ဒီ ” နွေဦး ဖတ်စာ ” ရဲ့ ရည်ရွယ်ချက်ကတော့ ရိုးရိုးလေးပါပဲ …

နွေဦး အတွက် ရည်ရွယ်တာပါ ။
နွေဦးမှာ ဉာဏ်အလင်းတွေ ပွင့်နိုင်ဖို့ ၊
နွေဦးမှာ ခွန်အားတွေ မြင့်နိုင်ဖို့ ၊
နွေဦးမှ သည် တစ်နှစ်ပတ်လုံး အတွက် မျှော်လင့်ချက် ရောင်ခြည်တွေ
သယ်ဆောင်လာပေးနိုင်ဖို့ ရည်ရွယ်ပါတယ် ။

နွေဦး ဖတ်စာမှာ
ကျွန်တော်တို့ မြန်မာ့နွေဦးအတွက် အရေးကြီးတယ်လို့ ယူဆရတဲ့
အတွေး အခေါ် ၊ အယူအဆတွေ ၊ အကြံဉာဏ်တွေကို

နွေဦး ခရီးသည်တွေ ဆီကနေ ( ခွင့်ပြုချက် တောင်းခံပြီး )
လက်ဆင့် ကမ်း တင်ပြပေးသွားပါ့မယ် ။

လာပါ …
ကျွန်တော်တို့နဲ့ အတူ နွေဦး ဖတ်စာ ဖတ်ရင်း နွေဦး ခရီး ထွက်ကြရအောင်ပါ ။

ကိုဇင်ဇေ ( စီစဉ်သူ )


“နွေဦးဖတ်စာ” မှာ တင်ပေးမယ့်စာတွေ မှာ
၁။ တော်လှန်ရေး အတွေးအခေါ် ၊ အယူအဆ ၊ အကြံဉာဏ်တွေ
၂။ ကလစ်နည်း လမ်းညွှန်တွေ
၃။ ( တော်လှန်ရေးနဲ့ ချိတ်ဆက် ဆွေးနွေးပေးသွားမယ့် ) အင်္ဂလိပ်စာ သင်ခန်းစာတွေ ဆိုပြီး
ကဏ္ဍ ၃ ခု အဓိက ပါပါမယ်ဗျာ ။


လိုင်းသုံးနေနိုင်သေးရင် ကလစ်လည်း လုပ်ပေးကြပါ …
ဘာတွေ ဘယ်လို ကလစ်ပေးနေလို့ ရမလဲ သိချင်ရင်
ဒီ လင့် ကို နှိပ်ပြီး လေ့လာနိုင်ပါတယ် ။

တကယ်လို့ တန်းပြီး ကလစ်ပေးချင်ရင်တော့
C2D ရဲ့ Eain Pyan Lann Website ကို ဒီလင့်ကို နှိပ်ပြီး အလွယ်တကူကလစ်ပေးနိုင်ပါတယ် ။

နွေဦးဖတ်စာရဲ့ တွဲဖက် Website တစ်ခု ဖြစ်တဲ့
LWSR – Learn With Spring Reader မှာလည်း
အင်္ဂလိပ်စာ လေ့လာ ထိတွေ့ရင်း ကလစ်ပေးလို့ ရပါတယ် ။

P2D ရဲ့ Nway Oo Videos မှာ ဘောလုံးပွဲတွေ ၊ Highlights တွေ ကြည့်ပြီးလည်း ကလစ်ပေးနိုင်ပါတယ်။



LATEST POSTS


  • နွေဦးဖတ်စာ – ၃ ( အွန့်အွန့် – Burmese Alphabet )

