“မျှော်လင့်ချက် (သို့မဟုတ်) မမြင်ရတဲ့ အလင်းရောင်”

အရင်ကတော့ စစ်ကားတွေက ကိုယ့်အကြိုက် မဟုတ်ခဲ့ဘူး။ ဒီကာလကျမှ ပိုပြီး စိတ်ဝင်တစားနဲ့ ကြည့်ဖြစ်လာခဲ့တယ် ပြောရမယ်။ သူတို့တွေ ခက်ခဲတဲ့ကာလမှာ ဘယ်လိုကျော်ဖြတ်ခဲ့ကြတယ်၊ လူတွေရဲ့ စိတ်သဘော သဘာ၀ ဘယ်လိုရှိတယ်၊ အချင်းချင်း ဘယ်လိုရိုင်းပင်းကြတယ်၊ ရပ်တည်ကြတယ် စသဖြင့် ကြည့်မိရင်း ကိုယ်တိုင်လည်း အားယူ၊ သူများတွေကိုလည်း အားပေးရင်းပေါ့။
ခုတစ်ခါ ပြောပြချင်တဲ့ ဇာတ်ကားကတော့ All the light we cannot see ဆိုတဲ့ မီနီစီးရီးပါ။ အဲဒီနာမည်နဲ့ပဲ ထွက်ထားတဲ့ ဝတ္တုက ပူလစ်ဇာဆု ရခဲ့တဲ့အထိကို အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။
ဒုတိယကမ္ဘာစစ် ပြင်သစ်ကို ဂျာမန်နာဇီတွေ သိမ်းပိုက်ထားတဲ့အချိန်။ စိန့်မယ်လို ဆိုတဲ့ မြို့ကလေးက မျက်မမြင် ကောင်မလေးနဲ့ နာဇီမဖြစ်ချင်ဘဲ ဖြစ်ခဲ့ရတဲ့ ဂျာမန်စစ်သားတစ်ယောက်ရဲ့ အကြောင်း။
(မကြည့်ရသေးဘူး၊ ကြည့်ဖို့လည်း ရှိတယ်ဆိုရင်တော့ ဆက်မဖတ်တာ ကောင်းပါတယ်။ အခုမှ အသစ်ထွက်ထားတာမို့ ဇာတ်လမ်းအကြောင်းတွေ ရေးမထားပေမဲ့ ဘာမှ ကြိုသိမထားလေ၊ ကြည့်ရတာ ကောင်းလေမို့လို့ပါ)
ဒီဇာတ်ကားရဲ့ အဓိက Main Theme လို့ ယူဆမိတဲ့ ဒိုင်ယာလော့ခ်တစ်ခု ရှိတယ်။
“The most powerful light is the light we cannot see.”
အားအကောင်းဆုံး အလင်းရောင်က မမြင်ရတဲ့ အလင်းရောင်ပဲတဲ့။
ကိုယ်ကတော့ ‘မျှော်လင့်ချက်’ ကို ပြောတာလို့ နားလည်လိုက်တယ်။
ဒီဇာတ်ကားကို ကြည့်တဲ့အချိန် တိုက်တိုက်ဆိုင်ဆိုင် နေမကောင်းက ဖြစ်နေတော့ မျက်မမြင် ကောင်မလေးရဲ့ နေရာမှာ ဝင်ခံစားကြည့်မိတယ်။ ရက်ပိုင်းပဲလို့ ပြောသွားတဲ့ အဖေက နှစ်နဲ့ချီပြီ၊ ပြန်ရောက်မလာဘူး။ တစ်ဦးတည်းသော အဖော်အဖြစ် ကျန်ခဲ့တဲ့ ဦးလေးကလည်း ဘယ်ဆီနေမှန်း မသိဘူး။ အမေရိကန်တွေကလည်း ဗုံးလာကြဲနေတယ်။ စားစရာဆိုလို့ ပေါင်မုန့်ကြမ်းပဲ ရှိတယ်။ မျက်စိကလည်း မမြင်ဘူး။ ဒါနဲ့တောင် အဆုံးထိ မျှော်လင့်ချက်ကို လက်မလွှတ်ဘဲ ရှင်သန်သွားတယ်။ ပြင်သစ်ပြည် လွတ်မြောက်ရေး၊ ကမ္ဘာစစ် အောင်နိုင်ရေးအတွက်လည်း အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်သွားတယ်။
