ဒီ ” နွေဦး ဖတ်စာ ” ရဲ့ ရည်ရွယ်ချက်ကတော့ ရိုးရိုးလေးပါပဲ …

နွေဦး အတွက် ရည်ရွယ်တာပါ ။
နွေဦးမှာ ဉာဏ်အလင်းတွေ ပွင့်နိုင်ဖို့ ၊
နွေဦးမှာ ခွန်အားတွေ မြင့်နိုင်ဖို့ ၊
နွေဦးမှ သည် တစ်နှစ်ပတ်လုံး အတွက် မျှော်လင့်ချက် ရောင်ခြည်တွေ
သယ်ဆောင်လာပေးနိုင်ဖို့ ရည်ရွယ်ပါတယ် ။

နွေဦး ဖတ်စာမှာ
ကျွန်တော်တို့ မြန်မာ့နွေဦးအတွက် အရေးကြီးတယ်လို့ ယူဆရတဲ့
အတွေး အခေါ် ၊ အယူအဆတွေ ၊ အကြံဉာဏ်တွေကို

နွေဦး ခရီးသည်တွေ ဆီကနေ ( ခွင့်ပြုချက် တောင်းခံပြီး )
လက်ဆင့် ကမ်း တင်ပြပေးသွားပါ့မယ် ။

လာပါ …
ကျွန်တော်တို့နဲ့ အတူ နွေဦး ဖတ်စာ ဖတ်ရင်း နွေဦး ခရီး ထွက်ကြရအောင်ပါ ။

ကိုဇင်ဇေ ( စီစဉ်သူ )


“နွေဦးဖတ်စာ” မှာ တင်ပေးမယ့်စာတွေ မှာ
၁။ တော်လှန်ရေး အတွေးအခေါ် ၊ အယူအဆ ၊ အကြံဉာဏ်တွေ
၂။ ကလစ်နည်း လမ်းညွှန်တွေ
၃။ ( တော်လှန်ရေးနဲ့ ချိတ်ဆက် ဆွေးနွေးပေးသွားမယ့် ) အင်္ဂလိပ်စာ သင်ခန်းစာတွေ ဆိုပြီး
ကဏ္ဍ ၃ ခု အဓိက ပါပါမယ်ဗျာ ။


လိုင်းသုံးနေနိုင်သေးရင် ကလစ်လည်း လုပ်ပေးကြပါ …
ဘာတွေ ဘယ်လို ကလစ်ပေးနေလို့ ရမလဲ သိချင်ရင်
ဒီ လင့် ကို နှိပ်ပြီး လေ့လာနိုင်ပါတယ် ။

တကယ်လို့ တန်းပြီး ကလစ်ပေးချင်ရင်တော့
C2D ရဲ့ Eain Pyan Lann Website ကို ဒီလင့်ကို နှိပ်ပြီး အလွယ်တကူကလစ်ပေးနိုင်ပါတယ် ။

နွေဦးဖတ်စာရဲ့ တွဲဖက် Website တစ်ခု ဖြစ်တဲ့
LWSR – Learn With Spring Reader မှာလည်း
အင်္ဂလိပ်စာ လေ့လာ ထိတွေ့ရင်း ကလစ်ပေးလို့ ရပါတယ် ။

P2D ရဲ့ Nway Oo Videos မှာ ဘောလုံးပွဲတွေ ၊ Highlights တွေ ကြည့်ပြီးလည်း ကလစ်ပေးနိုင်ပါတယ်။



LATEST POSTS


  • တာဇံကား ကြည့်နေမလား ( ရန်ကုန် အတွက် အလင်းစက် )

