ဒီ ” နွေဦး ဖတ်စာ ” ရဲ့ ရည်ရွယ်ချက်ကတော့ ရိုးရိုးလေးပါပဲ …

နွေဦး အတွက် ရည်ရွယ်တာပါ ။
နွေဦးမှာ ဉာဏ်အလင်းတွေ ပွင့်နိုင်ဖို့ ၊
နွေဦးမှာ ခွန်အားတွေ မြင့်နိုင်ဖို့ ၊
နွေဦးမှ သည် တစ်နှစ်ပတ်လုံး အတွက် မျှော်လင့်ချက် ရောင်ခြည်တွေ
သယ်ဆောင်လာပေးနိုင်ဖို့ ရည်ရွယ်ပါတယ် ။

နွေဦး ဖတ်စာမှာ
ကျွန်တော်တို့ မြန်မာ့နွေဦးအတွက် အရေးကြီးတယ်လို့ ယူဆရတဲ့
အတွေး အခေါ် ၊ အယူအဆတွေ ၊ အကြံဉာဏ်တွေကို

နွေဦး ခရီးသည်တွေ ဆီကနေ ( ခွင့်ပြုချက် တောင်းခံပြီး )
လက်ဆင့် ကမ်း တင်ပြပေးသွားပါ့မယ် ။

လာပါ …
ကျွန်တော်တို့နဲ့ အတူ နွေဦး ဖတ်စာ ဖတ်ရင်း နွေဦး ခရီး ထွက်ကြရအောင်ပါ ။

ကိုဇင်ဇေ ( စီစဉ်သူ )


“နွေဦးဖတ်စာ” မှာ တင်ပေးမယ့်စာတွေ မှာ
၁။ တော်လှန်ရေး အတွေးအခေါ် ၊ အယူအဆ ၊ အကြံဉာဏ်တွေ
၂။ ကလစ်နည်း လမ်းညွှန်တွေ
၃။ ( တော်လှန်ရေးနဲ့ ချိတ်ဆက် ဆွေးနွေးပေးသွားမယ့် ) အင်္ဂလိပ်စာ သင်ခန်းစာတွေ ဆိုပြီး
ကဏ္ဍ ၃ ခု အဓိက ပါပါမယ်ဗျာ ။


လိုင်းသုံးနေနိုင်သေးရင် ကလစ်လည်း လုပ်ပေးကြပါ …
ဘာတွေ ဘယ်လို ကလစ်ပေးနေလို့ ရမလဲ သိချင်ရင်
ဒီ လင့် ကို နှိပ်ပြီး လေ့လာနိုင်ပါတယ် ။

တကယ်လို့ တန်းပြီး ကလစ်ပေးချင်ရင်တော့
C2D ရဲ့ Eain Pyan Lann Website ကို ဒီလင့်ကို နှိပ်ပြီး အလွယ်တကူကလစ်ပေးနိုင်ပါတယ် ။

နွေဦးဖတ်စာရဲ့ တွဲဖက် Website တစ်ခု ဖြစ်တဲ့
LWSR – Learn With Spring Reader မှာလည်း
အင်္ဂလိပ်စာ လေ့လာ ထိတွေ့ရင်း ကလစ်ပေးလို့ ရပါတယ် ။

P2D ရဲ့ Nway Oo Videos မှာ ဘောလုံးပွဲတွေ ၊ Highlights တွေ ကြည့်ပြီးလည်း ကလစ်ပေးနိုင်ပါတယ်။