ဂျာမန်ကောင်ကလေး။ အသက်မပြည့်သေးဘူး။ နာဇီတပ်ထဲ အမှုထမ်းရတယ်။ သူတို့ယန္တရားထဲ ပါဝင်ခဲ့ရတယ်။ ဒါပေမဲ့ အဆုံးမှာ မှန်တဲ့ဘက်ကို ပြောင်းလဲရပ်တည်ခဲ့တယ်။
ဒါကြောင့်လည်း အဲဒီစာသားလေးကို သိပ်သဘောကျတာ။
မမြင်ရတဲ့ အလင်းရောင်က အားအကောင်းဆုံးပဲတဲ့။
ဟိုရက်ကလည်း ဒေသတစ်ခုက ဆရာမတစ်ယောက် ရင်လာဖွင့်တယ်။ သူတို့ဆေးရုံ ဗုံးကြဲခံရတဲ့အကြောင်း။ နာဇီတွေထက်တောင် အဆတစ်ရာလောက် ဆိုးသေးတဲ့သူတွေနဲ့ ရင်ဆိုင်နေရတာဆိုတော့ ဒါမျိုးက အထူးတဆန်းတောင် မဟုတ်တော့ဘူး။
အိမ်က ထွက်လာကတည်းက အိမ်လိုပဲ သဘောထားပြီး နေခဲ့ရတဲ့နေရာမို့ ကြေကွဲရတာတော့ အမှန်ပဲပေါ့။ သို့သော် သူ့စကားတွေမှာ ဘာကို ခံစားမိသလဲဆိုတော့ Hope ကို ခံစားမိတယ်။ နိုင်ရမယ်၊ ဒါကို ကျော်ဖြတ်နိုင်တယ် ဆိုတဲ့ မျှော်လင့်ချက်က အပြည့်ရှိနေတယ်။
တစ်ခါလည်း ရေးဖူးပါတယ်။ လူတွေကို မျှော်လင့်ချက် ကင်းမဲ့စေတာ “ဆင်းရဲဒုက္ခ” မဟုတ်ဘူးတဲ့။ “အဲဒီဆင်းရဲဒုက္ခ ပြေလျော့အောင် ငါ ဘာမှလည်း မတတ်နိုင်ပါလား” ဆိုတဲ့ စဉ်းစားမှုကသာ Hopeless ဖြစ်စေတာပါတဲ့။
ဒါကြောင့်လည်း ခက်ခဲတဲ့ ကာလတွေကို ကျော်ဖြတ်ကြတဲ့အခါမှာ ‘မျှော်လင့်ချက်’ ရှိနေဖို့ဟာ သိပ်အရေးကြီးတာ ဖြစ်ပါတယ်။
ပိန်းပိတ်အောင် မှောင်တဲ့အခြေအနေ ဖြစ်ပါစေဦး၊ ဒီမမြင်ရတဲ့ အလင်းရောင်ကလေးသာ ရှိနေမယ်ဆို ဘာပဲဖြစ်ဖြစ် ရှေ့ဆက်နိုင်ပါလိမ့်မယ်။
လိုင်းသုံးနေနိုင်သေးရင် ကလစ်လည်း လုပ်ပေးကြပါ …
ဘာတွေ ဘယ်လို ကလစ်ပေးနေလို့ ရမလဲ သိချင်ရင်
ဒီ လင့် ကို နှိပ်ပြီး လေ့လာနိုင်ပါတယ် ။တကယ်လို့ တန်းပြီး ကလစ်ပေးချင်ရင်တော့
C2D ရဲ့ Eain Pyan Lann Website ကို ဒီလင့်ကို နှိပ်ပြီး အလွယ်တကူကလစ်ပေးနိုင်ပါတယ် ။နွေဦးဖတ်စာရဲ့ တွဲဖက် Website တစ်ခု ဖြစ်တဲ့
LWSR – Learn With Spring Reader မှာလည်း
အင်္ဂလိပ်စာ လေ့လာ ထိတွေ့ရင်း ကလစ်ပေးလို့ ရပါတယ် ။P2D ရဲ့ Nway Oo Videos မှာ ဘောလုံးပွဲတွေ ၊ Highlights တွေ ကြည့်ပြီးလည်း ကလစ်ပေးနိုင်ပါတယ်။
နောက်တစ်ခု သဘောကျမိတာက ဂျာမန်ကောင်လေးကို သူ့အစ်မက မှာလိုက်တဲ့ စကား။