    ၁၉၄၀ မှာ ပါရီ မြို့ဟာ နာဇီတွေလက်ထဲကျသွားတယ်။ ပြင်သစ်ကိုလိုနီဖြစ်တဲ့ ဗီယက်နမ်ကိုတော့ ဂျပန်တွေက တတိတိဝင်နေကြပြီ။  အမိနိုင်ငံကိုယ်၌ က သူများသိမ်းပိုက်တာခံလိုက်ရချိန်..ဗီယက်နမ်က ပြင်သစ်တပ်တွေဟာ ဂျပန်ကိုခုခံဖို့ပြင်ကြတယ်။  ဥရောပမှာလည်း ပြင်သစ်ဟာ ဂျာမန်လက်ကနေ လွတ်ဖို့မနည်းလုပ်ယူနေရတယ်။  ၁၉၄၅ မတ်လ မှာ ဂျပန်တွေဟာ ဗီယက်နမ်ထဲ ပြင်သစ်တွေအများဆုံးနေတဲ့ “ဝေ”မြို့ကို ဝင်တိုက်ကြတယ်။  ကတုတ်ကျင်းလေးတခုထဲကနေ ပြင်သစ်တပ်စိတ်လေးတစိတ်ဟာ အသည်းအသန်ခုခံကြပါရဲ့။ ဒါပေမယ့် အင်အားချင်းက မမျှတော့ အကုန်သေတာပဲ။  ဂျပန်စစ််တပ်ဟာ အဲ့ဒီကတုတ်ကျင်းလေးကိုကျော်ပြီး မြို့ထဲဝင်လိုက်တဲ့အခါ…ရုပ်ရှင်ရုံတစ်ရုံကိုတွေ့လို့ ဝင်စီးလိုက်ကြတယ်။  ရုပ်ရှင်ရုံအထဲမှာ စုဝေးနေကြတဲ့ ပြင်သစ်လူမျိုးတစ်ရာနီးပါးဖမ်းမိပါတယ်။  သူတို့က..ဂျပန်ကိုခုခံဖို့လားဆိုတော့..မဟုတ်ပါဘူးတဲ့။  ဒါဆို စစ်ဖြစ်နေတာကြောက်လို့လာပုန်းနေကြတာလားဆိုတော့လည်း…မဟုတ်ပါဘူးတဲ့။  ဒါဆို ဘာလုပ်နေကြတာလဲဆိုတော့……..တာဇံရုပ်ရှင်ကားသစ်ရုံတင်လို့ လာကြည့်နေကြတာပါတဲ့။  ဒီသတင်းကြားလို့ စစ်ကူရောက်လာတဲ့ ပြင်သစ်ဗိုလ်ချုပ်ကြီး မိုဒန့် ရဲ့တပ်ဟာလည်း…ဂျပန်လက်ထဲက ရုပ်ရှင်ချစ်ပရိတ်သတ်ကို ငဲ့ပြီး တိုက်နေရတာနဲ့ မနိုင်တော့ပဲ…မိုဒန့်ပါ

    Read more

  • ၇. ၇. ၆၂ မမေ့ကြနဲ့ – ဒေါက်တာ á€–á€źá€­á€Żá€¸á€žá€Žá€Ÿ

    “၇. ၇. ၆၂ မမေ့ကြနဲ့” ဆဲဗင်းဂျူလိုင်လို့ ​ပြော​လေ့ရှိကြတဲ့ ဒီ​နေ့ဟာလည်း မြန်မာပြည်ရဲ့ စစ်အာဏာရှင် ဆန့်ကျင်​ရေးသမိုင်းမှာ အထင်ကရ​နေ့တစ်​နေ့ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် စစ်အာဏာရှင်​တွေရဲ့ ရက်စက်ယုတ်မာမှုကို အထင်အရှားမြင်ခဲ့ရတဲ့​နေ့ပါ။ လွန်ခဲ့တဲ့ ၆၁ နှစ်၊ ၁၉၆၂ ခုနှစ်မှာ နေဝင်းက အာဏာသိမ်းခဲ့ပါတယ်။ ဒါကို ​ကျောင်းသားလူငယ်​တွေက ​ရှေ့တန်းက​နေ ရဲရဲဝံ့ဝံ့ ဆန့်ကျင်ခဲ့ကြတယ်။ ဦး​ဆောင်​တော်လှန်ခဲ့ကြတယ်။  (ဒီ​နေ့​ခေတ် မအလနဲ့ Gen-Z ​တွေလို​ပေါ့။ ဒီလိုဖြစ်ရပ်၊ ဒီလိုသမိုင်း​တွေဟာ နှစ် ၆၀ ​ကျော်လာသည်ထိလည်း ပြန်ပြန်ဖြစ်​နေတုန်းပဲ။ ​တွေးကြည့်ရင် ဘယ်​လောက်နှ​မြောစရာ​ကောင်းတဲ့ ကာလ​တွေလဲ။ လူတစ်စုရဲ့ အာဏာမက်မှု​ကြောင့် တိုင်းပြည်မှာ ဘယ်​လောက်​တောင် ပျက်စီးဆုံးရှုံးခဲ့ရလဲ။) ဇူလိုင်လ ၇ ရက်​နေ့ အ​ရောက်မှာ​တော့ ​နေဝင်းရဲ့ စစ်တပ်ဟာ ဘယ်လိုမှ ထင်မှတ်မထားတဲ့

    Read more

  • နွေဦးဖတ်စာ – ၅ ( အွန့်အွန့် – Burmese Alphabet )

