ဒီ ” နွေဦး ဖတ်စာ ” ရဲ့ ရည်ရွယ်ချက်ကတော့ ရိုးရိုးလေးပါပဲ …
နွေဦး အတွက် ရည်ရွယ်တာပါ ။
နွေဦးမှာ ဉာဏ်အလင်းတွေ ပွင့်နိုင်ဖို့ ၊
နွေဦးမှာ ခွန်အားတွေ မြင့်နိုင်ဖို့ ၊
နွေဦးမှ သည် တစ်နှစ်ပတ်လုံး အတွက် မျှော်လင့်ချက် ရောင်ခြည်တွေ
သယ်ဆောင်လာပေးနိုင်ဖို့ ရည်ရွယ်ပါတယ် ။
နွေဦး ဖတ်စာမှာ
ကျွန်တော်တို့ မြန်မာ့နွေဦးအတွက် အရေးကြီးတယ်လို့ ယူဆရတဲ့
အတွေး အခေါ် ၊ အယူအဆတွေ ၊ အကြံဉာဏ်တွေကို
နွေဦး ခရီးသည်တွေ ဆီကနေ ( ခွင့်ပြုချက် တောင်းခံပြီး )
လက်ဆင့် ကမ်း တင်ပြပေးသွားပါ့မယ် ။
လာပါ …
ကျွန်တော်တို့နဲ့ အတူ နွေဦး ဖတ်စာ ဖတ်ရင်း နွေဦး ခရီး ထွက်ကြရအောင်ပါ ။
ကိုဇင်ဇေ ( စီစဉ်သူ )
“နွေဦးဖတ်စာ” မှာ တင်ပေးမယ့်စာတွေ မှာ
၁။ တော်လှန်ရေး အတွေးအခေါ် ၊ အယူအဆ ၊ အကြံဉာဏ်တွေ
၂။ ကလစ်နည်း လမ်းညွှန်တွေ
၃။ ( တော်လှန်ရေးနဲ့ ချိတ်ဆက် ဆွေးနွေးပေးသွားမယ့် ) အင်္ဂလိပ်စာ သင်ခန်းစာတွေ ဆိုပြီး
ကဏ္ဍ ၃ ခု အဓိက ပါပါမယ်ဗျာ ။
လိုင်းသုံးနေနိုင်သေးရင် ကလစ်လည်း လုပ်ပေးကြပါ …
ဘာတွေ ဘယ်လို ကလစ်ပေးနေလို့ ရမလဲ သိချင်ရင်
ဒီ လင့် ကို နှိပ်ပြီး လေ့လာနိုင်ပါတယ် ။တကယ်လို့ တန်းပြီး ကလစ်ပေးချင်ရင်တော့
C2D ရဲ့ Eain Pyan Lann Website ကို ဒီလင့်ကို နှိပ်ပြီး အလွယ်တကူကလစ်ပေးနိုင်ပါတယ် ။နွေဦးဖတ်စာရဲ့ တွဲဖက် Website တစ်ခု ဖြစ်တဲ့
LWSR – Learn With Spring Reader မှာလည်း
အင်္ဂလိပ်စာ လေ့လာ ထိတွေ့ရင်း ကလစ်ပေးလို့ ရပါတယ် ။P2D ရဲ့ Nway Oo Videos မှာ ဘောလုံးပွဲတွေ ၊ Highlights တွေ ကြည့်ပြီးလည်း ကလစ်ပေးနိုင်ပါတယ်။
LATEST POSTS
-
ဟန်ဆောင်ရယ်ပြနေကြရသူများ – ဉာဏဗလ
“ဟန်ဆောင်ရယ်ပြနေကြရသူများ” ◾️ဗြိတိန်စီးရီးတစ်ခုဖြစ်တဲ့ Black Mirror က အတော်လေး စိတ်ဝင်စားစရာ ကောင်းတယ်။ အတွေးတွေ အများကြီး ရစေတယ်။ စီးရီးဆိုပေမဲ့ တစ်ပိုင်းစီမှာ ဇာတ်လမ်းတစ်ခုစီ၊ ဇာတ်ကောင်စရိုက်တွေကလည်း သက်သက်စီနဲ့ ရိုက်ထားတဲ့ Anthology series မျိုး