ရေဒီယို နားထောင်တတ်တဲ့ သူ့မောင်ကို ပြောလိုက်တာ။ နင့်ရဲ့ Frequency ကို အပြောင်းမခံနဲ့နော်တဲ့။ နာဇီတွေ ဘယ်လိုပဲ ဦးနှောက်ဆေးဆေး၊ ဘယ်လိုပဲ ပုံသွင်းသွင်း၊ နင့်ကိုယ်နင် မပြောင်းပစ်လိုက်နဲ့လို့ ဆိုလိုချင်တာ။
သြော် ဒါလည်း ကျွန်တော်တို့တွေနဲ့ ကွက်တိတူနေပြန်ရော။
အာဏာသိမ်းကာလက ခုဆို ၃ နှစ်နီးနီး ရှိတော့မယ်။ ဒီကာလအတွင်း ကျွန်တော်တို့ထဲက လူတွေဟာ အကောင်းဆုံး အခြေအနေဆို ကိုယ့်နဂိုအလုပ်နဲ့ မဆိုင်တဲ့အလုပ်တစ်ခုခု လုပ်နေရတယ်၊ အဆိုးဆုံး အခြေအနေဆို အသက်ပါ ပေးလိုက်ရတာထိ ကြုံကြရတယ်။
အဲဒီအချိန်မှာ ကိုယ်နဲ့ ရွယ်တူတန်းတူ လူတွေကတော့ ပုံမှန်အလုပ်လုပ်၊ ငွေရှာ၊ ဘဝတွေ မြင့်မားသွားကြတယ်။ ဒါတွေ မြင်ရရင် အနည်းနဲ့အများတော့ Peer Pressure ကို ခံစားကြရတာပဲ။
မနာလိုတာလည်း မဟုတ်သလို၊ ကိုယ့်ရွေးချယ်မှုနဲ့ကိုယ်ပဲ ဆိုတာလည်း သိတယ်။ အာဏာသိမ်းကာလမို့ ဘာအလုပ်မှ မလုပ်ကြနဲ့ ပိတ်ပင်နေလို့ အဓိပ္ပါယ်မရှိတာလည်း နားလည်တယ်။ ဒါပေမဲ့ လူဆိုတာ Social animal လေ။ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်အသိုင်းအဝိုင်းထဲမှာ ကိုယ့် status က ဘယ်နေရာမှာ ရှိနေတယ် ဆိုတာတော့ ယှဉ်မိကြတဲ့သူချည်းပဲ။
ကလေးရှိတဲ့ မိဘတွေဆို ပိုတောင်မှ ဆိုးလိမ့်ဦးမယ်။ ကိုယ့်ကလေးက ကိုယ့်ရွေးချယ်မှုကြောင့် ကျောင်းတောင် ကောင်းကောင်းမတက်ရတဲ့အချိန်၊ တခြားကလေးတွေ ဆုတက်ယူနေတာ မြင်ရရင် ဘယ်လိုခံစားရမလဲ စဉ်းစားကြည့်ပေါ့။
တော်လှန်ရေးထဲ ပါဝင်နေတဲ့သူ အချင်းချင်းတောင် အဲဒီလိုဆို၊ ရေပေါ်ဆီတွေ၊ ဘောမတွေနဲ့သာ ယှဉ်မိရင် ဒေါသက အလိပ်လိုက်ကို ထွက်တာ။
သို့သော် ကျွန်တော်တို့တွေ တောင့်ခံခဲ့ကြတယ်။ ခုထိလည်း တောင့်ခံနေကြဆဲ ဖြစ်တယ်။
တစ်နည်းအားဖြင့် ပြောရရင် ကိုယ့်ရဲ့ ကိုယ်ပိုင် Frequency ကို အပြောင်းမခံရအောင် တောင့်ခံခဲ့ကြတာပဲ ဖြစ်ပါတယ်။
ဒီရေဒီယိုလိုင်းကို နားထောင်ခွင့်မရှိဘူးလို့ ပိတ်ထားလည်း ငါတို့ကတော့ ဆက်လွှင့်နေမှာပဲပေါ့။ ဘယ်သူမှ အဖက်လုပ်ပြီး နားမထောင်တော့ရင်လည်း ငါတို့ကတော့ ဒီ Frequency မှာပဲ အမြဲရှိနေမှာပဲပေါ့။
