ဒီ ” နွေဦး ဖတ်စာ ” ရဲ့ ရည်ရွယ်ချက်ကတော့ ရိုးရိုးလေးပါပဲ …
နွေဦး အတွက် ရည်ရွယ်တာပါ ။
နွေဦးမှာ ဉာဏ်အလင်းတွေ ပွင့်နိုင်ဖို့ ၊
နွေဦးမှာ ခွန်အားတွေ မြင့်နိုင်ဖို့ ၊
နွေဦးမှ သည် တစ်နှစ်ပတ်လုံး အတွက် မျှော်လင့်ချက် ရောင်ခြည်တွေ
သယ်ဆောင်လာပေးနိုင်ဖို့ ရည်ရွယ်ပါတယ် ။
နွေဦး ဖတ်စာမှာ
ကျွန်တော်တို့ မြန်မာ့နွေဦးအတွက် အရေးကြီးတယ်လို့ ယူဆရတဲ့
အတွေး အခေါ် ၊ အယူအဆတွေ ၊ အကြံဉာဏ်တွေကို
နွေဦး ခရီးသည်တွေ ဆီကနေ ( ခွင့်ပြုချက် တောင်းခံပြီး )
လက်ဆင့် ကမ်း တင်ပြပေးသွားပါ့မယ် ။
လာပါ …
ကျွန်တော်တို့နဲ့ အတူ နွေဦး ဖတ်စာ ဖတ်ရင်း နွေဦး ခရီး ထွက်ကြရအောင်ပါ ။
ကိုဇင်ဇေ ( စီစဉ်သူ )
“နွေဦးဖတ်စာ” မှာ တင်ပေးမယ့်စာတွေ မှာ
၁။ တော်လှန်ရေး အတွေးအခေါ် ၊ အယူအဆ ၊ အကြံဉာဏ်တွေ
၂။ ကလစ်နည်း လမ်းညွှန်တွေ
၃။ ( တော်လှန်ရေးနဲ့ ချိတ်ဆက် ဆွေးနွေးပေးသွားမယ့် ) အင်္ဂလိပ်စာ သင်ခန်းစာတွေ ဆိုပြီး
ကဏ္ဍ ၃ ခု အဓိက ပါပါမယ်ဗျာ ။
လိုင်းသုံးနေနိုင်သေးရင် ကလစ်လည်း လုပ်ပေးကြပါ …
ဘာတွေ ဘယ်လို ကလစ်ပေးနေလို့ ရမလဲ သိချင်ရင်
ဒီ လင့် ကို နှိပ်ပြီး လေ့လာနိုင်ပါတယ် ။တကယ်လို့ တန်းပြီး ကလစ်ပေးချင်ရင်တော့
C2D ရဲ့ Eain Pyan Lann Website ကို ဒီလင့်ကို နှိပ်ပြီး အလွယ်တကူကလစ်ပေးနိုင်ပါတယ် ။နွေဦးဖတ်စာရဲ့ တွဲဖက် Website တစ်ခု ဖြစ်တဲ့
LWSR – Learn With Spring Reader မှာလည်း
အင်္ဂလိပ်စာ လေ့လာ ထိတွေ့ရင်း ကလစ်ပေးလို့ ရပါတယ် ။P2D ရဲ့ Nway Oo Videos မှာ ဘောလုံးပွဲတွေ ၊ Highlights တွေ ကြည့်ပြီးလည်း ကလစ်ပေးနိုင်ပါတယ်။
LATEST POSTS
-
မင်္ဂလာပါ။ သည်းတုံးလေးတို့ ချစ်တုံးလေးတို့ ( Soe Min )
“မင်္ဂလာပါ။ သည်းတုံးလေးတို့ ချစ်တုံးလေးတို့။ ညိုကီတို့ အငယ်ချောလေးတို့။ သာသာယာယာ ရှိကြပါစေကွယ်။ ဥဥစိုး live ဖွင့်ထားပါပြီနော်။ လက်ခလယ်လေးတွေ ထောင်သွားကြပါ။ အဲ့လေ ဟုတ်ပေါင် လက်မ ပြောတာ။” “ဟော ရောက်လာပါပြီ။ ချစ်ကော်ရီး လို့ပဲ ခေါ်မယ်နော်။ ညေးတို့ ဘဒိုတို့ သွားခေါ်မိရင် တချို့က စိတ်ဆိုးကြလို့။ တို့ကိုလည်း ခေါ်ရခက်ရင် မင်မင် လို့ပဲခေါ်” “ဘာပြောတယ်။ အခွန်ကောက်မလို့။ အွန်လိုင်းရှော့ပင်လုပ်ရင် မှတ်ပုံတင်ရမယ်။ ဟုတ်စ။ မှတ်တောင်ထားရဦးမယ်။ ဘယ်သူက ဈေးရောင်းမယ် ပြောလို့လဲ။ ဒီမှာ ဘာပစ္စည်းမှ ခင်းကျင်းပြထားတာ မဟုတ်ဘူး။ နင်က ဘာရောင်းမယ်ထင်လို့ ဈေးကောက်လာကောက်ချင်ရတာလဲ။ စောစောစီးစီး ကျက်သရေ တုံးထှာ။ ဟိုဘက်က ညယ်မလေး။ ဟိုင်းဟိုင်းပါ။ ချတ်ဘောက်ကိုလာ ညလေး။ ဒီမှာ…