ဖြစ်ပါတယ်။ အဓိကကတော့ ဒီဘက်ခေတ် လူသားတွေအပေါ် နည်းပညာရဲ့ သက်ရောက်မှုတွေအကြောင်း စိတ်ကူးယဉ် ရိုက်ကူးထားတာပါ။ Sci-fi ဆိုတော့ ကိုယ်ကြိုက်တဲ့ အမျိုးအစား မဟုတ်လို့ အစက ဒီလောက်ကြီး သိပ်စိတ်မဝင်စားဘူး။ ဒါပေမဲ့ အခန်းဆက်ထက်စာရင် အဲဒီလို တစ်ပိုင်းစီ ရိုက်တာမျိုးဆို ပိုသဘောကျတတ်တယ်။ Review တွေလည်း ကောင်းတာနဲ့ ကြည့်မိလိုက်တာ။ ပထမဆုံးအပိုင်းမှာတင် အတော်မိုက်တယ်။ အဲဒါနဲ့ပဲ ဆက်ကြည့်ဖြစ်သွားတာ။ စီးရီး ၆ ခုမှာ စုစုပေါင်း ၂၇…
-
ဖြည့်စွက်အားဆေးများကို ဘေးမဖြစ်အောင် သောက်သုံးနိုင်ဖို့ – တယ်လီကျန်းမာ
ဖြည့်စွက်အားဆေးများကို ဘေးမဖြစ်အောင် သောက်သုံးနိုင်ဖို့ “ဆရာမ အားဆေး သောက်ရမလား…” အဲ့မေးခွန်းက ကျွန်မအတွက် လူနာတွေ အမေးအများဆုံး မေးခွန်းတစ်ခုပါ။ လူအတော်များများက အားဆေးသောက်ရ၊ အားဆေးထိုးရတာကို အတော် နှစ်ခြိုက်ကြပါတယ်။ “အားဆေး” ဆိုတဲ့ စကားလုံးမှာတင် စွမ်းအားတွေရှိနေတယ် ထင်ပါရဲ့။ တကယ်လည်း လက်တွေ့မှာ ကိုယ်ပြောစရာမလိုဘဲ အားဆေးတွေ အမျိုးစုံသောက်နေတဲ့သူတွေ များပါတယ်။ အခုဆို ပြည်သူလူထုကြား ဖြည့်စွက်ဆေး ခေါ် supplement vitamins များဟာ အတော် popular ဖြစ်ပါတယ်။ သောက်သုံးတဲ့ လူဦးရေဟာလည်း များပြားလို့ လာနေပါတယ်။ ရွေးချယ်စရာတွေက ကိုယ့်နိုင်ငံထုတ် ဆေးတွေအပြင် ကုမ္ပဏီမျိုးစုံကနေ USA made, Germany made စသည်ဖြင့် ပုလင်းခန့်ခန့်ကြီးတွေနဲ့ ထည့်ထား၊ ကြော်ငြာအားလည်း ကောင်းတာမို့ သောက်ချင်စရာပါပဲ။ …
-
သည်မော်ရတေးနီးယန်း (The Mauritanian) – ဉာဏဗလ
“သည်မော်ရတေးနီးယန်း (The Mauritanian)” ◾️Mauritania ဆိုတာ အာဖရိက အနောက်မြောက်ပိုင်းက လူဦးရေ ၄ သန်းကျော်သာ ရှိတဲ့ နိုင်ငံလေး။ အစ္စလာမ်ဘာသာ ကိုးကွယ်ကြတယ်။ ဒီဇာတ်ကားက အဲဒီက ဆလာဟီ (Mohamedou Slahi) ဆိုတဲ့ လူတစ်ယောက်ရဲ့ အကြောင်း။ ◾️9/11 ဆိုတာ ကမ္ဘာသိ ဖြစ်ရပ်ကြီးပဲ။ ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့မှာ အမေရိကန်က