ဒီ ” နွေဦး ဖတ်စာ ” ရဲ့ ရည်ရွယ်ချက်ကတော့ ရိုးရိုးလေးပါပဲ …
နွေဦး အတွက် ရည်ရွယ်တာပါ ။
နွေဦးမှာ ဉာဏ်အလင်းတွေ ပွင့်နိုင်ဖို့ ၊
နွေဦးမှာ ခွန်အားတွေ မြင့်နိုင်ဖို့ ၊
နွေဦးမှ သည် တစ်နှစ်ပတ်လုံး အတွက် မျှော်လင့်ချက် ရောင်ခြည်တွေ
သယ်ဆောင်လာပေးနိုင်ဖို့ ရည်ရွယ်ပါတယ် ။
နွေဦး ဖတ်စာမှာ
ကျွန်တော်တို့ မြန်မာ့နွေဦးအတွက် အရေးကြီးတယ်လို့ ယူဆရတဲ့
အတွေး အခေါ် ၊ အယူအဆတွေ ၊ အကြံဉာဏ်တွေကို
နွေဦး ခရီးသည်တွေ ဆီကနေ ( ခွင့်ပြုချက် တောင်းခံပြီး )
လက်ဆင့် ကမ်း တင်ပြပေးသွားပါ့မယ် ။
လာပါ …
ကျွန်တော်တို့နဲ့ အတူ နွေဦး ဖတ်စာ ဖတ်ရင်း နွေဦး ခရီး ထွက်ကြရအောင်ပါ ။
ကိုဇင်ဇေ ( စီစဉ်သူ )
“နွေဦးဖတ်စာ” မှာ တင်ပေးမယ့်စာတွေ မှာ
၁။ တော်လှန်ရေး အတွေးအခေါ် ၊ အယူအဆ ၊ အကြံဉာဏ်တွေ
၂။ ကလစ်နည်း လမ်းညွှန်တွေ
၃။ ( တော်လှန်ရေးနဲ့ ချိတ်ဆက် ဆွေးနွေးပေးသွားမယ့် ) အင်္ဂလိပ်စာ သင်ခန်းစာတွေ ဆိုပြီး
ကဏ္ဍ ၃ ခု အဓိက ပါပါမယ်ဗျာ ။
လိုင်းသုံးနေနိုင်သေးရင် ကလစ်လည်း လုပ်ပေးကြပါ …
ဘာတွေ ဘယ်လို ကလစ်ပေးနေလို့ ရမလဲ သိချင်ရင်
ဒီ လင့် ကို နှိပ်ပြီး လေ့လာနိုင်ပါတယ် ။တကယ်လို့ တန်းပြီး ကလစ်ပေးချင်ရင်တော့
C2D ရဲ့ Eain Pyan Lann Website ကို ဒီလင့်ကို နှိပ်ပြီး အလွယ်တကူကလစ်ပေးနိုင်ပါတယ် ။နွေဦးဖတ်စာရဲ့ တွဲဖက် Website တစ်ခု ဖြစ်တဲ့
LWSR – Learn With Spring Reader မှာလည်း
အင်္ဂလိပ်စာ လေ့လာ ထိတွေ့ရင်း ကလစ်ပေးလို့ ရပါတယ် ။P2D ရဲ့ Nway Oo Videos မှာ ဘောလုံးပွဲတွေ ၊ Highlights တွေ ကြည့်ပြီးလည်း ကလစ်ပေးနိုင်ပါတယ်။
LATEST POSTS
-
နေပူကျဲမှာ ရေခဲပန်းပု ထုသလို ( ဦးမင်းကိုနိုင် )