    နွေဦးဖတ်စာ – ၃ “ဟေ့လူ၊ ကိုဇင်ဇေ” “ဘာလဲဗျ၊ ဆရာဖြိုး” “ကျုပ်က အဆုံးထိမရောက်တဲ့ ကြိုးစားအားထုတ်မှုဟာ အစကတည်းက မလုပ်ခဲ့တာနဲ့ အတူတူပဲလို့ပြောနေတာကို ခင်ဗျားက ဘာလို့ အစကတည်းက မဝင်လာရမှာလို့ ပြောရတာလဲဗျ” ဆရာဖြိုးက ရစ်လိုက်ရာ ကိုဇင်ဇေမှာ ဆတ်ခနဲ တစ်ချက်တွန့်သွားပြီး ချက်ချင်းပင် ကြက်ခေါင်းဆိတ်မခံ ပြန်ဖြေလိုက်၏။ “အဲ့ဒီစကားမျိုး ကျုပ် မပြောဘူးနော်၊ ဆရာဖြိုး” “ကျနော်က လှုံ့ဆော်အားပေးနေတာကို ခင်ဗျားက အပျက်ဘက်ကနေ လိုက်ပြောနေတယ်၊ တကယ့်လူပဲ” “ဟာ ဟေ့လူ၊ အဲ့ဒီစကား ကျုပ်မပြောပါဘူးဆို၊ ကျုပ်က ငရဲရောက်မှာတော့ ဆုံးအောင်သာဆက်လျှောက်ဆိုပြီးတော့တောင် ချာချီကြီးစကား ကိုးကားပြောခဲ့သေးတာနော်” “လက်ပူးလက်ကြပ်မိနေတာတောင် ခင်ဗျားက ငုံတာဥ လုပ်နေတာလား ကိုဇင်ဇေ” “ရေခဲချောင်း အာ ဘာ မုန်လာဥမှ မလုပ်ပါဘူးဗျ၊…

    Read more

  • လူတယောက်ကိုချီးမွမ်းတဲ့အခါ ( ဇဏ်ခီ )

    လူတယောက်ကိုချီးမွမ်းတဲ့အခါမှာ “Unprejudiced” ဆိုတာတခါတလေကြားရတတ်တယ်။ ကြားရတော့ခဲတယ်။ များသောအားဖြင့် “He’s nice.” “She’s generous.” “He’s kind.” “She’s brave.” စသည်ဖြင့်ကြားရတယ်။ Unprejudiced ဆိုတာမကြားရသလောက်ရှားတယ်။ Unprejudiced ဆိုတာ တဖက်သားကိုသေချာမသိပဲနဲ့ assume မလုပ်ဘူး။ Judge မလုပ်ဘူး။ မသိပဲနဲ့စိတ်ထဲမှာ မှန်းဆစွပ်စွဲကောက်ချက်ချတာမျိုးမလုပ်ဘူး။ တနည်းအားဖြင့်ပြောရရင် စိတ်ရှင်းတယ်ပေါ့။ ဥပမာ – ကျောင်းမှာလှတဲ့ကောင်မလေးတယောက် – သူဟာဘာသိဘာသာ (ဖာသီးဖာသာ) နေတတ်ရင်ဘာပြောကြလဲ။ “သူကမာနကြီးနေတာ” “သူကမောက်မာတယ်” လို့ပြောကြမယ်။ တကယ်တမ်းမှာ သူဟာရှက်တတ်တာဖြစ်ရင်ဖြစ်မယ်၊ introvert ဖြစ်ချင်ရင်လည်းဖြစ်နေမယ်၊ ဒါမှမဟုတ် သူ့ nature ကိုကဘာသိဘာသာနေတတ်တာလည်းဖြစ်ရင်ဖြစ်မယ်။ ဒါပေမယ့် ချောမောလှပတဲ့အတွက် သူ့ရဲ့ဘာသိဘာသာနေခြင်းဟာ မာနကြီးလို့ဆိုတဲ့ assumption (မှန်းဆခြင်း) နဲ့ conclude (ကောက်ချက်ချ) လိုက်ကြတယ်။…

    Read more

  • နွေဦးဖတ်စာ – ၂ ( အွန့်အွန့် – Burmese Alphabet )

    နွေဦးဖတ်စာ – ၂ ( အွန့်အွန့် – Burmese Alphabet ) “ကိုကို ထတော့လေ” ချိုသာညင်းပြောင်းသော အသံသေးသေးလေးကြောင့် ကိုလင်းထက်အောင် အိပ်ရာမှ နိုးလာလေသည်။ ချစ်စဖွယ်မျက်နှာလေးဖြင့် သူ့ကို စိုက်ကြည့်ရင်း ပြုံးပြနေသော မိန်းမပျိုလေးတစ်ဦးကို မြင်လိုက်ရသည်။ “ကိုကိုကလည်း၊ သိပ်အိပ်ပုတ်တာပဲ၊ ထတော့လေ၊ ဘရိတ်ဖတ်စ် စားကြမယ်၊ ကော်ဖီလည်းဖျော်ထားပြီးပြီ” ထိုမိန်းမပျိုလေးက ခရာတာတာ ပြောလိုက်ပြန်သည်။ “ကိုယ် နိုးပါပြီ လီဆာရယ်” မိန်းမချောလေးက ခပ်ချွဲချွဲလေး ထပ်နှိုးနေသဖြင့် ကိုလင်းထက်အောင်က အဖြေပြန်ပေးပြီး ထလာလိုက်သည်။ ထို့နောက် မျက်နှာသစ်၊ သွားတိုက်ပြီး မနက်စာစားရန် ထမင်းစားခန်းထဲသို့ ဝင်လာလေသည်။ ‘လီဆာ’ က စားပွဲတွင် အပြုံးလေးနှင့် အဆင်သင့်ထိုင်စောင့်နေသည်ကို တွေ့လိုက်ရသဖြင့် ကိုလင်းထက်အောင် အတော် ဘဝင်ကျသွားသည်။…