LATEST POSTS


  • “စိတ်ဒဏ်ရာကို သတိဖြင့် ကုစားခြင်း” – ဒေါက်တာ ဖြိုးသီဟ

    “စိတ်ဒဏ်ရာကို သတိဖြင့် ကုစားခြင်း” ◾️လူခန္ဓာကိုယ်မှာ ဒဏ်ရာရတတ်သလို စိတ်မှာလည်း ဒဏ်ရာရတတ်တယ်။ ကြီးမားပြင်းထန်တဲ့ ထိခိုက်မှုလို့ ဆိုလိုတယ်။ သာမန်စိတ်ဖိစီးတာလောက်ကိုပဲ ပြောတာ မဟုတ်ဘူး။ ဥပမာ ရည်းစားနဲ့ ရိုးရိုးတန်းတန်း ကွဲတာ မဟုတ်ဘဲ သစ္စာဖောက်ခံလိုက်ရတာမျိုး၊ မိဘတွေ ရောဂါနဲ့ ဆုံးပါးသွားတာ မဟုတ်ဘဲ မတော်တဆမှုတစ်ခုကြောင့် ရုတ်တရက် ဆုံးပါးသွားတာမျိုး၊ ရုပ်ပိုင်း၊ လိင်ပိုင်း အကြမ်းဖက်ခံရတာမျိုး၊ စစ်မက်ဖြစ်ပွားနေတဲ့အခါမျိုး စတဲ့ အခြေအနေတွေကို ဆိုလိုတယ်။ ◾️ဒါတွေ ဖြစ်တိုင်းလည်း စိတ်ဒဏ်ရာ ရတယ် မဟုတ်ပြန်ဘူး။ တစ်ယောက်နဲ့တစ်ယောက်ရဲ့ ပင်ကိုယ်စိတ်အခံ၊ ဘယ်လိုနည်းလမ်းတွေနဲ့ ကုစားသလဲ၊ ဘယ်လိုပတ်ဝန်းကျင်မျိုးမှာ ရှင်သန်နေထိုင်ရသလဲ စတဲ့ အချက်တွေပေါ် မူတည်ပြီးလည်း ကွာခြားကြပြန်သေးတယ်။ ဥပမာ စီးပွားပျက်သွားတာချင်း အတူတူ ပစ္စည်းဥစ္စာအပေါ် တပ်မက်မှု ပိုများသူ၊ အတ္တ၊…

    Read more

  • နွေဦးဖတ်စာ – ၄ ( အွန့်အွန့် – Burmese Alphabet )

    နွေဦးဖတ်စာ – ၄ “ကိုယ့်မွေးနေ့ ရောက်တဲ့အခါတိုင်း တွေးမိတာတစ်ခုက ငါ ဘာအတွက် လူလာဖြစ်တာလဲ ဆိုပြီးတော့ပေါ့” “ဟာ လုပ်လာပြန်ပြီနော်” တရားဖြုတ်ပြီးပြီးချင်း တွေးတွေးဆဆပြောလိုက်သော ဆရာဖြိုး၏ စကားနှင့် ရေထဲမှ ဆယ်ယူလာသောအထုပ်ကို ဖွင့်ကြည့်နေသော ကိုဇင်ဇေ၏ စကားတို့မှာ ရှေ့ဆင့်နောက်ဆင့် ထွက်လာသောကြောင့် ကိုလင်းထက်အောင် ပြုံးစိစိ ဖြစ်သွား၏။ “ဘာဖြစ်ပြန်တာလဲ ကိုဇင်ဇေ” မုဒ်ပျက်သွားသော ဆရာဖြိုးက ရှုတည်တည်ကြီး မေးလိုက်သည်။ “ဒီမှာလေဗျာ စာတွေချည်းပဲ ထပ်ထွက်လာလို့လေ” ကိုဇင်ဇေက အထုပ်ထဲမှထွက်လာသော စာများကို ပြရင်း ပြန်ပြောလိုက်သည်။ “အခြား အသုံးဝင်တာတွေ ပါဦးမှာပါ၊ သေချာရှာကြည့်ပါဦး ကိုဇင်ဇေရဲ့” ဆရာဖြိုး၏စကားကြောင့် ကိုဇင်ဇေသည် အထုပ်ကို အိတ်သွန်ဖာမှောက် လုပ်လိုက်ရာ အချောင်းသုံးချောင်း ထွက်ကျလာလေသည်။ “ဟာ Energy Bar…

