Author: Spring Reader
-
“စိတ်ဒဏ်ရာကို သတိဖြင့် ကုစားခြင်း” – ဒေါက်တာ ဖြိုးသီဟ
“စိတ်ဒဏ်ရာကို သတိဖြင့် ကုစားခြင်း” ◾️လူခန္ဓာကိုယ်မှာ ဒဏ်ရာရတတ်သလို စိတ်မှာလည်း ဒဏ်ရာရတတ်တယ်။ ကြီးမားပြင်းထန်တဲ့ ထိခိုက်မှုလို့ ဆိုလိုတယ်။ သာမန်စိတ်ဖိစီးတာလောက်ကိုပဲ ပြောတာ မဟုတ်ဘူး။ ဥပမာ ရည်းစားနဲ့ ရိုးရိုးတန်းတန်း ကွဲတာ မဟုတ်ဘဲ သစ္စာဖောက်ခံလိုက်ရတာမျိုး၊ မိဘတွေ ရောဂါနဲ့ ဆုံးပါးသွားတာ မဟုတ်ဘဲ မတော်တဆမှုတစ်ခုကြောင့် ရုတ်တရက် ဆုံးပါးသွားတာမျိုး၊ ရုပ်ပိုင်း၊ လိင်ပိုင်း အကြမ်းဖက်ခံရတာမျိုး၊ စစ်မက်ဖြစ်ပွားနေတဲ့အခါမျိုး စတဲ့ အခြေအနေတွေကို ဆိုလိုတယ်။ ◾️ဒါတွေ ဖြစ်တိုင်းလည်း စိတ်ဒဏ်ရာ ရတယ် မဟုတ်ပြန်ဘူး။ တစ်ယောက်နဲ့တစ်ယောက်ရဲ့ ပင်ကိုယ်စိတ်အခံ၊ ဘယ်လိုနည်းလမ်းတွေနဲ့ ကုစားသလဲ၊ ဘယ်လိုပတ်ဝန်းကျင်မျိုးမှာ ရှင်သန်နေထိုင်ရသလဲ စတဲ့ အချက်တွေပေါ် မူတည်ပြီးလည်း ကွာခြားကြပြန်သေးတယ်။ ဥပမာ စီးပွားပျက်သွားတာချင်း အတူတူ ပစ္စည်းဥစ္စာအပေါ် တပ်မက်မှု ပိုများသူ၊ အတ္တ၊…
-
နွေဦးဖတ်စာ – ၄ ( အွန့်အွန့် – Burmese Alphabet )
နွေဦးဖတ်စာ – ၄ “ကိုယ့်မွေးနေ့ ရောက်တဲ့အခါတိုင်း တွေးမိတာတစ်ခုက ငါ ဘာအတွက် လူလာဖြစ်တာလဲ ဆိုပြီးတော့ပေါ့” “ဟာ လုပ်လာပြန်ပြီနော်” တရားဖြုတ်ပြီးပြီးချင်း တွေးတွေးဆဆပြောလိုက်သော ဆရာဖြိုး၏ စကားနှင့် ရေထဲမှ ဆယ်ယူလာသောအထုပ်ကို ဖွင့်ကြည့်နေသော ကိုဇင်ဇေ၏ စကားတို့မှာ ရှေ့ဆင့်နောက်ဆင့် ထွက်လာသောကြောင့် ကိုလင်းထက်အောင် ပြုံးစိစိ ဖြစ်သွား၏။ “ဘာဖြစ်ပြန်တာလဲ ကိုဇင်ဇေ” မုဒ်ပျက်သွားသော ဆရာဖြိုးက ရှုတည်တည်ကြီး မေးလိုက်သည်။ “ဒီမှာလေဗျာ စာတွေချည်းပဲ ထပ်ထွက်လာလို့လေ” ကိုဇင်ဇေက အထုပ်ထဲမှထွက်လာသော စာများကို ပြရင်း ပြန်ပြောလိုက်သည်။ “အခြား အသုံးဝင်တာတွေ ပါဦးမှာပါ၊ သေချာရှာကြည့်ပါဦး ကိုဇင်ဇေရဲ့” ဆရာဖြိုး၏စကားကြောင့် ကိုဇင်ဇေသည် အထုပ်ကို အိတ်သွန်ဖာမှောက် လုပ်လိုက်ရာ အချောင်းသုံးချောင်း ထွက်ကျလာလေသည်။ “ဟာ Energy Bar…
-
ကောက်ကြောင်း – ၅ (ကြိုးဝိုင်း) – အွန့်အွန့် – Burmese Alphabet
