ဒီ ” နွေဦး ဖတ်စာ ” ရဲ့ ရည်ရွယ်ချက်ကတော့ ရိုးရိုးလေးပါပဲ …

နွေဦး အတွက် ရည်ရွယ်တာပါ ။
နွေဦးမှာ ဉာဏ်အလင်းတွေ ပွင့်နိုင်ဖို့ ၊
နွေဦးမှာ ခွန်အားတွေ မြင့်နိုင်ဖို့ ၊
နွေဦးမှ သည် တစ်နှစ်ပတ်လုံး အတွက် မျှော်လင့်ချက် ရောင်ခြည်တွေ
သယ်ဆောင်လာပေးနိုင်ဖို့ ရည်ရွယ်ပါတယ် ။

နွေဦး ဖတ်စာမှာ
ကျွန်တော်တို့ မြန်မာ့နွေဦးအတွက် အရေးကြီးတယ်လို့ ယူဆရတဲ့
အတွေး အခေါ် ၊ အယူအဆတွေ ၊ အကြံဉာဏ်တွေကို

နွေဦး ခရီးသည်တွေ ဆီကနေ ( ခွင့်ပြုချက် တောင်းခံပြီး )
လက်ဆင့် ကမ်း တင်ပြပေးသွားပါ့မယ် ။

လာပါ …
ကျွန်တော်တို့နဲ့ အတူ နွေဦး ဖတ်စာ ဖတ်ရင်း နွေဦး ခရီး ထွက်ကြရအောင်ပါ ။

ကိုဇင်ဇေ ( စီစဉ်သူ )


“နွေဦးဖတ်စာ” မှာ တင်ပေးမယ့်စာတွေ မှာ
၁။ တော်လှန်ရေး အတွေးအခေါ် ၊ အယူအဆ ၊ အကြံဉာဏ်တွေ
၂။ ကလစ်နည်း လမ်းညွှန်တွေ
၃။ ( တော်လှန်ရေးနဲ့ ချိတ်ဆက် ဆွေးနွေးပေးသွားမယ့် ) အင်္ဂလိပ်စာ သင်ခန်းစာတွေ ဆိုပြီး
ကဏ္ဍ ၃ ခု အဓိက ပါပါမယ်ဗျာ ။


လိုင်းသုံးနေနိုင်သေးရင် ကလစ်လည်း လုပ်ပေးကြပါ …
ဘာတွေ ဘယ်လို ကလစ်ပေးနေလို့ ရမလဲ သိချင်ရင်
ဒီ လင့် ကို နှိပ်ပြီး လေ့လာနိုင်ပါတယ် ။

တကယ်လို့ တန်းပြီး ကလစ်ပေးချင်ရင်တော့
C2D ရဲ့ Eain Pyan Lann Website ကို ဒီလင့်ကို နှိပ်ပြီး အလွယ်တကူကလစ်ပေးနိုင်ပါတယ် ။

နွေဦးဖတ်စာရဲ့ တွဲဖက် Website တစ်ခု ဖြစ်တဲ့
LWSR – Learn With Spring Reader မှာလည်း
အင်္ဂလိပ်စာ လေ့လာ ထိတွေ့ရင်း ကလစ်ပေးလို့ ရပါတယ် ။

P2D ရဲ့ Nway Oo Videos မှာ ဘောလုံးပွဲတွေ ၊ Highlights တွေ ကြည့်ပြီးလည်း ကလစ်ပေးနိုင်ပါတယ်။