Hacksaw Ridge ဇာတ်ကားတုန်းကလည်း အဲဒီလို Self-esteem နဲ့ ပတ်သက်တဲ့ မက်ဆေ့တွေ ပါပါတယ်။ တကယ့်ကို စိတ်ခွန်အား ရစေတယ်။ ဒါကြောင့်လည်း စစ်ကားတွေ အကြည့်များလာဖြစ်တာ။
နောက်ဆုံးတစ်ချက် ပြောချင်တာကတော့ နာဇီယန္တရားထဲ ဒီဂျာမန်စစ်သားရဲ့ ပါဝင်ပုံ ပါဝင်နည်းပါ။
သူက သေနတ်မကိုင်ရပါဘူး။ အာဏာရှင်တွေရဲ့ ထုံးစံအတိုင်း ပြည်ပရေဒီယိုလိုင်းတွေကို ပိတ်ပင်ထားတာမို့ အဲဒါတွေ ခိုးပြီး နားထောင်နေတဲ့ နေရာတွေကို ထောက်လှမ်းရတာပါ။
သူ့လက်နဲ့ တစ်ယောက်ကိုမှ မသတ်ခဲ့ပေမဲ့ သူ ညွှန်ပြလိုက်လို့ မိသားစုပေါင်း၊ အမျိုးသမီးပေါင်း၊ ကလေးသူငယ်ပေါင်းမြောက်များစွာဟာ နာဇီတွေရဲ့ လက်ထဲမှာ သေကြေပျက်စီးခဲ့ရပါတယ်။
ဇာတ်လမ်းအနေနဲ့ ကြည့်တော့သာ ဒီကောင်လေး သနားစရာကောင်းတယ် ဖြစ်နေပေမဲ့ ခင်ဗျားသာ သူ့ကြောင့် အသက်ပေးခဲ့ရတဲ့သူတွေရဲ့ မိသားစုဝင် ဖြစ်ခဲ့ရင် နားလည်ပေးနိုင်တော့မှာ မဟုတ်ပါဘူး။
ခု အကြမ်းဖက်စစ်တပ်ရဲ့ လက်အောက်ကနေ မဖြစ်လို့ လုပ်ရတာထက် ပိုတဲ့၊ အင်တိုက်အားတိုက်ကို ပူးပေါင်းပါဝင်နေကြတဲ့ KBZ/ Kpay, လက်နက်ကုန်ကူးပေးတဲ့ ခရိုနီတွေ၊ အုပ်ကြီးတွေ၊ အကျဉ်းဦးစီးဌာနက ဝန်ထမ်းတွေ၊ စစ်တပ်အတွက် ဝင်ငွေရှာဖွေပေးနေတဲ့ MOGE လို ဌာနက ဝန်ထမ်းတွေ၊ CDM တွေကို လက်ထောက်ချ ဖမ်းခိုင်းခဲ့တဲ့ တချို့သော Non တွေ အစရှိတဲ့ ပုဂ္ဂိုလ်တွေဟာလည်း ဒီသဘောပါပဲ။
သူတို့လက်နဲ့တော့ ဘယ်ပြည်သူတစ်ဦးတစ်ယောက်ကိုမှ မသတ်ခဲ့ပါဘူး။ ဒါပေမဲ့ သူတို့ပေးတဲ့ဒုက္ခက သိပ်ကြီးပါတယ်။ မိသားစုပေါင်းများစွာကို ပျက်စီးစေခဲ့ပါတယ်။ စိတ်ဒဏ်ရာတွေ တပွေ့တပိုက် ရစေခဲ့ပါတယ်။
ဒါကြောင့် လက်ထဲ လက်နက်မရှိတိုင်း အဆိပ်မရှိတဲ့လူလို မြင်လို့မရပါဘူး။ ထိုက်သင့်တဲ့ အရေးယူမှုတွေ လုပ်ပါမှ ဒီကာလအတွင်း သူတို့ကြောင့် ဒုက္ခရောက်ခဲ့ရသူတွေအတွက် တရားမျှတမှုကို ရှာဖွေပေးနိုင်မှာ ဖြစ်ပါတယ်။
တစ်ဖက်က ပြန်ကြည့်ရင်လည်း လက်နက်ကိုင်နိုင်မှ တော်လှန်ရေးထဲ ပါဝင်နိုင်တာ မဟုတ်ပါဘူး။ ဒုတိယကမ္ဘာစစ်လို ခေတ်ကာလမှာတောင် မျက်မမြင်ကောင်မလေးတစ်ယောက်က သူ တတ်စွမ်းတဲ့ နေရာကနေ ပါဝင်ခဲ့သေးတယ် ဆိုရင် ဒီနေ့လို AI ခေတ်မျိုးမှာ ကျွန်တော်တို့ လုပ်နိုင်တာတွေ အများကြီး ရှိနေမယ်ဆိုတာ သေချာပါတယ်။