မြန်မာ့အရေး ဖြေရှင်းရန် အာဆီယံ၏ ကြိုးပမ်းဆွေးနွေးမှု နေပူထဲတွင် ရေခဲပန်းပု ထုသလိုဖြစ်နေပြီး အရေးယူမည့် ယန္တရား မရှိ၍ မည်သည့်ထိရောက်မှုမှ မရှိနိုင်ဟု ဦးမင်းကိုနိုင်ပြော “လွယ်သလား ခက်သလားရာမ အာဏာလုသိမ်းပြီး ခုတော့ထင်သလိုလွယ်ရဲ့လား” ဟု မင်းအောင်လှိုင်နှင့်စစ်တပ်ကို မေးခွန်းထုတ် ရန်ကုန်၊ မေ ၁၀ မြန်မာ့အရေး ဖြေရှင်းရန် အာဆီယံ၏ ကြိုးပမ်းဆွေးနွေးမှုသည် နေပူထဲတွင် ရေခဲ ပန်းပု ထု သကဲ့သို့ အရာမထင် ဖြစ်နေပြီး အရေးယူမည့် ယန္တရားမရှိ၍ မည်သည့် ထိရောက်မှုမှ မရှိနိုင်ကြောင်း ဦးမင်းကိုနိုင်က ပြောဆိုလိုက်သည်။ မေလ ၉ ရက်နေ့မှစတင်၍ အင်ဒိုနီးရှားနိုင်ငံတွင် အာဆီယံ ထိပ်သီးအစည်း အဝေးနှင့် ဆက်စပ် အစည်းအဝေးများ ကျင်းပလျက်ရှိပြီး ယင်းအစည်းအဝေးများတွင် မြန်မာ့အရေး ဖြေရှင်းရန် အချက်က
-
ငါတို့အလှည့်ဆိုတာ ဘာကို ပြောတာလဲ ( ဦးမင်းကိုနိုင် )
“ပြည်သူလူထုရဲ့ ကြွေးကြော်သံက နောက်တစ်ခုကျန်သေးတယ်လေ။မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်ဆိုတာ ဒါလည်းသိပ်ပြီးတော့ မှန်တယ်။ငါတို့အလှည့်ဆိုတာ ဘာကို ပြောတာလဲ။ ပုဂ္ဂိုလ်ကို ပြောတာမဟုတ်ဘူးဗျ။ တရားဗျ။ တရားစီရင်ဖို့ကျန်တယ်ဆိုတာကို ပြောတာ။ ပြည်သူဆီမှာ အဲဒီ အမှန်တရားကို စီရင်ခွင့်ရှိရမယ်။ ဒီအလှည့်ကျန်သေးတယ်” By ရန်ကုန်ခေတ်သစ်၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်နှင့်တွေ့ဆုံခြင်း အကြမ်းဖက် မင်းအောင်လှိုင်က ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်မှစတင်၍ ပြည်သူများကို ပုံစံအမျိုးမျိုးဖြင့် ဖိနှိပ် သတ်ဖြတ်ခြင်းများကို လုပ်ဆောင်ခဲ့ရာ ၂ နှစ်ကျော်ကာလတွင် ပြည်သူ ၃၀၀၀ ကျော် သေဆုံးခဲ့ရပြီးဖြစ်သည်။ စစ် တပ် က လေ ကြောင်း ဖြင့် ပြည်သူများကို တိုက်ခိုက်သတ်ဖြတ်ခြင်း၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ အမျိုး သမီးများကို မုဒိမ်းကျင့်သတ်ဖြတ်ခြင်း၊ ကလေးငယ်များ ပါမကျန် ရက်စက်စွာ သတ်ဖြတ်ခြင်းများ
-
မိန်းမပျိုလေး ကနေပြီ— 🇨🇳 🇮🇳🇹🇭 ( မရွှေမိုး-ကိုရီးယား )