LATEST POSTS


  • “မှန်လိုလူလား၊ ပန်းချီကားလိုလူလား” – ဒေါက်တာ ဖြိုးသီဟ

    “မှန်လိုလူလား၊ ပန်းချီကားလိုလူလား” သတိထားမိသလောက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့သူ၊ ရပ်တည်ချက် ခိုင်မာတဲ့သူတွေဟာ သူများတွေရဲ့ ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်း၊ အသိအမှတ်ပြုခြင်း၊ မပြုခြင်း၊ ကျေးဇူးတင်ခြင်း၊ မတင်ခြင်းတွေအပေါ်မှာ သိပ်ပြီး ခံစားလေ့မရှိဘူး။ ချီးမွမ်းခံရလည်း ဘဝင်မြင့်မသွား၊ အောက်ခြေလွတ်မသွားသလို၊ ကဲ့ရဲ့ခံရလို့လည်း လုပ်မယ်လို့ ဆုံးဖြတ်ထားတဲ့ အရာတွေကို နောက်မဆုတ်ပစ်တတ်ဘူး။ သူ့တန်ဖိုး သူသိတယ်၊ ဘယ်သူဆုံးဖြတ်ပေးတာကိုမှ မခံဘူး။ ကိုယ်လုပ်နေတာတွေဟာလည်း အသိအမှတ်ပြုခံရဖို့၊ ကျေးဇူးတင်ခံရဖို့ မဟုတ်တော့ အဲလိုကျေးဇူးမတင်လို့၊ အသိအမှတ်မပြုလို့ ဆိုပြီး စေတနာပျက်သွားတာမျိုးလည်း မရှိဘူး။ ဘယ်သူသိသိ မသိသိ ကိုယ်လုပ်စရာရှိတာတော့ ဆက်လုပ်သွားဦးမှာပါပဲ။ လွတ်လပ်တဲ့လူဆိုတာ အဲဒီလိုလူမျိုးကို ခေါ်တာ ဖြစ်ပါတယ်။ သူ့လုပ်ရပ်၊ သူ့အတွေးအကြံ၊ သူ့စေတနာတွေဟာ ဘယ်ပေါ်မှာမှ မှီတည်မနေဘူး။ ဘယ်လိုတုံ့ပြန်မှုမျိုး ရလာပါစေ၊ သူ့ရပ်တည်ချက်အတိုင်းပဲ ဆက်သွားနေမှာ ဖြစ်တယ်။

    Read more

  • တညီတည်း ရုန်းကြဖို့ အချိန်ရောက်ပြီ – ကို မင်းကိုနိုင်

    | တညီတည်း ရုန်းကြဖို့ အချိန်ရောက်ပြီ | ◼️အကြမ်းဖက်စစ်ကောင်စီဟာ အရှုံးပေါင်းများစွာနဲ့ အဘက်ဘက်က ပြိုကျလာတာကို တွေ့ရမှာဖြစ်တာကြောင့် ပြည်သူ့အလှည့်ရောက်ပြီဆိုတာကို မြဲမြဲကြီးယုံကြည်ထားပြီး “တညီတည်းရုန်းကြဖို့ အချိန်ရောက်ပြီ” လို့ ဦးမင်းကိုနိုင်က The Voice of Spring ကို အခုလို ပြောပြပါတယ်။ အပြည့်အစုံကို 👇 ( On Facebook ) https://fb.watch/lm0_qIMXKi/