ကောက်ကြောင်း – ၅ (ကြိုးဝိုင်း) ပဒေသာပင်ချယ်နယ်မှ work out music ကိုဖွင့်ပြီး ကျားကုတ်ကျားခဲ အိပ်ပျော်နေသော ကိုမဟာကို နည်းပြဆရာအောင်လက ညင်ညင်သာသာ ပိတ်ကန်ပြီး နှိုးလိုက်သည်။ “ဟျောင့် work out music ကြီးဖွင့်ပြီး အိပ်ပျော်နေရသလားဟ၊ ကိုပဒေသာတော့ ကောတော့မှာပဲ” ဆရာအောင်လက မာန်လိုက်သဖြင့် ကိုမဟာ မချိသွားဖြဲ ပြန်ပြုံးလိုက်ရင်း “ပင်ပန်းပြီး အိပ်ပျော်သွားတာပါဆရာ” ဟု ပြောလိုက်သည်။ အမှန်မှာ မနေ့က အသစ်ထွက်တော့မည့် ဝေးလ်၏ ‘မခင်လေးငယ်သို့’ ကဗျာစာအုပ်ကို တစ်ပုဒ်ချင်း အရသာခံပြီး ပြန်ဖတ်နေသောကြောင့် ညဉ့်နက်မှအိပ်ပျော်သွားခြင်း ဖြစ်ကြောင်းကိုတော့ ပြောပြမနေတော့ပေ။ ဆရာအောင်လက စိတ်မြန်လက်မြန်တတ်သူ မဟုတ်လား။ ပြောမရလျှင် စပါးအုံးချုပ်ကွက်နှင့် ထလုပ်နေလျှင် မခက်ပါလား။ အမှန်မှာ သည်နေ့က ဒါရိုက်တာကြီး…
-
ကိုယ်ကျင့်တရားဆိုင်ရာ တွေးဆစရာများ ( ဒေါက်တာ ဖြိုးသီဟ )
“ကိုယ်ကျင့်တရားဆိုင်ရာ တွေးဆစရာများ” ◾️မှတ်မိသလောက် ရေးရတာမို့ အတိအကျ ဟုတ်ချင်မှ ဟုတ်မယ်။ သဘောတရားကို ယူပါ။ တစ်ခါက ပင်စင်စား အဖိုးကြီးတစ်ယောက် ရှိသတဲ့။ သူ့ချွေးနဲစာလေးနဲ့ ဘဝမှာ ပထမဆုံးအကြိမ်အဖြစ် ကားကောင်းကောင်းတစ်စီး ဝယ်လိုက်တယ်။ ငွေပိုမရှိတော့လို့ အာမခံတော့ မထားရသေးဘူး။ တစ်ရက်တော့ သူ အဲဒီကားလေးကို မောင်းရင်း ရထားသံလမ်း (လမ်းလွှဲ) မှာ ရပ်ထားခဲ့ပြီး ရထားလမ်းတလျှောက် လမ်းလျှောက်ထွက် ရှုခင်းတွေ ကြည့်နေတယ်။ အဲဒီမှာ ရထားတစ်စီးက အရှိန်နဲ့ မောင်းလာတယ်။ ကြည့်လိုက်တော့ အဲဒီလမ်းပေါ်မှာ ကလေးလေးတစ်ယောက်က ဆော့ကစားလို့။ သူပြေးသွားလို့လည်း မမီသလို၊ လှမ်းအော်လို့လည်း ကလေးက မကြားနိုင်ဘူး။ ဒါပေမဲ့ သူ့အနားမှာက ဒီရထားကို လမ်းလွှဲလိုက်လို့ ရတဲ့ မောင်းတံတစ်ခု ရှိနေတယ်။ ဒါကို နှိပ်ချလိုက်ရင်…
-
တောင်ပေါ်သူလေးတွေ ဘာလို့ ပါးအို့နီလေးတွေနဲ့ ဖြစ်နေရတာလဲ ( တယ်လီကျန်းမာ )
“တောင်ပေါ်သူလေးတွေ ဘာလို့ ပါးအို့နီလေးတွေနဲ့ ဖြစ်နေရတာလဲ” လို့ မနေ့က မေးကြည့်တော့ ဖြေလိုက်ကြတာမှ…..အဖြေတွေ အမျိုးမျိုးပဲနော်… တကယ်လည်း ပါးလေးတွေနီ… နားရွက်ဖျားလေးတွေနီ… နှာထိပ်လေးတွေနီပြီး….