    Read more

  • အတွင်းကျကျတည်ငြိမ်တဲ့ Self-confidence မျိုးဘယ်လို ရနိုင်မလဲ ( ဇဏ်ခီ )

    Self-confidence(ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု) ဟာကိုယ့်ရဲ့အသုံးအဆောင်ပစ္စည်းတွေ၊ စည်းစိမ်ဥစ္စာတွေ၊ ဘွဲ့တွေရာထူးတွေကလာတယ်ဆိုရင် မဟုတ်သေးဘူး။ နည်းနည်းတော့ဖြစ်နိုင်တာပေါ့နော်။ဥပမာ – Smart ကျကျဝတ်စားထားတဲ့နေ့ နဲ့ဆံပင်ကဖြစ်ချင်တိုင်းဖြစ် အင်္ကျီကလည်းမီးပူတိုက်ဖို့အချိန်မရလို့တွန့်ကျေနေတဲ့နေ့နဲ့လူတောတိုးတဲ့အချိန်မှာခံစားမှုမတူသလိုမျိုး။iPhone ကိုင်နိုင်ရင်နေရထိုင်ရတာကောင်းနေသလိုမျိုး။Mercedes စီးနိုင်ရင်မြောက်ကြွမြောက်ကြွဖြစ်နေတာမျိုး။တပည့်တပန်းတွေကကိုယ့်ကို “မ” နေမှနေသာထိုင်သာရှိတာမျိုး။ 😃 ဒါပေမယ့် ဒါတွေကအပေါ်ယံကိစ္စတွေပဲဖြစ်နေတယ်။ပြီးတော့ ကိုယ်ကဒါတွေအပေါ်မှာမှီခိုနေရတယ်ဆိုရင်လည်းမဟုတ်သေးပြန်ဘူး။ဒါကြောင့် ပစ္စည်းဥစ္စာရာထူးစည်းစိမ်ရှိမှ self-confidence ရှိလို့ရနိုင်မယ်ဆိုတဲ့ equation ကလုံးဝ false ( မှားနေတယ် ) လို့တပ်အပ်ပြောလို့ရတယ်။ ဒါဆို ဘဝရဲ့အတက်အကျတွေကြားမှာအတွင်းကျကျတည်ငြိမ်တဲ့ self-confidence မျိုးဘယ်လိုရနိုင်မလဲ။ မတ်စေ့တစေ့မှာခေါင်းနဲ့ပန်းရှိသလိုပဲ လူတိုင်းမှာအဆိုးနဲ့အကောင်းရှိတယ်။ကိုယ့်ရဲ့ဆိုးခြင်းရောကောင်းခြင်းရောကို ဆင်ခြေဆင်လက်ဘာမှမပေးတော့ပဲနဲ့အပြည့်အဝလက်ခံနိုင်ပြီဆိုရင် self-confidence ဆိုတဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိဖို့ဖြစ်လာနိုင်တယ်။လက်မခံနိုင်သေးသ၍ – တနည်းအားဖြင့်ကိုယ့်ကိုယ်ကိုယ်ညာနေသေးသ၍ကတော့သူတပါးရဲ့အပြောအမြင်တွေကြားမှာ လုံးချာလည်နေဦးမှာပဲ။ စိတ်မလုံမလဲဖြစ်နေဦးမှာပဲ။ဂုဏ်တွေဒြပ်တွေပစ္စည်းဥစ္စာတွေကိုအားကိုးနေရဦးမှာပဲ။ ကိုယ့်ရဲ့ perfect မဖြစ်မှုကို လက်ခံနိုင်ပြီ၊အလုံးစုံမပြည့်စုံမှုကိုလက်ခံလိုက်ပြီ (self-acceptanceရှိပြီ) ဆိုရင်တပါးသူတွေရဲ့ flaw တွေ အပြစ်အနာအဆာတွေကိုလည်းနားလည်နိုင်လာပြီးသူတို့ရဲ့ forte (အားသာချက်တွေ) ကိုလည်းပိုပြီးတော့…