    Read more

  • “ဘယ်နေရာမှ အသုံးမဝင်တဲ့သူဟာ ဘဝသေသွားတတ်တယ်” – ဒေါက်တာ ဖြိုးသီဟ

    “ဘယ်နေရာမှ အသုံးမဝင်တဲ့သူဟာ ဘဝသေသွားတတ်တယ်” ◾️တမလွန်ဘ၀ (Afterlife) အကြောင်း စိတ်ကူးယဉ် ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားတစ်ကားမှာ နားထောင်လိုက်ရဖူးတယ်။ ရဲအဖြစ်နဲ့ သေလာတဲ့သူကလည်း အဲဒီတမလွန်မှာ ရဲဆက်ဖြစ်နေတယ်။ ကျောင်းဆရာဘဝကနေ သေသွားတဲ့သူကလည်း အဲဒီမှာ ကျောင်းဆရာ ဆက်လုပ်ကြတယ်။ အဲဒါနဲ့ မေးတာပေါ့။ သေသွားပြီပဲ၊ ဒီဘဝမှာ မင်းတို့ ရာထူးလည်း တိုးမှာမဟုတ်၊ လစာလည်း ရမှာမဟုတ်ဘဲ ဘာလို့ ဒီအလုပ်တွေ ဆက်လုပ်နေသေးလဲ ဆိုတော့ တစ်ယောက်က ပြန်ဖြေတယ်။ သေသွားပြီဆိုတိုင်း အသုံးမကျ ဖြစ်သွားတာ မဟုတ်ဘူး။ “အသုံးမကျတဲ့သူကသာ သေသလို ဖြစ်သွားတာ” တဲ့။ ◾️အဲဒီစကားလေး ကြားရတော့ ခုလက်ရှိ အခြေအနေနဲ့ ကိုက်ညီလိုက်တာလို့ တွေးမိတယ်။ ၂ နှစ်ကျော်အတွင်း နိုင်ငံ့အရေးအတွက် နေ့တိုင်းနီးပါး လုပ်နေဖြစ်တာကို ပြန်စဉ်းစားကြည့်တော့ ကိုယ့်ကိုယ်ကိုယ်

    Read more

  • “စိတ်ဒဏ်ရာကို သတိဖြင့် ကုစားခြင်း” – ဒေါက်တာ ဖြိုးသီဟ

    “စိတ်ဒဏ်ရာကို သတိဖြင့် ကုစားခြင်း” ◾️လူခန္ဓာကိုယ်မှာ ဒဏ်ရာရတတ်သလို စိတ်မှာလည်း ဒဏ်ရာရတတ်တယ်။ ကြီးမားပြင်းထန်တဲ့ ထိခိုက်မှုလို့ ဆိုလိုတယ်။ သာမန်စိတ်ဖိစီးတာလောက်ကိုပဲ ပြောတာ မဟုတ်ဘူး။ ဥပမာ ရည်းစားနဲ့ ရိုးရိုးတန်းတန်း ကွဲတာ မဟုတ်ဘဲ သစ္စာဖောက်ခံလိုက်ရတာမျိုး၊ မိဘတွေ ရောဂါနဲ့ ဆုံးပါးသွားတာ မဟုတ်ဘဲ မတော်တဆမှုတစ်ခုကြောင့် ရုတ်တရက် ဆုံးပါးသွားတာမျိုး၊ ရုပ်ပိုင်း၊ လိင်ပိုင်း အကြမ်းဖက်ခံရတာမျိုး၊ စစ်မက်ဖြစ်ပွားနေတဲ့အခါမျိုး စတဲ့ အခြေအနေတွေကို ဆိုလိုတယ်။ ◾️ဒါတွေ ဖြစ်တိုင်းလည်း စိတ်ဒဏ်ရာ ရတယ် မဟုတ်ပြန်ဘူး။ တစ်ယောက်နဲ့တစ်ယောက်ရဲ့ ပင်ကိုယ်စိတ်အခံ၊ ဘယ်လိုနည်းလမ်းတွေနဲ့ ကုစားသလဲ၊ ဘယ်လိုပတ်ဝန်းကျင်မျိုးမှာ ရှင်သန်နေထိုင်ရသလဲ စတဲ့ အချက်တွေပေါ် မူတည်ပြီးလည်း ကွာခြားကြပြန်သေးတယ်။ ဥပမာ စီးပွားပျက်သွားတာချင်း အတူတူ ပစ္စည်းဥစ္စာအပေါ် တပ်မက်မှု ပိုများသူ၊ အတ္တ၊

    Read more

  • နွေဦးဖတ်စာ – ၄ ( အွန့်အွန့် – Burmese Alphabet )

