Author: Spring Reader
-
ချန်ဂင်တို့စခန်း (၁၇၇) – ဒေါက်တာ စိုးမင်း
“ချန်ဂင်တို့စခန်း (၁၇၇)” ဒီအရပ် ဒီနေရာမှာ ဥတုသုံးလီ ရာသီစက်ဝန်း တစ်ပါတ်လည်အောင် နေခဲ့ပြီးပြီမို့ အရာရာ နေသားတကျ ဖြစ်နေပြီလို့ ပြောရင်ရပါတယ်။ သစ်ပင်လေးတွေ မြက်ပင်လေးတွေကအစ ကိုယ်နဲ့အကျွမ်းတဝင် ရှိနေပြီ။ ထိတွေ့မှုတိုင်းကို “မနှစ်ကဆိုရင်…” လို့ မှတ်ဉာဏ်ထဲမှာ ပြန်နှိုင်းယှဉ်စရာ ရနေပြီ။ Facebook ကြီးကတောင် ကိုယ့်ရဲ့”မနှစ်ကဆိုရင်”တွေကို ပုံတွေစာတွေနဲ့တကွ memories တွေ တင်တင်ပေးနေတယ်။ ဟုတ်သားပဲ။ မနှစ်က ဒီအချိန် ဒီမှာ။ အချိန် နဲ့ နေရာတွေ တူတယ်။ ကိုယ်ပဲ မတူတော့တာ။ ဒီလူတော့ ဒီလူပါပဲ။ သို့သော် မနှစ်ကနဲ့ မတူတော့တာ ကိုယ့်ဆီမှာ အများကြီးပဲ။ စာရေးရင် အမြဲပါနေကျ စမ်းချောင်းလေးလည်း မနှစ်ကနဲ့မတူ။ ဆေးရုံနဲ့အနီးကပ်ဆုံးတည်ရှိနေတဲ့ ရွာကလေးလည်း မနှစ်ကနဲ့မတူ။ ထင်ရှားမြင်သာတဲ့ ပြောင်းလဲခြင်းတွေ…
-
နွေဦးဖတ်စာ – အပိုင်း – ၁ ( အွန့်အွန့် – Burmese Alphabet )
နွေဦးဖတ်စာ “အဆုံးထိမရောက်တဲ့ ကြိုးစားအားထုတ်မှုဟာ အစကတည်းက မလုပ်ခဲ့တာနဲ့ အတူတူပဲ” ဟု ပြောရင်း ဒေါက်တာဖြိုးသီဟက ဖုန်းမီးလေးထွန်းရင်း ရှေ့သို့ဆက်လျှောက်သွားလေသည်။ ကိုဇင်ဇေနှင့် ကိုလင်းထက်အောင်တို့လည်း နောက်ကနေ ငိုက်စိုက်ငိုက်စိုက်နှင့် ဆက်လက်လိုက်ပါလာကြသည်။ “အမှန်က အစကတည်းက ဝင်မလာခဲ့ရမှာ” ဟု ကိုဇင်ဇေက လျှောက်လာရင်း အတွေးထဲကနေ ပြောနေလေ၏။ နှုတ်မှထုတ်ပြောလိုက်လျှင် နပန်းလုံးနေရမည်ဖြစ်သဖြင့် အားအင်ချွေတာသည့်အနေဖြင့် ခတ်မဆိတ်လုပ်ရင်း အတူတူ ဆက်လျှောက်လာကြသည်။ ကိုလင်းထက်အောင်ကတော့ “ထာဝရ လက်ခလယ်ပဲနော်” ဟု မည်းမည်းမြင်ရာကို လှမ်းအော်ပြောနေလေ၏။ မှန်ပါသည်။ ပတ်ဝန်းကျင် တစ်ခွင်လုံးသည် ဆရာဖြိုး၏ ဖုန်းမှထွက်ပေါ်နေသော အလင်းရောင်မှလွဲ၍ ပိန်းပိတ်အောင် မဲမှောင်လျက်ရှိသည်။ မဲမည်ပေါ့။ မှောင်မည်ပေါ့။ သူတို့ ဝင်ရောက်လာကြသည်မှာ လူသူအရောက်အပေါက် မရှိသော ကျောက်လှိုဏ်ဂူကြီးတစ်ခု ဖြစ်နေသည်ကိုး။ ‘သိချင်ရင်ဝင်ကြည့်’ ဟူသည့် ဂူဝမှ…