    နွေဦးဖတ်စာ – ၅ ============ အရိပ်ဟူသည် လူနောက်သို့ ထက်ကြပ်မကွာ လိုက်တတ်၏။ အတိတ်ဟူသည်လည်း လူနောက်သို့ ထက်ကြပ်မကွာ လိုက်တတ်၏။ ထိုအတူပင် တရိပ်ရိပ်တက်လာသော ရေပြင်ကြီးသည်လည်း ကျောက်ဂူကြီး၏ အတွင်း၌ ပိတ်မိနေကြသော လူသားသုံးဦးနောက်သို့ အရိပ်ကဲ့သို့လည်းကောင်း၊ အတိတ်ကဲ့သို့လည်းကောင်း ထက်ကြပ်မကွာ လိုက်ပါလျက်ရှိ၏။ ထို့ကြောင့် ကျောက်ဂူကြီးအတွင်းမှ ထိုလူသားသုံးဦးတို့သည် ရေပြင်၏ အတက်/ အသက် အနေအထားကိုကြည့်ပြီး အသက်အန္တရာယ်မှ လွတ်ကင်းအောင် မီးစင်ကြည့်ကလျက် နေကြရတော့၏။ ရေချိန်မြင့်တက်လာလျှင် ရေလွတ်ရာသို့ လွတ်နိုင်သမျှလွတ်အောင် ပြောင်းရွှေ့ကြရသကဲ့သို့၊ ရေပြင်ငြိမ်သက်နေသည့် အခါမျိုးတွင်လည်း နားချိန်တန်နား၊ ရှေ့ဆက်တိုးသင့်သည့်အခါတိုးဖြင့် မိမိတို့ တစ်ကြိမ်တစ်ခါကမျှ မရောက်ဘူး၊ မကြုံဖူးသော အခက်အခဲ၊ အကြပ်အတည်းကြီးကို အတူရင်ဆိုင်ဖြတ်ကျော်လျက်ရှိကြ၏။ ကံတရားက ဆန်းကြယ်သည်ဟု ပြောရမည်လား၊ မျက်နှာသာပေးရမည်ဟု ဆိုရမည်လား။ ရေစီးကြောင်းကြီးသည်

    Read more

  • “အဖြူကို အမည်းဆိုးကြသူများ” – á€‰á€Źá€á€—လ

    “အဖြူကို အမည်းဆိုးကြသူများ” ◾️Juvenile Justice ဆိုတဲ့ ဇာတ်လမ်းတွဲကို တော်တော်များများ ကြည့်ဖူးကြမယ် ထင်ပါတယ်။ တွေးစရာတွေ အများကြီးရစေတဲ့ ဇာတ်ကားလို့ ပြောလို့ရတယ်။ တိုးတက်ပါတယ် ဆိုတဲ့ နိုင်ငံတွေမှာတောင် ဒီပြဿနာ ရှိသေးတယ်ဆိုရင် ဆင်းရဲမွဲတေပြီး အရာရာ နိမ့်ကျနေတဲ့ ကျွန်တော်တို့လို နိုင်ငံမှာ ပိုတောင် ဆိုးလိမ့်ဦးမယ်။ ကလေးသူငယ် ပြစ်မှုကျူးလွန်သူတွေနဲ့ ပတ်သက်ရင် Two schools of thought (အယူအဆ ၂ ခု) က လွန်ဆွဲနေတယ်။ တစ်ခုက ပြင်းပြင်းထန်ထန် ထိထိရောက်ရောက် အရေးယူမှ ရမယ်။ နောက်တစ်ခုကတော့ အဲဒီနည်းက အလုပ်မဖြစ်ဘူး၊ မေတ္တာနဲ့ ပြုပြင်ပေးတာကသာ ရေရှည်အတွက် အကျိုးများမယ်လို့ ဆိုတယ်။ တကယ်တော့ ကလေးသူငယ်မှ မဟုတ်ပါဘူး။ လူကြီးတွေမှာလည်း အဲဒီလိုပဲ။