    Read more

  • ချန်ဂင်တို့စခန်း (၁၇၇) – ဒေါက်တာ စိုးမင်း

    “ချန်ဂင်တို့စခန်း (၁၇၇)” ဒီအရပ် ဒီနေရာမှာ ဥတုသုံးလီ ရာသီစက်ဝန်း တစ်ပါတ်လည်အောင် နေခဲ့ပြီးပြီမို့ အရာရာ နေသားတကျ ဖြစ်နေပြီလို့ ပြောရင်ရပါတယ်။ သစ်ပင်လေးတွေ မြက်ပင်လေးတွေကအစ ကိုယ်နဲ့အကျွမ်းတဝင် ရှိနေပြီ။ ထိတွေ့မှုတိုင်းကို “မနှစ်ကဆိုရင်…” လို့ မှတ်ဉာဏ်ထဲမှာ ပြန်နှိုင်းယှဉ်စရာ ရနေပြီ။ Facebook ကြီးကတောင် ကိုယ့်ရဲ့”မနှစ်ကဆိုရင်”တွေကို ပုံတွေစာတွေနဲ့တကွ memories တွေ တင်တင်ပေးနေတယ်။ ဟုတ်သားပဲ။ မနှစ်က ဒီအချိန် ဒီမှာ။ အချိန် နဲ့ နေရာတွေ တူတယ်။ ကိုယ်ပဲ မတူတော့တာ။ ဒီလူတော့ ဒီလူပါပဲ။ သို့သော် မနှစ်ကနဲ့ မတူတော့တာ ကိုယ့်ဆီမှာ အများကြီးပဲ။ စာရေးရင် အမြဲပါနေကျ စမ်းချောင်းလေးလည်း မနှစ်ကနဲ့မတူ။ ဆေးရုံနဲ့အနီးကပ်ဆုံးတည်ရှိနေတဲ့ ရွာကလေးလည်း မနှစ်ကနဲ့မတူ။ ထင်ရှားမြင်သာတဲ့ ပြောင်းလဲခြင်းတွေ…

    Read more

  • နွေဦးဖတ်စာ – အပိုင်း – ၁ ( အွန့်အွန့် – Burmese Alphabet )

    နွေဦးဖတ်စာ “အဆုံးထိမရောက်တဲ့ ကြိုးစားအားထုတ်မှုဟာ အစကတည်းက မလုပ်ခဲ့တာနဲ့ အတူတူပဲ” ဟု ပြောရင်း ဒေါက်တာဖြိုးသီဟက ဖုန်းမီးလေးထွန်းရင်း ရှေ့သို့ဆက်လျှောက်သွားလေသည်။ ကိုဇင်ဇေနှင့် ကိုလင်းထက်အောင်တို့လည်း နောက်ကနေ ငိုက်စိုက်ငိုက်စိုက်နှင့် ဆက်လက်လိုက်ပါလာကြသည်။ “အမှန်က အစကတည်းက ဝင်မလာခဲ့ရမှာ” ဟု ကိုဇင်ဇေက လျှောက်လာရင်း အတွေးထဲကနေ ပြောနေလေ၏။ နှုတ်မှထုတ်ပြောလိုက်လျှင် နပန်းလုံးနေရမည်ဖြစ်သဖြင့် အားအင်ချွေတာသည့်အနေဖြင့် ခတ်မဆိတ်လုပ်ရင်း အတူတူ ဆက်လျှောက်လာကြသည်။ ကိုလင်းထက်အောင်ကတော့ “ထာဝရ လက်ခလယ်ပဲနော်” ဟု မည်းမည်းမြင်ရာကို လှမ်းအော်ပြောနေလေ၏။ မှန်ပါသည်။ ပတ်ဝန်းကျင် တစ်ခွင်လုံးသည် ဆရာဖြိုး၏ ဖုန်းမှထွက်ပေါ်နေသော အလင်းရောင်မှလွဲ၍ ပိန်းပိတ်အောင် မဲမှောင်လျက်ရှိသည်။ မဲမည်ပေါ့။ မှောင်မည်ပေါ့။ သူတို့ ဝင်ရောက်လာကြသည်မှာ လူသူအရောက်အပေါက် မရှိသော ကျောက်လှိုဏ်ဂူကြီးတစ်ခု ဖြစ်နေသည်ကိုး။ ‘သိချင်ရင်ဝင်ကြည့်’ ဟူသည့် ဂူဝမှ…

    Read more

FOLLOW

NEWSLETTER

We’ll work on it. Maybe?