မျက်နှာမှာ ပတ္တမြားရောင်လေးတွေ ဖြစ်နေကြတာဟာ အကြောင်းအရင်းတွေ အမျိုးမျိုးရှိပါတယ်တဲ့။…. ပထမဦးဆုံးကတော့ တောင်ပေါ်ဒေသကို ရောက်တဲ့အခါ လေထုဖိအား နည်းတာပေါ့နော်… ဖိအားနည်းတော့ လေထဲက အောက်စီဂျင်ဟာ အဆုတ်ထဲ ကောင်းကောင်းမဝင်ဘဲ ပမာဏနည်းသွားပါသတဲ့… အမြင့်ရောက်လေ အောက်စီဂျင်နည်းလေ မဟုတ်ဘူးနော်…🤗 (လေထုထဲမှာ O2 ပါဝင်တဲ့ရာခိုင်နှုန်းဟာ မြေပြန့်နဲ့ တောင်ပေါ် အတူတူပါပဲတဲ့။ မော်လီကျူးလေးတွေဟာ ပိုပျံ့ကျဲနေပြီး လေဖိအားလည်း နည်းတာကြောင့် ခန္ဓာကိုယ်ထဲ ရောက်တဲ့ပမာဏ နည်းသွားတာပါတဲ့) အဲ့တော့ ဘာဖြစ်တုန်း ? ဘာဖြစ်ရမှာတုန်း….နည်းသွားတဲ့ အောက်စီဂျင်ကို စနစ်တကျနဲ့ လိုတဲ့နေရာတွေကို ပို့ပေးဖို့ ခန္ဓာကိုယ်က သွေးနီဥတွေ အများကြီး…
-
အကြပ်အတည်းကြားက ရှင်သန်ခြင်း ( ဒေါက်တာ ဖြိုးသီဟ )
“အကြပ်အတည်းကြားက ရှင်သန်ခြင်း” ◾️ကိုယ့်မွေးနေ့ ရောက်တဲ့အခါတိုင်း တွေးမိတာတစ်ခုက “ငါ ဘာအတွက် လူလာဖြစ်တာလဲ” ဆိုပြီးတော့ပေါ့။ အဲဒီမေးခွန်းအတွက် အရင်တုန်းက ရတဲ့ အဖြေက ‘အသိပညာ မျှဝေဖို့’၊ ‘လူတွေကို ကူညီဖို့’၊ ဒီလိုတွေ ဖြစ်တယ်။ ခုထိရော မှန်လားဆို မှန်ပါသေးတယ်။ သို့သော် ဒီဘက်နှစ်တွေမှာတော့ အတော်လေး ပြောင်းလဲသွားခဲ့တယ် ပြောရမယ်။ ◾️အခုဆို အသက်က ၃၄၊ အိမ်မှာ မရှိဘဲ ဖြတ်သန်းရတဲ့ မွေးနေ့အနေနဲ့ဆို ၃ နှစ်မြောက်။ ဘဝအပေါ် မြင်တဲ့အမြင်၊ ရေးတဲ့စာ၊ လုပ်တဲ့အလုပ်တွေက အရင်နှစ်တွေကထက် ပိုရင့်ကျက် ပြည့်ဝလာသလို ကိုယ့်ကိုယ်ကိုယ် ခံစားမိတယ်။ ဘယ်သူမဆို ပျော်ရွှင်၊ အဆင်ပြေ၊ လွယ်ကူချင်ကြတာချည်းပဲ ဆိုပေမဲ့ အခက်အခဲ၊ ဒုက္ခတွေကသာ လူကို ပိုရင့်ကျက်လာစေတာမို့လား။ အတွေးအမြင်တွေကို…
-
နွေဦးဖတ်စာ – ၃ ( အွန့်အွန့် – Burmese Alphabet )
နွေဦးဖတ်စာ – ၃ “ဟေ့လူ၊ ကိုဇင်ဇေ” “ဘာလဲဗျ၊ ဆရာဖြိုး” “ကျုပ်က အဆုံးထိမရောက်တဲ့ ကြိုးစားအားထုတ်မှုဟာ အစကတည်းက မလုပ်ခဲ့တာနဲ့ အတူတူပဲလို့ပြောနေတာကို ခင်ဗျားက ဘာလို့ အစကတည်းက မဝင်လာရမှာလို့ ပြောရတာလဲဗျ” ဆရာဖြိုးက ရစ်လိုက်ရာ ကိုဇင်ဇေမှာ ဆတ်ခနဲ တစ်ချက်တွန့်သွားပြီး ချက်ချင်းပင် ကြက်ခေါင်းဆိတ်မခံ ပြန်ဖြေလိုက်၏။ “အဲ့ဒီစကားမျိုး ကျုပ် မပြောဘူးနော်၊ ဆရာဖြိုး” “ကျနော်က လှုံ့ဆော်အားပေးနေတာကို ခင်ဗျားက အပျက်ဘက်ကနေ လိုက်ပြောနေတယ်၊ တကယ့်လူပဲ” “ဟာ ဟေ့လူ၊ အဲ့ဒီစကား ကျုပ်မပြောပါဘူးဆို၊ ကျုပ်က ငရဲရောက်မှာတော့ ဆုံးအောင်သာဆက်လျှောက်ဆိုပြီးတော့တောင် ချာချီကြီးစကား ကိုးကားပြောခဲ့သေးတာနော်” “လက်ပူးလက်ကြပ်မိနေတာတောင် ခင်ဗျားက ငုံတာဥ လုပ်နေတာလား ကိုဇင်ဇေ” “ရေခဲချောင်း အာ ဘာ မုန်လာဥမှ မလုပ်ပါဘူးဗျ၊…