    Read more

  • “တော်လှန်ခရီးကြမ်းထက်က အမျိုးသမီးများ” – ဒေါက်တာ á€–á€źá€­á€Żá€¸á€žá€Žá€Ÿ

    “တော်လှန်ခရီးကြမ်းထက်က အမျိုးသမီးများ” ◾️ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ အကြမ်းဖက်စစ်တပ်ဟာ ဖိုဝါဒ ကြီးစိုးတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ ဒီအခါ အမျိုးသမီးတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်တာတွေ၊ မုဒိမ်းကျင့်တာကို စစ်လက်နက်တစ်ခုသဖွယ် အသုံးပြုနေတာတွေ မြင်တွေ့နေရတယ်။ အခုမှ မဟုတ်ဘူး၊ ဟိုးအရင်ကတည်းကပဲ။ ပြောလို့၊ ရေးလို့ကို ကုန်နိုင်ဖွယ်ရာ မရှိဘူး။ တစ်ဖက်မှာလည်း မြန်မာ့လူ့အဖွဲ့အစည်းမှာကိုက ကျားမခွဲခြားဆက်ဆံမှုတွေ ရှိနေတယ်။ တော်လှန်ရေး အင်အားစုတွေ ကြားထဲမှာလည်း အမျိုးသမီးတွေဟာ ခက်ခဲပင်ပန်းစွာနဲ့ ရုန်းကန်နေကြရတယ်။ စစ်တပ်ကို တွန်းလှန်နေတဲ့ တပြိုင်တည်းမှာ ကိုယ့်အချင်းချင်းကြားထဲက ဖိနှိပ်မှုတွေ၊ ခွဲခြားမှုတွေကိုလည်း ရင်ဆိုင်နေကြရတယ်။ ဒီဆောင်းပါးမှာတော့ အဲဒီဘက်ကို အသားပေးပြီး ရေးမှာ ဖြစ်ပါတယ်။ တစ်စုံတစ်ရာ ဆင်ခြင်နိုင်ကြစေဖို့ ရည်ရွယ်ပါတယ်။ ◾️စစ်တိုက်တယ်ဆိုတာ ခွန်အားသုံးရတဲ့ကိစ္စ ဖြစ်တယ်။ ​ယေဘုယျအားဖြင့် ​ယောက်ျား​တွေနဲ့သာ သက်ဆိုင်တယ်လို့

    Read more

  • “ကျွန်တော့်ရဲ့ ကောင်မလေးအကြောင်း” – á€á€šá€şá€œá€Žá€€á€ťá€”်းမဏ

    “ကျွန်တော့်ရဲ့ ကောင်မလေးအကြောင်း” ပြောပြချင်လို့ပါဗျာ…. မိုးလေးဖွဲဖွဲ ရွာနေတဲ့ ညနေခင်းတစ်ခုမှာ သူနဲ့ စတင်ဆုံတွေ့ခဲ့တာပေါ့…. စိတ်ရှုပ်ထွေးပြီး အလိုမကျနေတဲ့ မျက်နှာလေးနဲ့ မိုးရွာထဲ ခပ်သုတ်သုတ် လမ်းလျှောက်သွားတဲ့ ကောင်မလေးတစ်ယောက်ကို စပြီးသတိထားမိကတည်းက…. ဝန်ခံပါရစေ…..ကျွန်တော် စိတ်လှုပ်ရှားသွားခဲ့မိတာပါ။ ထီးပါမလာတဲ့အချိန် ရွာချလာတဲ့ မိုးစက်တွေကြောင့် သူ့မျက်နှာဟာ စိတ်တိုနေပုံကျပါတယ်။ ပတ်ဝန်းကျင်ကိုလည်း ဂရုမစိုက်ဘဲ တစ်ယောက်တည်း စိတ်ဆိုးနေတဲ့ စူစူပုပ်ပုပ် မျက်နှာလေးက ချစ်စရာလေးဗျာ…. ထားပါတော့လေ… ဒါနဲ့ပဲ သူ့နောက်ကို နောက်ယောင်ခံလိုက်…သူ ဘယ်သူလဲ… ဘယ်မှာနေလဲဆိုတာ စုံစမ်း…ယောင်္ကျားကြိုက်တော့ စိုက်စိုက်လိုက် ဆိုသလို သူ့အချစ်ကိုရဖို့ ပိုးပန်းရတော့တာပေါ့။ ပိုးရင်းပန်းရင်း ကျွန်တော်သိလာရတာကတော့ သူဟာ ရိုးသားပြီး စိတ်ဓာတ်မာကျောတယ်။ ချစ်ဖို့ကောင်းပြီး အရာရာကို လွယ်လွယ်အလျှော့မပေးတတ်ဘူး။ တစ်ခါတစ်ရံ သူငယ်ချင်းတွေအပေါ် ဂျီကျတတ်ပေမယ့် ဖြူစင်ရိုးသားသူတစ်ယောက်ဆိုတာရယ်… နောက်ပြီး သူဟာ

    Read more

FOLLOW

NEWSLETTER

We’ll work on it. Maybe?