    နွေဦးဖတ်စာ – ၄ “ကိုယ့်မွေးနေ့ ရောက်တဲ့အခါတိုင်း တွေးမိတာတစ်ခုက ငါ ဘာအတွက် လူလာဖြစ်တာလဲ ဆိုပြီးတော့ပေါ့” “ဟာ လုပ်လာပြန်ပြီနော်” တရားဖြုတ်ပြီးပြီးချင်း တွေးတွေးဆဆပြောလိုက်သော ဆရာဖြိုး၏ စကားနှင့် ရေထဲမှ ဆယ်ယူလာသောအထုပ်ကို ဖွင့်ကြည့်နေသော ကိုဇင်ဇေ၏ စကားတို့မှာ ရှေ့ဆင့်နောက်ဆင့် ထွက်လာသောကြောင့် ကိုလင်းထက်အောင် ပြုံးစိစိ ဖြစ်သွား၏။ “ဘာဖြစ်ပြန်တာလဲ ကိုဇင်ဇေ” မုဒ်ပျက်သွားသော ဆရာဖြိုးက ရှုတည်တည်ကြီး မေးလိုက်သည်။ “ဒီမှာလေဗျာ စာတွေချည်းပဲ ထပ်ထွက်လာလို့လေ” ကိုဇင်ဇေက အထုပ်ထဲမှထွက်လာသော စာများကို ပြရင်း ပြန်ပြောလိုက်သည်။ “အခြား အသုံးဝင်တာတွေ ပါဦးမှာပါ၊ သေချာရှာကြည့်ပါဦး ကိုဇင်ဇေရဲ့” ဆရာဖြိုး၏စကားကြောင့် ကိုဇင်ဇေသည် အထုပ်ကို အိတ်သွန်ဖာမှောက် လုပ်လိုက်ရာ အချောင်းသုံးချောင်း ထွက်ကျလာလေသည်။ “ဟာ Energy Bar

    Read more

  • ကောက်ကြောင်း – ၅ (ကြိုးဝိုင်း) – အွန့်အွန့် – Burmese Alphabet

    ကောက်ကြောင်း – ၅ (ကြိုးဝိုင်း) ပဒေသာပင်ချယ်နယ်မှ work out music ကိုဖွင့်ပြီး ကျားကုတ်ကျားခဲ အိပ်ပျော်နေသော ကိုမဟာကို နည်းပြဆရာအောင်လက ညင်ညင်သာသာ ပိတ်ကန်ပြီး နှိုးလိုက်သည်။ “ဟျောင့် work out music ကြီးဖွင့်ပြီး အိပ်ပျော်နေရသလားဟ၊ ကိုပဒေသာတော့ ကောတော့မှာပဲ” ဆရာအောင်လက မာန်လိုက်သဖြင့် ကိုမဟာ မချိသွားဖြဲ ပြန်ပြုံးလိုက်ရင်း “ပင်ပန်းပြီး အိပ်ပျော်သွားတာပါဆရာ” ဟု ပြောလိုက်သည်။ အမှန်မှာ မနေ့က အသစ်ထွက်တော့မည့် ဝေးလ်၏ ‘မခင်လေးငယ်သို့’ ကဗျာစာအုပ်ကို တစ်ပုဒ်ချင်း အရသာခံပြီး ပြန်ဖတ်နေသောကြောင့် ညဉ့်နက်မှအိပ်ပျော်သွားခြင်း ဖြစ်ကြောင်းကိုတော့ ပြောပြမနေတော့ပေ။ ဆရာအောင်လက စိတ်မြန်လက်မြန်တတ်သူ မဟုတ်လား။ ပြောမရလျှင် စပါးအုံးချုပ်ကွက်နှင့် ထလုပ်နေလျှင် မခက်ပါလား။ အမှန်မှာ သည်နေ့က ဒါရိုက်တာကြီး

    Read more

FOLLOW

NEWSLETTER

We’ll work on it. Maybe?