-
အသင့်စားခေါက်ဆွဲခြောက်များနဲ့ ကျန်းမာရေးပြဿနာ ( တယ်လီကျန်းမာ )
“အသင့်စားခေါက်ဆွဲခြောက်များနဲ့ ကျန်းမာရေးပြဿနာ” ဝယ်ရလွယ်ကူတာ၊ ပြင်ဆင်ရလွယ်ကူတာ၊ ဈေးသက်သာတာ၊ အရသာရှိတာ စတဲ့အကြောင်းမျိုးစုံနဲ့ အသင့်စားခေါက်ဆွဲခြောက်တွေကို စွဲလန်းစွာ စားသုံးနေသူတွေ အများအပြားပါပဲ။ ညတိုင်း ဒရာမာလေးတွေကြည့်ရင်း ခေါက်ဆွဲပြုတ်လေးစားလိုက်ရမှ နေသာထိုင်သာရှိသူတွေ၊ မိုးလေးအေးလာတော့ ခေါက်ဆွဲပူပူလေးစားချင်ကြသူတွေ၊ ဘာရယ်မဟုတ် ခေါက်ဆွဲကြိုက်ကိုကြိုက်သူတွေ စသဖြင့် အစားတစ်လိုင်းတွေကလည်း နည်းနည်းနောနောမဟုတ်ပါလားနော်။…. တကယ်တော့ ဒီအသင့်စားခေါက်ဆွဲခြောက်တွေဟာ ရေရှည်စားသုံးရင် ကျန်းမာရေးအတွက် ဆိုးကျိုးတွေပေးနိုင်တာကြောင့် စားဖို့ရာမသင့်တော်ပါဘူး။ အရင်ဆုံး ဘာကြောင့်မကောင်းဘူး ပြောရသလဲဆိုတာ ဖတ်ကြည့်ရအောင် !. (၁) ဆိုဒီယမ်ပမာဏများပြားခြင်း ခေါက်ဆွဲခြောက် (၁၀၀) ဂရမ်မှာ ဆိုဒီယမ် (၃၉၇- ၃၆၇၈) မီလီဂရမ်အထိ ပါဝင်ပါတယ်။ အချို့ခေါက်ဆွဲတွေမှာ ဒီထက်တောင်များပါသေးတယ်။ ကိုယ်ဝယ်တဲ့ ခေါက်ဆွဲခြောက်ရဲ့အထုပ်ပေါ်မှာ ဖော်ပြထားတဲ့ ဆိုဒီယမ်ပမာဏကို ဂရုပြုကြည့်ရှုနိုင်ပါတယ်။ ဆိုဒီယမ်ဆိုတာ ခန္ဓာကိုယ်ရဲ့ဇီဝဖြစ်စဉ်အတွက် လိုအပ်တဲ့သတ္တုဓာတ်တစ်မျိုးပါပဲ။ ဒါပေမယ့် ပမာဏများတဲ့အခါ…
-
ဖြိုးသီဟ ရဲ့ ပြိုင်ဘက်တွေက ဘယ်သူတွေလဲ ( ဒေါက်တာ ဖြိုးသီဟ )
◾️ကျွန်တော့်ရဲ့ ပြိုင်ဘက်တွေလို့ ပြောရင် ဘယ်သူတွေများ ဖြစ်မလဲ။ တခြားသော စာရေးဆရာတွေ၊ Trainer တွေ ဖြစ်မှာပေါ့။ ဒါတောင် အသေးစိတ် ခွဲလို့ ရသေးတယ်။ Fitness Trainer သည် ကျွန်တော့်ပြိုင်ဘက် မဟုတ်ဘူး။ နိုင်ငံရေး စာရေးဆရာသည် ကျွန်တော့်ပြိုင်ဘက် မဟုတ်ဘူး။ လိုင်းမှ မတူတာပဲကိုး။ သို့သော် ဒီခေတ်ကျ အဲ့ဒီလို စဉ်းစားလို့ မရတော့ဘူး။ ◾️လူတွေမှာ တစ်နေ့ကို ၂၄ နာရီ ရှိကြတဲ့အထဲ ပျမ်းမျှအားဖြင့် အိပ်ချိန် ၆ နာရီ၊ အလုပ်ချိန် ၈ နာရီ၊ လမ်းပေါ် အချိန်ကုန်တဲ့ ၂ နာရီ ဖယ်လိုက်ရင် ၈ နာရီ ကျန်မယ်။ ဂျက်မားရဲ့ စကားနဲ့ ပြောရရင်တော့ အဲဒီလက်ကျန် ၈…