မိန်းမပျိုလေး ကနေတယ်— မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်တဲ့။ 🇨🇳 🇮🇳🇹🇭 အိန္ဒိယက ကွန်ဂရက်ပါတီအကြောင်းနဲ့ စ ရပါမယ်—ကွန်ဂရက်ပါတီကို မြန်မာပြည်သူလူထုရဲ့မိတ်ဆွေလို့ ပြောနိုင်ပါတယ်။ ကွန်ဂရက်ပါတီ (Indian Congress party— INC) ဖြစ်လာဖို့ အစပျိုးခဲ့သူကတော့ ‘မဟတ္တမ ဂန္ဒီ’ပါ။ ဗိုလ်ချုပ်အောင်ဆန်း သေနတ်နဲ့ အလုပ်ကြံခံရပြီး နောက်တစ်နှစ် ၁၉၄၈ မှာ မဟတ္တမ ဂန္ဒီလည်း သေနတ်နဲ့ လုပ်ကြံခံရတယ်။ 🇨🇳 🇮🇳🇹🇭 အိန္ဒိယနိုင်ငံလွတ်လပ်ရေးရပြီးပထမဆုံး ဝန်ကြီးချုပ်ဖြစ်လာသူက ဂျဝါဟာလာနေရူး— သူက ‘မဟတ္တမ ဂန္ဒီ’ ကို အားကျလေးစားပြီး လွတ်လပ်ရေးရအောင် ကြိုးစားခဲ့တဲ့သူ၊ သူကလည်း ကွန်ဂရက်ပါတီကပဲ..။ နေရူးက သခင်အောင်ဆန်း၊ သခင်နုတို့ နဲ့အလွန်ရင်းနှီးပါတယ်။ သူတို့ လွတ်လပ်ရေးအတူကြိုးပမ်းခဲ့တယ်၊ ဒီမိုကရေစီ တကယ်ယုံကြည်ကြတယ်။ 🇨🇳 🇮🇳🇹🇭
-
❝ ခလုတ်တိုက်ကြသူများ ❞ – မရွှေမိုး-ကိုရီးယား
တော်လှန်ရေးမှာ ‘ခလုတ်တိုက်တယ်’ဆိုတာ အလုပ်တခုလား၊ ကဲ— ပြော…။ ‘ခလုတ်တိုက်တယ်’ ဆိုတာ ဘယ်သူမှမဖြစ်ချင်တဲ့ကိစ္စလို့ မှတ်သားခဲ့ဖူးတာ၊ အမှားကြီးမှားခဲ့ပေါ့။ 🪨 ဟုတ်တယ်— တချို့က မတော်တဆမဟုတ်ဘူး..။ တွေ့ရာမြင်ရာကို ‘အဲ့ဒါခလုတ်ပဲ’ ဆိုပြီး တမင်ကြီးဝင်တိုက်နေတာ။ အတိုက်ခံရသူက ဘလိုင်းကြီးခံရတာ။ ပြီးတော့ သူကပဲ နာတယ်လို့အော်ကြသေး၊ ပြီးရင် လဲကျပြ၊ ဘေးက ဝိုင်းထူပေးကြသနားကြ၊ အားပေးကြ..။ အံမယ်—သူကပဲအားတင်းပြီး ပြန်ထ၊ ခလုတ်ကို ထပ်ပြေးတိုက်၊ ခမျာ နေ့စဉ်နဲ့အမျှ ခလုတ်တိုက်နေရတာ အလုပ်တစ်ခု။ 🪨 ‘ခလုတ်တိုက်ကြသူများ’ပေါ်လာတဲ့အခါ ‘ခလုတ်ဖန်တီးပေးသူများ’ လည်းပေါ်လာတယ်။ Facebook အကောင့်အတုတွေနဲ့ရော အပြင်မှာလက်တွေ့ရော။ ‘ အမရေ ဟိုဘက်မှာခလုတ်ထင်တယ်ဗျ’ ‘ ဦးလေးရေ ဟိုနားက လူက ခလုတ်နဲ့တူလိုက်တာ၊ တိုက်ချင်စရာကြီးရှင့်’ ‘မောင်လေးရေ ဟိုကောင်မ ခလုတ်နော်၊
-
သတိချပ်ပြီး ဒီပွဲလေးမှာ တူတူရုန်းကြရအောင် – ကိုပဒေသာ