အကြောင်းပြချက်တွေ ပေးမနေဘဲ ရင်ထဲ အမြစ်တွယ်နေတဲ့ အကြောက်တရားလေးကို တွန်းထုတ်၊ ကိုယ့်တာဝန် ကိုယ်ယူရဲကြဖို့သာ လိုတာပါ။
အဖြစ်အပျက်တွေက ပြီးသွားပါလိမ့်မယ်။ အဲဒီကာလအတွင်း ကိုယ်ဘယ်လိုရပ်တည်ခဲ့တယ်၊ ဘာတွေ လုပ်ခဲ့တယ် ဆိုတာကသာ ဖျောက်ဖျက်မရတဲ့ ကိုယ့်သမိုင်းအဖြစ် ကျန်နေခဲ့မှာ ဖြစ်ပါတယ်။
-ဒေါက်တာ ဖြိုးသီဟ
၈.၁၂.၂၀၂၃
Facebook ပေါ်မှာပါ
တော်လှန်ရေး နဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေ ပိုပြီး လူမြင်များနေစေဖို့ ၊
မူရင်း Facebook Post ကို ပိုပျံ့စေချင်ရင် ဒီလင့် ကို သွားပြီး
R C S ( React , Comment , Share ) လုပ်ပေးသင့်ပါတယ် ။
< လုံခြုံရေး အရ စိတ်ချရအောင် တော်လှန် အကောင့်နဲ့ လုပ်နိုင်ပါတယ် ။ )
လိုင်းသုံးနေနိုင်သေးရင် ကလစ်လည်း လုပ်ပေးကြပါ …
ဘာတွေ ဘယ်လို ကလစ်ပေးနေလို့ ရမလဲ သိချင်ရင်
ဒီ လင့် ကို နှိပ်ပြီး လေ့လာနိုင်ပါတယ် ။တကယ်လို့ တန်းပြီး ကလစ်ပေးချင်ရင်တော့
C2D ရဲ့ Eain Pyan Lann Website ကို ဒီလင့်ကို နှိပ်ပြီး အလွယ်တကူကလစ်ပေးနိုင်ပါတယ် ။နွေဦးဖတ်စာရဲ့ တွဲဖက် Website တစ်ခု ဖြစ်တဲ့
LWSR – Learn With Spring Reader မှာလည်း
အင်္ဂလိပ်စာ လေ့လာ ထိတွေ့ရင်း ကလစ်ပေးလို့ ရပါတယ် ။P2D ရဲ့ Nway Oo Videos မှာ ဘောလုံးပွဲတွေ ၊ Highlights တွေ ကြည့်ပြီးလည်း ကလစ်ပေးနိုင်ပါတယ်။
နွေဦးဖတ်စာ အတွက် Android App လည်း ထုတ်ထားပါတယ် ။
Playstore ကနေ Download ချမယ်ဆို ဒီလင့် ကို နှိပ်ပြီး ယူနိုင်ပါတယ် ။
Playstore သုံးလို့ မရတဲ့ ဖုန်းတွေဆို ဒီ တယ်လီ လင့် ကနေ ယူနိုင်ပါတယ် ။
iOs App တော့ ထုတ်ဖြစ်ဦးမယ် မထင်ပါ ။
( Website ကိုပဲ Safari Browser ထဲကနေ တဆင့်
Add to Home Screen လုပ်ပြီး အလွယ်တကူ ဝင် ဝင်ဖတ်နိုင်ပါတယ် ။ )
One response to “Post 88 – မျှော်လင့်ချက် (သို့မဟုတ်) မမြင်ရတဲ့ အလင်းရောင် – ဒေါက်တာ ဖြိုးသီဟ”
How lovely.
LikeLike