World Trade Center ကို အယ်ခိုင်းဒါတွေ တိုက်ခိုက်ခဲ့တယ်။ အားလုံးကို ရှော့ခ်ဖြစ်စေခဲ့တဲ့ ကိစ္စဖြစ်သလို၊ ခုထိလည်း နောက်ကွယ်က အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ငြင်းခုန်မှုတွေ ရှိကြတုန်းပဲ။ အမေရိကန်တွေက အာဖဂန်ကို တိုက်ချင်လို့ ဒါကို တမင်လွှတ်ပေးခဲ့တာ ဆိုတာမျိုးတွေပေါ့။ အဲဒီနောက်ပိုင်း ကမ္ဘာ့အနှံမှာ…
-
တာဇံကား ကြည့်နေမလား ( ရန်ကုန် အတွက် အလင်းစက် )
၁၉၄၀ မှာ ပါရီ မြို့ဟာ နာဇီတွေလက်ထဲကျသွားတယ်။ ပြင်သစ်ကိုလိုနီဖြစ်တဲ့ ဗီယက်နမ်ကိုတော့ ဂျပန်တွေက တတိတိဝင်နေကြပြီ။ အမိနိုင်ငံကိုယ်၌ က သူများသိမ်းပိုက်တာခံလိုက်ရချိန်..ဗီယက်နမ်က ပြင်သစ်တပ်တွေဟာ ဂျပန်ကိုခုခံဖို့ပြင်ကြတယ်။ ဥရောပမှာလည်း ပြင်သစ်ဟာ ဂျာမန်လက်ကနေ လွတ်ဖို့မနည်းလုပ်ယူနေရတယ်။ ၁၉၄၅ မတ်လ မှာ ဂျပန်တွေဟာ ဗီယက်နမ်ထဲ ပြင်သစ်တွေအများဆုံးနေတဲ့ “ဝေ”မြို့ကို ဝင်တိုက်ကြတယ်။ ကတုတ်ကျင်းလေးတခုထဲကနေ ပြင်သစ်တပ်စိတ်လေးတစိတ်ဟာ အသည်းအသန်ခုခံကြပါရဲ့။ ဒါပေမယ့် အင်အားချင်းက မမျှတော့ အကုန်သေတာပဲ။ ဂျပန်စစ််တပ်ဟာ အဲ့ဒီကတုတ်ကျင်းလေးကိုကျော်ပြီး မြို့ထဲဝင်လိုက်တဲ့အခါ…ရုပ်ရှင်ရုံတစ်ရုံကိုတွေ့လို့ ဝင်စီးလိုက်ကြတယ်။ ရုပ်ရှင်ရုံအထဲမှာ စုဝေးနေကြတဲ့ ပြင်သစ်လူမျိုးတစ်ရာနီးပါးဖမ်းမိပါတယ်။ သူတို့က..ဂျပန်ကိုခုခံဖို့လားဆိုတော့..မဟုတ်ပါဘူးတဲ့။ ဒါဆို စစ်ဖြစ်နေတာကြောက်လို့လာပုန်းနေကြတာလားဆိုတော့လည်း…မဟုတ်ပါဘူးတဲ့။ ဒါဆို ဘာလုပ်နေကြတာလဲဆိုတော့……..တာဇံရုပ်ရှင်ကားသစ်ရုံတင်လို့ လာကြည့်နေကြတာပါတဲ့။ ဒီသတင်းကြားလို့ စစ်ကူရောက်လာတဲ့ ပြင်သစ်ဗိုလ်ချုပ်ကြီး မိုဒန့် ရဲ့တပ်ဟာလည်း…ဂျပန်လက်ထဲက ရုပ်ရှင်ချစ်ပရိတ်သတ်ကို ငဲ့ပြီး တိုက်နေရတာနဲ့ မနိုင်တော့ပဲ…မိုဒန့်ပါ…
-
၇. ၇. ၆၂ မမေ့ကြနဲ့ – ဒေါက်တာ ဖြိုးသီဟ