-
ချော့ ( Burmese Alphabet )
ချော့ “အားယူထပျံ အောက်ချင်းအားမာန်”“အားယူထပျံ အောက်ချင်းအားမာန်”“အားယူထပျံ အောက်ချင်းအားမာန်” ကပ္ပတိန်ဇီးရိုးသည် အားမာန်အပြည့်ဖြင့် ထိုကဲ့သို့ သုံးကြိမ်တိတိအော်ပြီး လက်နှစ်ဖက်ကို တောင်ပံခတ်သကဲ့သို့ ပြုလုပ်လျက် ပွိုင့်ဖိုက်ပေါ်မှ ထပျံရန် ကြိုးစားနေ၏။ သို့သော် အောက်ချင်းငှက်မဟုတ်ဘဲ ကပ္ပတိန်ဇီးရိုး ဖြစ်နေသောကြောင့် ထမပျံနိုင်ဘဲ ပွိုင့်ဖိုက်ပေါ်၌ ပွစိပွစိပြောလျက် ထိုင်မြဲအတိုင်း ဆက်ထိုင်နေရလေသည်။ ထိုစဉ် စတစ်ကော်လာအဖြူနှင့် ယောပုဆိုး ဝတ်ဆင်ထားသော ကိုဝေယံအောင်သည် မယ်ဒလင်လေး တစ်လုံးပိုက်လျက် ပွိုင့်ဖိုက်အနီးသို့ လျှောက်လာလေသည်။ ထို့နောက် ပွိုက့်ဖိုက်အောက်၌ ကြွေကျလျက်ရှိသော ပန်းလေးတစ်ပွင့်ကို ကောက်ယူနမ်းရှိုက်လိုက်ရင်း ကိုဇီးရိုးကို ပြောလိုက်သည်။ “ကိုခန့် ပွိုင့်ဖိုက်ပေါ်မှာ ပျင်းနေမှာစိုးလို့ ကျနော် အဆို၊ အတီးလေးနဲ့ လာဖျော်ဖြေတာပါ” ထိုသို့ပြောပြီးနောက် ကိုဝေယံအောင်က မယ်ဒလင်လေးကို တဒေါင်ဒေါင် တီးခတ်လိုက်သည်။ “ဖျင်ပင်နီချောရယ်နဲ့၊ ယောထမီ၊ ယောထမီ၊…
-
Elon Musk က စက်ရုပ်ဇနီး တကယ် ထွင်နေလား ( ကိုဇင်ဇေ )
Elon Musk ကဘာ စက်ရုပ်ဇနီးမှ ထွင်မနေဘူး ။( ကြိတ်ထွင် နေရင်တော့ မသိဘူးပေါ့ ) AI နဲ့ လက်ဆော့ထားတဲ့ ပုံတွေကိုနိုင်ငံတကာ က လူတစ်ယောက် ကအတည်ပေါက်နဲ့ စာရေး ဖွတာကို မြန်မာနိုင်ငံက( အင်္ဂလိပ်လို ရေးထားတာနဲ့ကို အမှန် ထင်တတ်တဲ့ )ေ-ာက်ပေါ ဆရာကြီး တစ်ယောက်ယောက်ကစပြီး ဘာသာပြန် တင်လိုက်တာ … အဲ့ဒါကိုေ-ာက်ပျင်းတွေက မစိစစ်ပဲ ထပ်ဖြန့်နေတာ … လခွမ်းထဲမှပဲ … ပိန်းတာ ပိန်း …အဲ့လောက်တော့ မပိန်းကြနဲ့ … ~ ကိုဇင်ဇေ •••••• မပိန်းချင် ရင်“ နွေဦးဖတ်စာ” မှာ စာလာဖတ် …ဒါက Trendjacking လုပ်ပြီး အတင်း ကြော်ငြာဝင်တာ 😂😂😂…
-
ညီမလေးနဲ့ နိုင်ငံတော် ( သင့်သူ )
