ဒီ ” နွေဦး ဖတ်စာ ” ရဲ့ ရည်ရွယ်ချက်ကတော့ ရိုးရိုးလေးပါပဲ …
နွေဦး အတွက် ရည်ရွယ်တာပါ ။
နွေဦးမှာ ဉာဏ်အလင်းတွေ ပွင့်နိုင်ဖို့ ၊
နွေဦးမှာ ခွန်အားတွေ မြင့်နိုင်ဖို့ ၊
နွေဦးမှ သည် တစ်နှစ်ပတ်လုံး အတွက် မျှော်လင့်ချက် ရောင်ခြည်တွေ
သယ်ဆောင်လာပေးနိုင်ဖို့ ရည်ရွယ်ပါတယ် ။
နွေဦး ဖတ်စာမှာ
ကျွန်တော်တို့ မြန်မာ့နွေဦးအတွက် အရေးကြီးတယ်လို့ ယူဆရတဲ့
အတွေး အခေါ် ၊ အယူအဆတွေ ၊ အကြံဉာဏ်တွေကို
နွေဦး ခရီးသည်တွေ ဆီကနေ ( ခွင့်ပြုချက် တောင်းခံပြီး )
လက်ဆင့် ကမ်း တင်ပြပေးသွားပါ့မယ် ။
လာပါ …
ကျွန်တော်တို့နဲ့ အတူ နွေဦး ဖတ်စာ ဖတ်ရင်း နွေဦး ခရီး ထွက်ကြရအောင်ပါ ။
ကိုဇင်ဇေ ( စီစဉ်သူ )
“နွေဦးဖတ်စာ” မှာ တင်ပေးမယ့်စာတွေ မှာ
၁။ တော်လှန်ရေး အတွေးအခေါ် ၊ အယူအဆ ၊ အကြံဉာဏ်တွေ
၂။ ကလစ်နည်း လမ်းညွှန်တွေ
၃။ ( တော်လှန်ရေးနဲ့ ချိတ်ဆက် ဆွေးနွေးပေးသွားမယ့် ) အင်္ဂလိပ်စာ သင်ခန်းစာတွေ ဆိုပြီး
ကဏ္ဍ ၃ ခု အဓိက ပါပါမယ်ဗျာ ။
လိုင်းသုံးနေနိုင်သေးရင် ကလစ်လည်း လုပ်ပေးကြပါ …
ဘာတွေ ဘယ်လို ကလစ်ပေးနေလို့ ရမလဲ သိချင်ရင်
ဒီ လင့် ကို နှိပ်ပြီး လေ့လာနိုင်ပါတယ် ။တကယ်လို့ တန်းပြီး ကလစ်ပေးချင်ရင်တော့
C2D ရဲ့ Eain Pyan Lann Website ကို ဒီလင့်ကို နှိပ်ပြီး အလွယ်တကူကလစ်ပေးနိုင်ပါတယ် ။နွေဦးဖတ်စာရဲ့ တွဲဖက် Website တစ်ခု ဖြစ်တဲ့
LWSR – Learn With Spring Reader မှာလည်း
အင်္ဂလိပ်စာ လေ့လာ ထိတွေ့ရင်း ကလစ်ပေးလို့ ရပါတယ် ။P2D ရဲ့ Nway Oo Videos မှာ ဘောလုံးပွဲတွေ ၊ Highlights တွေ ကြည့်ပြီးလည်း ကလစ်ပေးနိုင်ပါတယ်။
LATEST POSTS
-
ကိုယ်ကျင့်တရားဆိုင်ရာ တွေးဆစရာများ ( ဒေါက်တာ ဖြိုးသီဟ )