-
လူတယောက်ကိုချီးမွမ်းတဲ့အခါ ( ဇဏ်ခီ )
လူတယောက်ကိုချီးမွမ်းတဲ့အခါမှာ “Unprejudiced” ဆိုတာတခါတလေကြားရတတ်တယ်။ ကြားရတော့ခဲတယ်။ များသောအားဖြင့် “He’s nice.” “She’s generous.” “He’s kind.” “She’s brave.” စသည်ဖြင့်ကြားရတယ်။ Unprejudiced ဆိုတာမကြားရသလောက်ရှားတယ်။ Unprejudiced ဆိုတာ တဖက်သားကိုသေချာမသိပဲနဲ့ assume မလုပ်ဘူး။ Judge မလုပ်ဘူး။ မသိပဲနဲ့စိတ်ထဲမှာ မှန်းဆစွပ်စွဲကောက်ချက်ချတာမျိုးမလုပ်ဘူး။ တနည်းအားဖြင့်ပြောရရင် စိတ်ရှင်းတယ်ပေါ့။ ဥပမာ – ကျောင်းမှာလှတဲ့ကောင်မလေးတယောက် – သူဟာဘာသိဘာသာ (ဖာသီးဖာသာ) နေတတ်ရင်ဘာပြောကြလဲ။ “သူကမာနကြီးနေတာ” “သူကမောက်မာတယ်” လို့ပြောကြမယ်။ တကယ်တမ်းမှာ သူဟာရှက်တတ်တာဖြစ်ရင်ဖြစ်မယ်၊ introvert ဖြစ်ချင်ရင်လည်းဖြစ်နေမယ်၊ ဒါမှမဟုတ် သူ့ nature ကိုကဘာသိဘာသာနေတတ်တာလည်းဖြစ်ရင်ဖြစ်မယ်။ ဒါပေမယ့် ချောမောလှပတဲ့အတွက် သူ့ရဲ့ဘာသိဘာသာနေခြင်းဟာ မာနကြီးလို့ဆိုတဲ့ assumption (မှန်းဆခြင်း) နဲ့ conclude (ကောက်ချက်ချ) လိုက်ကြတယ်။…
-
နွေဦးဖတ်စာ – ၂ ( အွန့်အွန့် – Burmese Alphabet )
နွေဦးဖတ်စာ – ၂ ( အွန့်အွန့် – Burmese Alphabet ) “ကိုကို ထတော့လေ” ချိုသာညင်းပြောင်းသော အသံသေးသေးလေးကြောင့် ကိုလင်းထက်အောင် အိပ်ရာမှ နိုးလာလေသည်။ ချစ်စဖွယ်မျက်နှာလေးဖြင့် သူ့ကို စိုက်ကြည့်ရင်း ပြုံးပြနေသော မိန်းမပျိုလေးတစ်ဦးကို မြင်လိုက်ရသည်။ “ကိုကိုကလည်း၊ သိပ်အိပ်ပုတ်တာပဲ၊ ထတော့လေ၊ ဘရိတ်ဖတ်စ် စားကြမယ်၊ ကော်ဖီလည်းဖျော်ထားပြီးပြီ” ထိုမိန်းမပျိုလေးက ခရာတာတာ ပြောလိုက်ပြန်သည်။ “ကိုယ် နိုးပါပြီ လီဆာရယ်” မိန်းမချောလေးက ခပ်ချွဲချွဲလေး ထပ်နှိုးနေသဖြင့် ကိုလင်းထက်အောင်က အဖြေပြန်ပေးပြီး ထလာလိုက်သည်။ ထို့နောက် မျက်နှာသစ်၊ သွားတိုက်ပြီး မနက်စာစားရန် ထမင်းစားခန်းထဲသို့ ဝင်လာလေသည်။ ‘လီဆာ’ က စားပွဲတွင် အပြုံးလေးနှင့် အဆင်သင့်ထိုင်စောင့်နေသည်ကို တွေ့လိုက်ရသဖြင့် ကိုလင်းထက်အောင် အတော် ဘဝင်ကျသွားသည်။…