` ညီမလေးနဲ့ နိုင်ငံတော် “•••••••••••••••••••••••••••••• ညီမလေး ကြည်သာအေးချမ်းကို ဆက်သွယ်တဲ့အခါအကိုပြန်လာပါလားတဲ့။ ညီမလေးရေအကို့ညီမလေး ကြည်သာအေးချမ်းရေအကိုပြန်လာချင်တာပေါ့အကိုရွာကိုလွမ်းတဲ့အခါ အညာကိုပြေးပြေးမြင်တယ်။အကိုသိပ်နာတာပဲ။ ကိုယ့်အတ္တကိုယ်မီးမြှိုက် ဒီခေတ်ကြီးထဲ ရှိုက်ရှိုက်ပြရတာ ရင်တွေသိပ်နာတယ်။ခေတ်ပညာတွေဟာ တောနဲ့မဆိုင်ကြောင်းသေနတ်နဲ့မဆိုင်ကြောင်းကျည်ဆံတစ်တောင့်ဟာ ပညာတတ်တစ်ယောက်ကိုလည်းသေစေတယ်။ကျွန်ရူးတစ်ကောင်ကိုလည်းသေစေတယ်။မညီမျှတဲ့အကြောင်းတဲ့။ ညီမလေးရေကြည်သာအေးချမ်းရေကမ္ဘာကြီးက စောင်းနေတယ်။မြန်မာပြည်ကပိုစောင်းတယ်။နှစ်ပေါင်းများစွာ လူညစ်ကျယ်တွေနဲ့ အုပ်ချုပ်ရေးဟာစောင်းနေတယ်။ပညာရေးဟာစောင်းနေတယ်။လူ့အခွင့်ရေးဟာ တစ်ခြမ်းစောင်းနေတယ်။ဒီတစ်ခြမ်းစောင်းနေတဲ့ နိုင်ငံထဲ ငါ့ညီမလေးကို ဘယ်ထားခဲ့ရက်မလဲ။ ညီမလေးက ခရမ်းပြာတွေကြိုက်တယ်ပြောလို့တောထဲက ပျဉ်းမပွင့်တွေ ဖုန်းနဲ့ ရိုက်ပြီးပို့လိုက်တယ်။ကြည်သာအေးချမ်းလေး အေးချမ်းပါစေကွယ်။ညီမလေးက အဝါရောင်ကြိုက်တယ်ဆိုလို့စစ်ဘေးရှောင်သွားတဲ့ လူမရှိတဲ့ ရွာထဲကဖြတ်ရတုန်း အိမ် ခြံစည်းရိုးမှာစိုက်တဲ့ ပုဏ္ဏရိပ် အဝါရောင်လေးလည်း ပို့ပေးလိုက်တယ်။ကြည်သာအေးချမ်းလေး ငြိမ်းချမ်းပါစေကွယ်။ ညီမလေးသခင်သန်းထွန်းရဲ့အကြောင်းတွေလည်းမဖတ်နဲ့ချီဂွေဘားရားအကြောင်းလည်းမဖတ်နဲ့မဟတ္တမ ဂန္ဓီအကြောင်းလည်းမဖတ်နဲ့။နယ်ဆင်မန်ဒဲလားအကြောင်းလည်းမဖတ်နဲ့။ဒေါ်အောင်ဆန်းစုကြည်အကြောင်းလည်းမဖတ်နဲ့။ဟံသာဝတီဦးဝင်းတင်အကြောင်းလည်းမဖတ်နဲ့။အကိုလည်း မဖတ်နဲ့ဆိုတာတွေဖတ်ပြီးမလုပ်နဲ့ဆိုတာတွေကြီး လုပ်ချင်ခဲ့တာ။ မဖတ်နဲ့ဆို မဖတ်နဲ့ညီမလေးရဲ့အဖေပြောသလို အကိုကကြည်သာအေးချမ်းလေးကို ချစ်လို့ပါဆိုတဲ့စကားနဲ့ မျက်စိတွေပိတ်ပစ်ချင်တာ။သိတာများလေး ပူလောင်လေပဲ ညီမလေး။ညီမလေးမသိတာများရင် ပူလောင်တာတွေ လျော့မလားလို့အကို အတ္တကြီးမိတာပါ။ ညီမလေးရေကြည်သာအေးချမ်းရေငါ့အကိုက တောထဲမှာ…
-
လုပ်စား Pages တွေ ရဲ့ အကွက်တွေ ( ကို ပဒေသာ )