“ကိုယ်ကျင့်တရားဆိုင်ရာ တွေးဆစရာများ” ◾️မှတ်မိသလောက် ရေးရတာမို့ အတိအကျ ဟုတ်ချင်မှ ဟုတ်မယ်။ သဘောတရားကို ယူပါ။ တစ်ခါက ပင်စင်စား အဖိုးကြီးတစ်ယောက် ရှိသတဲ့။ သူ့ချွေးနဲစာလေးနဲ့ ဘဝမှာ ပထမဆုံးအကြိမ်အဖြစ် ကားကောင်းကောင်းတစ်စီး ဝယ်လိုက်တယ်။ ငွေပိုမရှိတော့လို့ အာမခံတော့ မထားရသေးဘူး။ တစ်ရက်တော့ သူ အဲဒီကားလေးကို မောင်းရင်း ရထားသံလမ်း (လမ်းလွှဲ) မှာ ရပ်ထားခဲ့ပြီး ရထားလမ်းတလျှောက် လမ်းလျှောက်ထွက် ရှုခင်းတွေ ကြည့်နေတယ်။ အဲဒီမှာ ရထားတစ်စီးက အရှိန်နဲ့ မောင်းလာတယ်။ ကြည့်လိုက်တော့ အဲဒီလမ်းပေါ်မှာ ကလေးလေးတစ်ယောက်က ဆော့ကစားလို့။ သူပြေးသွားလို့လည်း မမီသလို၊ လှမ်းအော်လို့လည်း ကလေးက မကြားနိုင်ဘူး။ ဒါပေမဲ့ သူ့အနားမှာက ဒီရထားကို လမ်းလွှဲလိုက်လို့ ရတဲ့ မောင်းတံတစ်ခု ရှိနေတယ်။ ဒါကို နှိပ်ချလိုက်ရင်
-
တောင်ပေါ်သူလေးတွေ ဘာလို့ ပါးအို့နီလေးတွေနဲ့ ဖြစ်နေရတာလဲ ( တယ်လီကျန်းမာ )
“တောင်ပေါ်သူလေးတွေ ဘာလို့ ပါးအို့နီလေးတွေနဲ့ ဖြစ်နေရတာလဲ” လို့ မနေ့က မေးကြည့်တော့ ဖြေလိုက်ကြတာမှ…..အဖြေတွေ အမျိုးမျိုးပဲနော်… တကယ်လည်း ပါးလေးတွေနီ… နားရွက်ဖျားလေးတွေနီ… နှာထိပ်လေးတွေနီပြီး….မျက်နှာမှာ ပတ္တမြားရောင်လေးတွေ ဖြစ်နေကြတာဟာ အကြောင်းအရင်းတွေ အမျိုးမျိုးရှိပါတယ်တဲ့။…. ပထမဦးဆုံးကတော့ တောင်ပေါ်ဒေသကို ရောက်တဲ့အခါ လေထုဖိအား နည်းတာပေါ့နော်… ဖိအားနည်းတော့ လေထဲက အောက်စီဂျင်ဟာ အဆုတ်ထဲ ကောင်းကောင်းမဝင်ဘဲ ပမာဏနည်းသွားပါသတဲ့… အမြင့်ရောက်လေ အောက်စီဂျင်နည်းလေ မဟုတ်ဘူးနော်…🤗 (လေထုထဲမှာ O2 ပါဝင်တဲ့ရာခိုင်နှုန်းဟာ မြေပြန့်နဲ့ တောင်ပေါ် အတူတူပါပဲတဲ့။ မော်လီကျူးလေးတွေဟာ ပိုပျံ့ကျဲနေပြီး လေဖိအားလည်း နည်းတာကြောင့် ခန္ဓာကိုယ်ထဲ ရောက်တဲ့ပမာဏ နည်းသွားတာပါတဲ့) အဲ့တော့ ဘာဖြစ်တုန်း ? ဘာဖြစ်ရမှာတုန်း….နည်းသွားတဲ့ အောက်စီဂျင်ကို စနစ်တကျနဲ့ လိုတဲ့နေရာတွေကို ပို့ပေးဖို့ ခန္ဓာကိုယ်က သွေးနီဥတွေ အများကြီး
-
အကြပ်အတည်းကြားက ရှင်သန်ခြင်း ( ဒေါက်တာ ဖြိုးသီဟ )