-
Lesson 2 – Exploring Financial Expressions: “Belt-Tightening”
Exploring Financial Expressions: “Belt-Tightening” Welcome back to our series of English language lessons focused on financial expressions! Today, we turn our attention to the intriguing phrase “belt-tightening.” Just like the tightening of a belt helps manage its fit, this expression embodies the concept of financial restraint to navigate challenging economic situations. Join us as…
-
Lesson 1 – Exploring Financial Expressions: “In the Red”
Exploring Financial Expressions: “In the Red” Welcome to our short English lesson focused on financial expressions! Today, we’ll be diving into the intriguing world of idioms, phrasal verbs, and expressions related to “finance.” In this post, we’ll shine a spotlight on the expression “in the red” – a phrase that carries significant implications in the…
-
ဒီနေ့ဟာ … ( မင်းကိုနိုင် )
ဒီနေ့ဟာ နှစ်ပါတ်လည်နေ့တွေနဲ့သတိရနေရုံမကဘူးဂုဏ်ပြုနေရုံမကဘူးပူဆွေးပြနေမှာလည်း မဟုတ်ဘူးငါတို့ပြည်သူတွေဟာဖက်ဆစ်တပ်ပြုသမျှ နုရမှာမဟုတ်ဆိုတာပြမှာ။ တော်လှန်ရေးအားငယ်အောင် ဖက်ဆစ်တပ်ကရက်စက်ရိုင်းစိုင်းပြတာ ၊မင်းတို့ဘာတတ်နိုင်လဲ မေးပြီးလှောင်တာ။ ပြည်သူဘက်က“ငါတို့သွေးမပျက်ဘူးကွမင်းတို့ဒီလို တရားလက်လွတ် ရက်စက်ရင်ငါတို့ခုလိုတုန့်ပြန်လို့ရတယ်ကွမင်းတို့ကြေးစားတပ်တွေ ချိနဲ့သွားအောင်ဘဏ္ဍာရေးတိုက်ပွဲ မှာ လူထုအားနဲ့ဟောဒီလို ပြန်တိုက်တယ်ကွ”ဆိုတာမျိုး ပြရမှာ ။ စစ်တပ်ထုတ်ကုန်တွေကိုသပိတ်မှောက်ရမယ်။NUGpay account နဲ့ ငွေလွှဲကြပါ။စက္ကူတွေရိုက်ထုတ် ပိုက်ဆံလို့ကြေငြာပြီးပြည်သူ့ချွေးနည်းစာ ထပ်အပါမခံပါနဲ့တော့အခု Spring development bank လဲ စနေပါပြီ။လူတိုင်း မဖြစ်မနေ account ဖွင့်ကြပါ။သံဓိဌာန်တခုချပြီး တော်လှန်ရေးအတွက် ကလစ်ကြပါ။သွေးစွန်းငွေလှုပ်ရှားမှုအပါအဝင်စစ်ကောင်စီရဲ့ဝင်ငွေရလမ်းအမှန်သမျှဖြတ်တောက်တဲ့ Campaigns တွေမှာပါဝင်ကြပါ။ လူထုညီရင်ဖက်ဆစ်တပ်ဘဏ္ဍာ လေဖြတ် ၊သွက်ချာပါဒလိုက်သွားတဲ့အဆုံး၊ဖက်ဆစ်အရှုံး ပြည်သူအနိုင်ပဲ ။ မင်းကိုနိုင် ၂၃/၇/၂၀၂၃ Facebook Video Link
-
မြစ် ( သင့်သူ )