ဒီဟာလေး လူပြောမများခင်နေ့ထဲက SS ရိုက်သိမ်းထားတာမုန်တိုင်းကိစ္စနဲ့ တခြားဘာမှမပြောချင်လို့ ထားလိုက်တာ ခုလည်း တခြားကိစ္စတွေက ပြောသင့်တဲ့သူတွေပြောပီးပီမို့Video တွေရိုက်ပြီး တော်လှန်ရေး ရံပုံငွေရှာတဲ့သူတစ်ယောက်အနေနဲ့ပဲပြောပါ့မယ်။ Views က ၂၃ နာရီအတွင်း 2.1 M နော်။ပို့စ်မဖျက်ခင် နောက်ဆုံး SS မှာဆို 3.3 Mရှိတယ်။ မီးတွေပျက်တယ် အင်တာနက်မကောင်းလို့ဘလာဘလာ… စာနာပါတယ် နားလည်ပါတယ်။ဒါပေမယ့် ဒီ SS ထဲက ကောင်တွေအပါအဝင်မန်းလေးက တစ်တော့ဆော့တဲ့စောက်ပေါကောင်တွေClick bait page တွေ ၊ အညှီအဟောက်ပို့စ်တွေဆိုကျနော်တို့ထက် ၁၀ ဆ မက လူစည်ပါတယ်။ ကျနော်တို့ ပဒေသာပင်ဆိုခုနောက်ပိုင်း ကြည့်တဲ့သူ နည်းလာလို့ ရပ်တော့မယ်တောင် တစ်ခါထုတ်ပြောပီးပီ။ C2D လည်း ခုကမ်ပိန်းမှာရုန်းကန်နေရတာပါပဲ။တခြားဟာတွေလည်း ထူးမခြားနားပါပဲ။ခုလက်ရှိအဆင်ပြေနေတဲ့ The PDF game
-
ခင်ဗျားဟာ Facebook ပေါ်က ငပိန်း(ငပြိန်း) – လင်းနစ်
ခင်ဗျားကို ကျနော်ပြောမယ်….. ခင်ဗျားဟာ Facebook ပေါ်က ငပိန်းကျနော်လည်း ဒီလိုတော့မပြောချင်ပါဘူး။ ဒါပေမယ့် ဘယ်လိုလုပ်ရမလဲ ခင်ဗျားက သိပ်ပိန်းလွန်းနေတယ်။ခင်ဗျားကို ကျနော် G-mail ခေတ်ကတည်း မပြောချင်လို့ကြည့်နေတာ။ မီးလောင်ဒဏ်ရာနဲ့ကလေးပုံလေးတွေ ရုပ်ပျက်ဆင်းပျက်ဒဏ်ရာရနေတဲ့ပုံတွေ ကျနော့်ဆီ Forward လုပ်လုပ်နေတာ။ အဲ့လိုလုပ်ရင် Google က မေးတစ်စောင် 1$ လှုတယ်ဆိုပြီး ခင်ဗျားက ခင်ဗျားကိုယ်ခင်ဗျား သူတော်ကောင်းကြီးထင်နေတယ်။ ကျနော်တို့လို traumatophobia (ဒဏ်ရာအနာတရကြောက်ရွံ့တဲ့ရောဂါ) သမားတွေက ဒုက္ခတွေရောက်လို့ ။ နောက်ပြီး အဲ့လိုတွေ Forward လုပ်လို့ google ကပိုက်ဆံတစ်ပြားမှမပေးဘူးဆိုတာလည်း ခင်ဗျားက သိမယ့်ပုံမပေါ်ဘူး။ ဘယ်သိမလဲ ခင်ဗျားက ငပိန်းကိုး။ G-mail, G-talk ကနေ ဒီဘက်ခေတ် Facebook ရောက်လို့ ခင်ဗျားပိန်းတာလျော့သွားမလားမှတ်တယ် ပိုသာဆိုးလာတော့တာပဲ။ ခင်ဗျားက
NEWSLETTER
We’ll work on it. Maybe?