတဟာ
နောက်သက်တမ်း အတွက် အနိုင်ရချင်ရင် စစ်တိုက်ရတယ်ဆိုတဲ့
ဆိုစကား ရှိတယ် .. ပြည်ပနိုင်ငံနဲ့ စစ်ပွဲစလိုက်တာနဲ့
နိုင်ငံသားတွေ စိတ်ထဲမှာ ငါတို့မှာ ဘုံရန်သူရှိနေပြီ
ဘာပဲဖြစ်ဖြစ် စည်းလုံးရမယ် လက်ရှိ အစိုးရကို
မကြိုက်ပေမဲ့ ထောက်ခံရမယ်ဆိုတဲ့ စိတ်မျိုးဖြစ်စေတယ်

မင်းတို့က တလရ လုပ်နေတာ အားကစားပြိုင်ပွဲနဲ့
မယ်ပြိုင်ပွဲတွေကိုလည်း ပြောတာပဲလားဆိုတာက
အခုလို မသိနိုင်တဲ့ နောက်ကွယ်က အချက်တွေကြောင့်ပဲ..

အပေါ်ဆုံးမှာ ပြောခဲ့တဲ့ စစ်ဗိုလ်ချုပ်ကိုယ်တိုင်
၁၉၉၀ နောက်ပိုင်းမှာ ဒီနည်းတွေ ခဏခဏ
လုပ်ခဲ့ဖူးကြောင်း သူကိုယ်တိုင် ပြောပြဖူးတယ်

ဒါကြောင့် ပြည်တွင်းစစ်ဖြစ်နေတဲ့ တိုင်းပြည်မှာ
ပြည်သူတွေ သေကြေ စစ်ဘေးရှောင်နေရခိုက်
Miss ပြိုင်ပွဲတွေ လုပ်နေရလား ဆိုတာထက်………

နောက်ကွယ်မှာ ရည်ရွယ်ချက်တွေ ရှိတယ်ဆိုတာ
မြင်စေချင်ရုံပါပဲ

ပြီးခဲ့တဲ့ ၁၀လပိုင်း လဆန်းကစလို့ မြန်မာနဲ့ဆိုင်တဲ့ ဘောလုံးပွဲ
အလှုပ်အခတ်ဖြစ်လာအောင် တမင်လုပ်ယူနေတာတွေ တွေ့ရတယ်
(ဂျပန် နဲ့ မြန်မာ ကို တည်ပေးနေတဲ့ အနေအထားမျိုး တွေ့ရတယ်)
ဒါပေမဲ့ သူတို့ရည်ရွယ်ချက် မအောင်မြင်သေးဘူး

ဒီ Miss ပြိုင်ပွဲကတော့ အလှုပ်အခတ်ဖြစ်နေတယ်
ဖြစ်အောင် လုပ်ခဲ့တဲ့ အနေအထားတွေ တွေ့ရတယ်
ပြိုင်ပွဲ စတော့မယ်ဆိုတဲ့ အချိန်ကတည်းက
Social Platform တွေပေါ်မှာ ပုံမှန် မဟုတ်တာကို
သတိထားမိတာ

နောက်ထပ်လည်း Miss ပြိုင်ပွဲတွေက မကြာခင် စတော့မှာ ၊
စလည်း စနေပြီဆိုတော့ ပြောရမယ်

ဒီ Miss တစ်ယောက် ရှုံးသွားလို့ ဒါမှမဟုတ် Miss တွေ
အကုန်ရှုံးသွားလို့ တိုင်းပြည် ဘာမှ မဖြစ်သွားဘူးဆိုတာ
သတိချပ်ပါ

(နိုင်လာလို့လည်း တိုင်းပြည်မကောင်းစားခဲ့ဖူးဘူး!!)

အားပေးတဲ့သူတွေ Play ခံနေရတာ ကို ရိပ်မိကြပါစေ
ဒီလောက် ဆို တားရတဲ့ ရည်ရွယ်ချက် ကို သိပြီထင်ပါတယ်

-Ko Fury


လိုင်းသုံးနေနိုင်သေးရင် ကလစ်လည်း လုပ်ပေးကြပါ …
ဘာတွေ ဘယ်လို ကလစ်ပေးနေလို့ ရမလဲ သိချင်ရင်
ဒီ လင့် ကို နှိပ်ပြီး လေ့လာနိုင်ပါတယ် ။

တကယ်လို့ တန်းပြီး ကလစ်ပေးချင်ရင်တော့
C2D ရဲ့ Eain Pyan Lann Website ကို ဒီလင့်ကို နှိပ်ပြီး အလွယ်တကူကလစ်ပေးနိုင်ပါတယ် ။

နွေဦးဖတ်စာရဲ့ တွဲဖက် Website တစ်ခု ဖြစ်တဲ့
LWSR – Learn With Spring Reader မှာလည်း
အင်္ဂလိပ်စာ လေ့လာ ထိတွေ့ရင်း ကလစ်ပေးလို့ ရပါတယ် ။

P2D ရဲ့ Nway Oo Videos မှာ ဘောလုံးပွဲတွေ ၊ Highlights တွေ ကြည့်ပြီးလည်း ကလစ်ပေးနိုင်ပါတယ်။



စာရေးသူ အလိုက် ၊ အကြောင်းအရာ အလိုက် ကဏ္ဍလေးတွေ ခွဲပေးထားတာကို
Select Category ကို နှိပ်ပြီး ရွေးချယ် ဖတ်ရှုနိုင်ပါတယ်


နွေဦးဖတ်စာ အတွက် Android App လည်း ထုတ်ထားပါတယ် ။
Playstore ကနေ Download ချမယ်ဆို ဒီလင့် ကို နှိပ်ပြီး ယူနိုင်ပါတယ် ။
Playstore သုံးလို့ မရတဲ့ ဖုန်းတွေဆို ဒီ တယ်လီ လင့် ကနေ ယူနိုင်ပါတယ် ။

iOs App တော့ ထုတ်ဖြစ်ဦးမယ် မထင်ပါ ။
( Website ကိုပဲ Safari Browser ထဲကနေ တဆင့်
Add to Home Screen လုပ်ပြီး အလွယ်တကူ ဝင် ဝင်ဖတ်နိုင်ပါတယ် ။ )


One response to “Post 84 – မျိုးချစ်စိတ်ကို အခြေပြုပြီး နိုင်ငံရေး ကစားကွက်ဖော်တဲ့ အကြောင်း ( Ko Fury )”

Leave a comment