– မြစ် –••••••••••••••••• ကန္တာရကိုဖြတ်ပြီးစီးခဲ့ကျောက်စိုင်ကျောက်သားတွေကို တိုက်စားပြီးစီးခဲ့စိမ်းညို့ညို့တောအုပ်တွေမြို့ပြရဲ့ စိမ်းကားမှုတွေကျေးရွာတွေရဲ့နွေးထွေးမှုတွေပျော့ပျော့မာမာ တိုက်စားပစ်ခဲ့ရမှုတွေ။ တစ်ခါတစ်လေ အထီးကျန်ပြီးတစ်ခါတစ်လေ အလိုက်သင့်တည်တည်ငြိမ်ငြိမ်တစ်ခါတစ်လေ အသုံးချခံရပြီးတစ်ခါတစ်လေ အားကိုးခံရတယ်။ အပြစ်ဖွဲ့ခံရတဲ့ အခါလည်းစီးရတာပဲနောက်ကျိ ရှုပ်ထွေးနေလည်းစီးရတာပဲကြည်လင်အေးမြနေတော့လည်း စီးဆင်းခဲ့ရကွေ့ကောက်နေလည်း စီးဆင်းခဲ့ရပြန်ဖြောင့်နေလည်း စီးဆင်းခဲ့ရပေါ့စီးမြဲ ဆင်းမြဲ ဦးတည်ရာကတစ်ခုတည်း။ မြတ်နိုးတတ်တယ်ရက်စက်တတ်တယ်။ အရောင်ပြောင်းရတယ်ကူညီရတယ်။ တိမ်တွေညိုရင် အရှိန်ပိုတင်ရတယ်နေသာရင် သာယာပြရတယ်လှိုင်းကြက်ခွပ်တွေကာထားတော့နှလုံးသားကို ဘယ်မြင်ရမလဲ။ ဒူးမထောက်ဘူးမကြောက်ဘူးကိုယ့်လမ်းကြောင်းနဲ့ကိုယ်ကိုယ့်အရှိန်နဲ့ကိုယ်မငိုဘူး မရယ်ဘူးပေါင်းရဲတယ် ခွဲထွက်ရဲတယ်လမ်းမပျောက်ဘူးကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ်လမ်းဆုံးမှာ ပင်လယ်ရှိကြောင်းယုံတယ်။ အကိုင်းခက်မရှိအတိုင်းအတာမရှိစည်းရှိတယ် ကမ်းရှိတယ်ဟုတ်တယ်ခင်ဗျားကျုပ်ကို ကြည့်ကျုပ်က မြစ်မြစ် ဆိုမှ မြစ်မြစ်မှ တကယ့်မြစ်။ ။ – သင့်သူ Facebook ပေါ်မှာပါတော်လှန်ရေး နဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေ ပိုပြီး လူမြင်များနေစေဖို့ ၊မူရင်း Facebook Post ကို ပိုပျံ့စေချင်ရင် ဒီလင့် ကို သွားပြီးR…
-
နွေဦးဖတ်စာ – ၆ ( အွန့်အွန့် – Burmese Alphabet )
နွေဦးဖတ်စာ – ၆ ဂူထဲကို ရေတွေ ဖြတ်စီးနေပြီ။ သို့သော် ရေအရှိန်က အားလျော့လာပြီး ရေလုံးက သေးလာသောကြောင့် ခြေမျက်စိမြုပ်ရုံ အနက်လောက်သာ ကျန်တော့သည်။ ဂူအပြင်ဘက်၌ မုန်တိုင်းစဲသွားဟန် တူ၏။ ယခုအခါ ဂူအတွင်း၌ ပိတ်မိနေကြသော လူသားသုံးဦးမှာ ရေလွတ်ရာသို့ ရွှေ့ပြောင်းရန် မကြိုးစားကြတော့ဘဲ ရေနှင့်အတူ ယှဉ်တွဲနေနိုင်ရန်သာ အားထုတ်နေကြရသည်။ “ဟေ့လူတွေ၊ သေချာကြည့်ကြဦး၊ ရေတွေက စီးနေတယ်နော်” ဆရာဖြိုးက ရုတ်တရက်ပြောလိုက်သဖြင့် ကိုဇင်ဇေနှင့် ကိုလင်းထက်အောင်တို့မှာ ‘ရေပဲ၊ စီးမှာပေါ့၊ ရေစီးတာများ အဆန်းလုပ်နေသေးတယ်’ ဟူသော မျက်နှာပေးများဖြင့် ပြိုင်တူလှမ်းကြည့်လိုက်ကြသည်။ သို့သော်လည်း နှုတ်ကမူ အလိုက်သင့်ပင် “ဟုတ်တယ်နော်” ဟူ၍ စကားထောက်ပေးလိုက်ကြသည်။ “ဒီရေတွေ တစ်နေရာရာကို စီးသွားတာပဲ ဖြစ်ရမယ်၊ ကျနော်တို့ လိုက်ကြည့်ကြရအောင်၊ ခါတိုင်း…
NEWSLETTER
We’ll work on it. Maybe?