“အကြပ်အတည်းကြားက ရှင်သန်ခြင်း” ◾️ကိုယ့်မွေးနေ့ ရောက်တဲ့အခါတိုင်း တွေးမိတာတစ်ခုက “ငါ ဘာအတွက် လူလာဖြစ်တာလဲ” ဆိုပြီးတော့ပေါ့။ အဲဒီမေးခွန်းအတွက် အရင်တုန်းက ရတဲ့ အဖြေက ‘အသိပညာ မျှဝေဖို့’၊ ‘လူတွေကို ကူညီဖို့’၊ ဒီလိုတွေ ဖြစ်တယ်။ ခုထိရော မှန်လားဆို မှန်ပါသေးတယ်။ သို့သော် ဒီဘက်နှစ်တွေမှာတော့ အတော်လေး ပြောင်းလဲသွားခဲ့တယ် ပြောရမယ်။ ◾️အခုဆို အသက်က ၃၄၊ အိမ်မှာ မရှိဘဲ ဖြတ်သန်းရတဲ့ မွေးနေ့အနေနဲ့ဆို ၃ နှစ်မြောက်။ ဘဝအပေါ် မြင်တဲ့အမြင်၊ ရေးတဲ့စာ၊ လုပ်တဲ့အလုပ်တွေက အရင်နှစ်တွေကထက် ပိုရင့်ကျက် ပြည့်ဝလာသလို ကိုယ့်ကိုယ်ကိုယ် ခံစားမိတယ်။ ဘယ်သူမဆို ပျော်ရွှင်၊ အဆင်ပြေ၊ လွယ်ကူချင်ကြတာချည်းပဲ ဆိုပေမဲ့ အခက်အခဲ၊ ဒုက္ခတွေကသာ လူကို ပိုရင့်ကျက်လာစေတာမို့လား။ အတွေးအမြင်တွေကို
-
နွေဦးဖတ်စာ – ၃ ( အွန့်အွန့် – Burmese Alphabet )
နွေဦးဖတ်စာ – ၃ “ဟေ့လူ၊ ကိုဇင်ဇေ” “ဘာလဲဗျ၊ ဆရာဖြိုး” “ကျုပ်က အဆုံးထိမရောက်တဲ့ ကြိုးစားအားထုတ်မှုဟာ အစကတည်းက မလုပ်ခဲ့တာနဲ့ အတူတူပဲလို့ပြောနေတာကို ခင်ဗျားက ဘာလို့ အစကတည်းက မဝင်လာရမှာလို့ ပြောရတာလဲဗျ” ဆရာဖြိုးက ရစ်လိုက်ရာ ကိုဇင်ဇေမှာ ဆတ်ခနဲ တစ်ချက်တွန့်သွားပြီး ချက်ချင်းပင် ကြက်ခေါင်းဆိတ်မခံ ပြန်ဖြေလိုက်၏။ “အဲ့ဒီစကားမျိုး ကျုပ် မပြောဘူးနော်၊ ဆရာဖြိုး” “ကျနော်က လှုံ့ဆော်အားပေးနေတာကို ခင်ဗျားက အပျက်ဘက်ကနေ လိုက်ပြောနေတယ်၊ တကယ့်လူပဲ” “ဟာ ဟေ့လူ၊ အဲ့ဒီစကား ကျုပ်မပြောပါဘူးဆို၊ ကျုပ်က ငရဲရောက်မှာတော့ ဆုံးအောင်သာဆက်လျှောက်ဆိုပြီးတော့တောင် ချာချီကြီးစကား ကိုးကားပြောခဲ့သေးတာနော်” “လက်ပူးလက်ကြပ်မိနေတာတောင် ခင်ဗျားက ငုံတာဥ လုပ်နေတာလား ကိုဇင်ဇေ” “ရေခဲချောင်း အာ ဘာ မုန်လာဥမှ မလုပ်ပါဘူးဗျ၊
-
လူတယောက်ကိုချီးမွမ်းတဲ့အခါ ( ဇဏ်ခီ )