    Read more

  • ကောက်ကြောင်း – ၅ (ကြိုးဝိုင်း) – အွန့်အွန့် – Burmese Alphabet

    ကောက်ကြောင်း – ၅ (ကြိုးဝိုင်း) ပဒေသာပင်ချယ်နယ်မှ work out music ကိုဖွင့်ပြီး ကျားကုတ်ကျားခဲ အိပ်ပျော်နေသော ကိုမဟာကို နည်းပြဆရာအောင်လက ညင်ညင်သာသာ ပိတ်ကန်ပြီး နှိုးလိုက်သည်။ “ဟျောင့် work out music ကြီးဖွင့်ပြီး အိပ်ပျော်နေရသလားဟ၊ ကိုပဒေသာတော့ ကောတော့မှာပဲ” ဆရာအောင်လက မာန်လိုက်သဖြင့် ကိုမဟာ မချိသွားဖြဲ ပြန်ပြုံးလိုက်ရင်း “ပင်ပန်းပြီး အိပ်ပျော်သွားတာပါဆရာ” ဟု ပြောလိုက်သည်။ အမှန်မှာ မနေ့က အသစ်ထွက်တော့မည့် ဝေးလ်၏ ‘မခင်လေးငယ်သို့’ ကဗျာစာအုပ်ကို တစ်ပုဒ်ချင်း အရသာခံပြီး ပြန်ဖတ်နေသောကြောင့် ညဉ့်နက်မှအိပ်ပျော်သွားခြင်း ဖြစ်ကြောင်းကိုတော့ ပြောပြမနေတော့ပေ။ ဆရာအောင်လက စိတ်မြန်လက်မြန်တတ်သူ မဟုတ်လား။ ပြောမရလျှင် စပါးအုံးချုပ်ကွက်နှင့် ထလုပ်နေလျှင် မခက်ပါလား။ အမှန်မှာ သည်နေ့က ဒါရိုက်တာကြီး…

    Read more

  • ကိုယ်ကျင့်တရားဆိုင်ရာ ​တွေးဆစရာများ ( ဒေါက်တာ ဖြိုးသီဟ )

    “ကိုယ်ကျင့်တရားဆိုင်ရာ ​တွေးဆစရာများ” ◾️မှတ်မိသလောက် ရေးရတာမို့ အတိအကျ ဟုတ်ချင်မှ ဟုတ်မယ်။ သဘောတရားကို ယူပါ။ တစ်ခါက ပင်စင်စား အဖိုးကြီးတစ်ယောက် ရှိသတဲ့။ သူ့ချွေးနဲစာလေးနဲ့ ဘဝမှာ ပထမဆုံးအကြိမ်အဖြစ် ကားကောင်းကောင်းတစ်စီး ဝယ်လိုက်တယ်။ ငွေပိုမရှိတော့လို့ အာမခံတော့ မထားရသေးဘူး။ တစ်ရက်တော့ သူ အဲဒီကားလေးကို မောင်းရင်း ရထားသံလမ်း (လမ်းလွှဲ) မှာ ရပ်ထားခဲ့ပြီး ရထားလမ်းတလျှောက် လမ်းလျှောက်ထွက် ရှုခင်းတွေ ကြည့်နေတယ်။ အဲဒီမှာ ရထားတစ်စီးက အရှိန်နဲ့ မောင်းလာတယ်။ ကြည့်လိုက်တော့ အဲဒီလမ်းပေါ်မှာ ကလေးလေးတစ်ယောက်က ဆော့ကစားလို့။ သူပြေးသွားလို့လည်း မမီသလို၊ လှမ်းအော်လို့လည်း ကလေးက မကြားနိုင်ဘူး။ ဒါပေမဲ့ သူ့အနားမှာက ဒီရထားကို လမ်းလွှဲလိုက်လို့ ရတဲ့ မောင်းတံတစ်ခု ရှိနေတယ်။ ဒါကို နှိပ်ချလိုက်ရင်…

    Read more

  • တောင်ပေါ်သူလေးတွေ ဘာလို့ ပါးအို့နီလေးတွေနဲ့ ဖြစ်နေရတာလဲ ( တယ်လီကျန်းမာ )