-
အတွင်းကျကျတည်ငြိမ်တဲ့ Self-confidence မျိုးဘယ်လို ရနိုင်မလဲ ( ဇဏ်ခီ )
Self-confidence(ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု) ဟာကိုယ့်ရဲ့အသုံးအဆောင်ပစ္စည်းတွေ၊ စည်းစိမ်ဥစ္စာတွေ၊ ဘွဲ့တွေရာထူးတွေကလာတယ်ဆိုရင် မဟုတ်သေးဘူး။ နည်းနည်းတော့ဖြစ်နိုင်တာပေါ့နော်။ဥပမာ – Smart ကျကျဝတ်စားထားတဲ့နေ့ နဲ့ဆံပင်ကဖြစ်ချင်တိုင်းဖြစ် အင်္ကျီကလည်းမီးပူတိုက်ဖို့အချိန်မရလို့တွန့်ကျေနေတဲ့နေ့နဲ့လူတောတိုးတဲ့အချိန်မှာခံစားမှုမတူသလိုမျိုး။iPhone ကိုင်နိုင်ရင်နေရထိုင်ရတာကောင်းနေသလိုမျိုး။Mercedes စီးနိုင်ရင်မြောက်ကြွမြောက်ကြွဖြစ်နေတာမျိုး။တပည့်တပန်းတွေကကိုယ့်ကို “မ” နေမှနေသာထိုင်သာရှိတာမျိုး။ 😃 ဒါပေမယ့် ဒါတွေကအပေါ်ယံကိစ္စတွေပဲဖြစ်နေတယ်။ပြီးတော့ ကိုယ်ကဒါတွေအပေါ်မှာမှီခိုနေရတယ်ဆိုရင်လည်းမဟုတ်သေးပြန်ဘူး။ဒါကြောင့် ပစ္စည်းဥစ္စာရာထူးစည်းစိမ်ရှိမှ self-confidence ရှိလို့ရနိုင်မယ်ဆိုတဲ့ equation ကလုံးဝ false ( မှားနေတယ် ) လို့တပ်အပ်ပြောလို့ရတယ်။ ဒါဆို ဘဝရဲ့အတက်အကျတွေကြားမှာအတွင်းကျကျတည်ငြိမ်တဲ့ self-confidence မျိုးဘယ်လိုရနိုင်မလဲ။ မတ်စေ့တစေ့မှာခေါင်းနဲ့ပန်းရှိသလိုပဲ လူတိုင်းမှာအဆိုးနဲ့အကောင်းရှိတယ်။ကိုယ့်ရဲ့ဆိုးခြင်းရောကောင်းခြင်းရောကို ဆင်ခြေဆင်လက်ဘာမှမပေးတော့ပဲနဲ့အပြည့်အဝလက်ခံနိုင်ပြီဆိုရင် self-confidence ဆိုတဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိဖို့ဖြစ်လာနိုင်တယ်။လက်မခံနိုင်သေးသ၍ – တနည်းအားဖြင့်ကိုယ့်ကိုယ်ကိုယ်ညာနေသေးသ၍ကတော့သူတပါးရဲ့အပြောအမြင်တွေကြားမှာ လုံးချာလည်နေဦးမှာပဲ။ စိတ်မလုံမလဲဖြစ်နေဦးမှာပဲ။ဂုဏ်တွေဒြပ်တွေပစ္စည်းဥစ္စာတွေကိုအားကိုးနေရဦးမှာပဲ။ ကိုယ့်ရဲ့ perfect မဖြစ်မှုကို လက်ခံနိုင်ပြီ၊အလုံးစုံမပြည့်စုံမှုကိုလက်ခံလိုက်ပြီ (self-acceptanceရှိပြီ) ဆိုရင်တပါးသူတွေရဲ့ flaw တွေ အပြစ်အနာအဆာတွေကိုလည်းနားလည်နိုင်လာပြီးသူတို့ရဲ့ forte (အားသာချက်တွေ) ကိုလည်းပိုပြီးတော့…