လူတယောက်ကိုချီးမွမ်းတဲ့အခါမှာ “Unprejudiced” ဆိုတာတခါတလေကြားရတတ်တယ်။ ကြားရတော့ခဲတယ်။ များသောအားဖြင့် “He’s nice.” “She’s generous.” “He’s kind.” “She’s brave.” စသည်ဖြင့်ကြားရတယ်။ Unprejudiced ဆိုတာမကြားရသလောက်ရှားတယ်။ Unprejudiced ဆိုတာ တဖက်သားကိုသေချာမသိပဲနဲ့ assume မလုပ်ဘူး။ Judge မလုပ်ဘူး။ မသိပဲနဲ့စိတ်ထဲမှာ မှန်းဆစွပ်စွဲကောက်ချက်ချတာမျိုးမလုပ်ဘူး။ တနည်းအားဖြင့်ပြောရရင် စိတ်ရှင်းတယ်ပေါ့။ ဥပမာ – ကျောင်းမှာလှတဲ့ကောင်မလေးတယောက် – သူဟာဘာသိဘာသာ (ဖာသီးဖာသာ) နေတတ်ရင်ဘာပြောကြလဲ။ “သူကမာနကြီးနေတာ” “သူကမောက်မာတယ်” လို့ပြောကြမယ်။ တကယ်တမ်းမှာ သူဟာရှက်တတ်တာဖြစ်ရင်ဖြစ်မယ်၊ introvert ဖြစ်ချင်ရင်လည်းဖြစ်နေမယ်၊ ဒါမှမဟုတ် သူ့ nature ကိုကဘာသိဘာသာနေတတ်တာလည်းဖြစ်ရင်ဖြစ်မယ်။ ဒါပေမယ့် ချောမောလှပတဲ့အတွက် သူ့ရဲ့ဘာသိဘာသာနေခြင်းဟာ မာနကြီးလို့ဆိုတဲ့ assumption (မှန်းဆခြင်း) နဲ့ conclude (ကောက်ချက်ချ) လိုက်ကြတယ်။
-
နွေဦးဖတ်စာ – ၂ ( အွန့်အွန့် – Burmese Alphabet )
နွေဦးဖတ်စာ – ၂ ( အွန့်အွန့် – Burmese Alphabet ) “ကိုကို ထတော့လေ” ချိုသာညင်းပြောင်းသော အသံသေးသေးလေးကြောင့် ကိုလင်းထက်အောင် အိပ်ရာမှ နိုးလာလေသည်။ ချစ်စဖွယ်မျက်နှာလေးဖြင့် သူ့ကို စိုက်ကြည့်ရင်း ပြုံးပြနေသော မိန်းမပျိုလေးတစ်ဦးကို မြင်လိုက်ရသည်။ “ကိုကိုကလည်း၊ သိပ်အိပ်ပုတ်တာပဲ၊ ထတော့လေ၊ ဘရိတ်ဖတ်စ် စားကြမယ်၊ ကော်ဖီလည်းဖျော်ထားပြီးပြီ” ထိုမိန်းမပျိုလေးက ခရာတာတာ ပြောလိုက်ပြန်သည်။ “ကိုယ် နိုးပါပြီ လီဆာရယ်” မိန်းမချောလေးက ခပ်ချွဲချွဲလေး ထပ်နှိုးနေသဖြင့် ကိုလင်းထက်အောင်က အဖြေပြန်ပေးပြီး ထလာလိုက်သည်။ ထို့နောက် မျက်နှာသစ်၊ သွားတိုက်ပြီး မနက်စာစားရန် ထမင်းစားခန်းထဲသို့ ဝင်လာလေသည်။ ‘လီဆာ’ က စားပွဲတွင် အပြုံးလေးနှင့် အဆင်သင့်ထိုင်စောင့်နေသည်ကို တွေ့လိုက်ရသဖြင့် ကိုလင်းထက်အောင် အတော် ဘဝင်ကျသွားသည်။
NEWSLETTER
We’ll work on it. Maybe?