    “တောင်ပေါ်သူလေးတွေ ဘာလို့ ပါးအို့နီလေးတွေနဲ့ ဖြစ်နေရတာလဲ” လို့ မနေ့က မေးကြည့်တော့ ဖြေလိုက်ကြတာမှ…..အဖြေတွေ အမျိုးမျိုးပဲနော်… တကယ်လည်း ပါးလေးတွေနီ… နားရွက်ဖျားလေးတွေနီ… နှာထိပ်လေးတွေနီပြီး….မျက်နှာမှာ ပတ္တမြားရောင်လေးတွေ ဖြစ်နေကြတာဟာ အကြောင်းအရင်းတွေ အမျိုးမျိုးရှိပါတယ်တဲ့။…. ပထမဦးဆုံးကတော့ တောင်ပေါ်ဒေသကို ရောက်တဲ့အခါ လေထုဖိအား နည်းတာပေါ့နော်… ဖိအားနည်းတော့ လေထဲက အောက်စီဂျင်ဟာ အဆုတ်ထဲ ကောင်းကောင်းမဝင်ဘဲ ပမာဏနည်းသွားပါသတဲ့… အမြင့်ရောက်လေ အောက်စီဂျင်နည်းလေ မဟုတ်ဘူးနော်…🤗 (လေထုထဲမှာ O2 ပါဝင်တဲ့ရာခိုင်နှုန်းဟာ မြေပြန့်နဲ့ တောင်ပေါ် အတူတူပါပဲတဲ့။ မော်လီကျူးလေးတွေဟာ ပိုပျံ့ကျဲနေပြီး လေဖိအားလည်း နည်းတာကြောင့် ခန္ဓာကိုယ်ထဲ ရောက်တဲ့ပမာဏ နည်းသွားတာပါတဲ့) အဲ့တော့ ဘာဖြစ်တုန်း ? ဘာဖြစ်ရမှာတုန်း….နည်းသွားတဲ့ အောက်စီဂျင်ကို စနစ်တကျနဲ့ လိုတဲ့နေရာတွေကို ပို့ပေးဖို့ ခန္ဓာကိုယ်က သွေးနီဥတွေ အများကြီး…

    Read more

  • အကြပ်အတည်းကြားက ရှင်သန်ခြင်း ( ဒေါက်တာ ဖြိုးသီဟ )

    “အကြပ်အတည်းကြားက ရှင်သန်ခြင်း” ◾️ကိုယ့်မွေးနေ့ ရောက်တဲ့အခါတိုင်း တွေးမိတာတစ်ခုက “ငါ ဘာအတွက် လူလာဖြစ်တာလဲ” ဆိုပြီးတော့ပေါ့။ အဲဒီမေးခွန်းအတွက် အရင်တုန်းက ရတဲ့ အဖြေက ‘အသိပညာ မျှဝေဖို့’၊ ‘လူတွေကို ကူညီဖို့’၊ ဒီလိုတွေ ဖြစ်တယ်။ ခုထိရော မှန်လားဆို မှန်ပါသေးတယ်။ သို့သော် ဒီဘက်နှစ်တွေမှာတော့ အတော်လေး ပြောင်းလဲသွားခဲ့တယ် ပြောရမယ်။ ◾️အခုဆို အသက်က ၃၄၊ အိမ်မှာ မရှိဘဲ ဖြတ်သန်းရတဲ့ မွေးနေ့အနေနဲ့ဆို ၃ နှစ်မြောက်။ ဘဝအပေါ် မြင်တဲ့အမြင်၊ ရေးတဲ့စာ၊ လုပ်တဲ့အလုပ်တွေက အရင်နှစ်တွေကထက် ပိုရင့်ကျက် ပြည့်ဝလာသလို ကိုယ့်ကိုယ်ကိုယ် ခံစားမိတယ်။ ဘယ်သူမဆို ပျော်ရွှင်၊ အဆင်ပြေ၊ လွယ်ကူချင်ကြတာချည်းပဲ ဆိုပေမဲ့ အခက်အခဲ၊ ဒုက္ခတွေကသာ လူကို ပိုရင့်ကျက်လာစေတာမို့လား။ အတွေးအမြင်တွေကို…

    Read more

FOLLOW

NEWSLETTER

We’ll work on it. Maybe?