“၇. ၇. ၆၂ မမေ့ကြနဲ့” ဆဲဗင်းဂျူလိုင်လို့ ပြောလေ့ရှိကြတဲ့ ဒီနေ့ဟာလည်း မြန်မာပြည်ရဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေးသမိုင်းမှာ အထင်ကရနေ့တစ်နေ့ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် စစ်အာဏာရှင်တွေရဲ့ ရက်စက်ယုတ်မာမှုကို အထင်အရှားမြင်ခဲ့ရတဲ့နေ့ပါ။ လွန်ခဲ့တဲ့ ၆၁ နှစ်၊ ၁၉၆၂ ခုနှစ်မှာ နေဝင်းက အာဏာသိမ်းခဲ့ပါတယ်။ ဒါကို ကျောင်းသားလူငယ်တွေက ရှေ့တန်းကနေ ရဲရဲဝံ့ဝံ့ ဆန့်ကျင်ခဲ့ကြတယ်။ ဦးဆောင်တော်လှန်ခဲ့ကြတယ်။ (ဒီနေ့ခေတ် မအလနဲ့ Gen-Z တွေလိုပေါ့။ ဒီလိုဖြစ်ရပ်၊ ဒီလိုသမိုင်းတွေဟာ နှစ် ၆၀ ကျော်လာသည်ထိလည်း ပြန်ပြန်ဖြစ်နေတုန်းပဲ။ တွေးကြည့်ရင် ဘယ်လောက်နှမြောစရာကောင်းတဲ့ ကာလတွေလဲ။ လူတစ်စုရဲ့ အာဏာမက်မှုကြောင့် တိုင်းပြည်မှာ ဘယ်လောက်တောင် ပျက်စီးဆုံးရှုံးခဲ့ရလဲ။) ဇူလိုင်လ ၇ ရက်နေ့ အရောက်မှာတော့ နေဝင်းရဲ့ စစ်တပ်ဟာ ဘယ်လိုမှ ထင်မှတ်မထားတဲ့…
-
နွေဦးဖတ်စာ – ၅ ( အွန့်အွန့် – Burmese Alphabet )
နွေဦးဖတ်စာ – ၅ ============ အရိပ်ဟူသည် လူနောက်သို့ ထက်ကြပ်မကွာ လိုက်တတ်၏။ အတိတ်ဟူသည်လည်း လူနောက်သို့ ထက်ကြပ်မကွာ လိုက်တတ်၏။ ထိုအတူပင် တရိပ်ရိပ်တက်လာသော ရေပြင်ကြီးသည်လည်း ကျောက်ဂူကြီး၏ အတွင်း၌ ပိတ်မိနေကြသော လူသားသုံးဦးနောက်သို့ အရိပ်ကဲ့သို့လည်းကောင်း၊ အတိတ်ကဲ့သို့လည်းကောင်း ထက်ကြပ်မကွာ လိုက်ပါလျက်ရှိ၏။ ထို့ကြောင့် ကျောက်ဂူကြီးအတွင်းမှ ထိုလူသားသုံးဦးတို့သည် ရေပြင်၏ အတက်/ အသက် အနေအထားကိုကြည့်ပြီး အသက်အန္တရာယ်မှ လွတ်ကင်းအောင် မီးစင်ကြည့်ကလျက် နေကြရတော့၏။ ရေချိန်မြင့်တက်လာလျှင် ရေလွတ်ရာသို့ လွတ်နိုင်သမျှလွတ်အောင် ပြောင်းရွှေ့ကြရသကဲ့သို့၊ ရေပြင်ငြိမ်သက်နေသည့် အခါမျိုးတွင်လည်း နားချိန်တန်နား၊ ရှေ့ဆက်တိုးသင့်သည့်အခါတိုးဖြင့် မိမိတို့ တစ်ကြိမ်တစ်ခါကမျှ မရောက်ဘူး၊ မကြုံဖူးသော အခက်အခဲ၊ အကြပ်အတည်းကြီးကို အတူရင်ဆိုင်ဖြတ်ကျော်လျက်ရှိကြ၏။ ကံတရားက ဆန်းကြယ်သည်ဟု ပြောရမည်လား၊ မျက်နှာသာပေးရမည်ဟု ဆိုရမည်လား။ ရေစီးကြောင်းကြီးသည်…
NEWSLETTER
We’ll work on it. Maybe?