သာမန်ဖြစ်ရိုးဖြစ်စဉ်များအတိုင်းပါပဲ ဒီဘဲက သူ့ဟာသူတစ်တော့ဆော့တယ်အဲ့ဒါကို ခွီချင်တဲ့သူက Vdo ကို ဖေ့ဘုတ်မှာပြန်တင်တယ်။မိတ်ဆွေတို့ကလည်း ခွီကြ Share ကြပေါ့။ အဲ့ဒါတွေရဲ့နောက်ဆက်တွဲကတော့ လုပ်စားမယ့်ကောင်တွေက ခုလိုပေ့ခ်ျကောက်ထောင်လိုက်မယ်။ပြီးရင် ခင်ဗျားတို့ခွီချင် ဆဲချင် Share ချင်အောင်Caption အမျိုးမျိုးနဲ့တင်မယ်။ ကာယကံရှင်ကလည်း သူဒီလိုလုပ်ခံနေရမှန်း သိချင်မှသိမယ် ၊ခင်ဗျားတို့ကတော့ လုပ်စားမယ့် ကောင်အလိုကျ ဆဲမယ် ၊ share မယ်။ အဲ့ဒီအခါကျ ပေ့ခ်ျက engagement လို့ခေါ်တဲ့Reacts , Comments, Share တွေများလာမယ်။ခင်ဗျားတို့ Newsfeed မှာ ဒီပေ့ခ်ျကပို့စ်တွေ မကြာခဏမြင်တွေ့ရမယ်။အဲ့ပေ့ခ်ျကလည်း Like သောင်းချီသိန်းချီရသွားမယ် ၊ပီးရင် အဲ့ပေ့ခ်ျကို နာမည်ပြောင်းပီးလောင်းကစားပေ့ခ်ျ or စီးပွားရေး ပေ့ခ်ျတစ်ခုခုလုပ်မယ်။ဒါမှမဟုတ် ရောင်းစားမယ်ပေ့ါဗျာ။ ပေ့ခ်ျတစ်ခုက Like သိန်းဂဏန်းဆိုအပြင်မှာပေါက်ဈေး ဘယ်လောက်ရှိမလဲတော့သေချာမသိပေမယ့်၃ သိန်း အထက်ကနေ…
-
“ကံမကောင်းတဲ့ မျိုးဆက်တွေ” ( ဒေါက်တာ ဖြိုးသီဟ )
(စာရှည်ပါမယ်။ ဖြည်းဖြည်းဖတ်ပါ။) ◾️The Outliers ဆိုတဲ့ စာအုပ်ရှိပါတယ်။ လူတွေရဲ့ အောင်မြင်မှုမှာ သူတစ်ယောက်တည်းရဲ့ ကြိုးစားအားထုတ်မှုအပြင် ပတ်ဝန်းကျင်ရဲ့ အထောက်အပံ့တွေပါ လိုအပ်တဲ့အကြောင်း ရေးထားတာ။ အတော်လေး စိတ်ဝင်စားစရာ ကောင်းပြီး တွေးစရာ၊ ငြင်းစရာတွေလည်း များတဲ့ စာအုပ်ပေါ့။ အဲဒီထဲက အချက်အလက်တချို့ကို ပြောပြချင်ပါတယ်။ ◾️သူ့စာအုပ်ထွက်တဲ့ ၂၀၀၈ ခုနှစ်ထိ သမိုင်းတလျှောက် အချမ်းသာဆုံးစာရင်းဝင်ခဲ့တဲ့ သူဌေး ၇၅ ယောက်ကို စာရင်းလုပ်လိုက်ပါတယ်။ တစ်ခေတ်တစ်ယောက်လောက် ပေါ်ထွက်လာတာ များပြီး ထူးခြားချက်က ဘာလဲဆိုတော့ အဲဒီစာရင်းထဲ ပါတဲ့ အမေရိကန်သူဌေး ၁၄ ယောက်ဟာ ၁၈၃၁ ကနေ ၁၈၄၀ ထိ ဆယ်နှစ်အတွင်းမှာ မွေးဖွားခဲ့သူတွေ ဖြစ်နေတာပါပဲ။ အမေရိကန်ရဲ့ သမိုင်းကို ကြည့်တော့ ၁၈၆၀-၇၀ ကာလတွေမှာ…
-
“တော်လှန်ခရီးသည်” ( ကို တေဇာဆန်း )
“တော်လှန်ခရီးသည်” အောင်စိတ်နဲ့ချီတက်တဲ့ ခရီးဟာ အောင်ဖို့ ခရီး၊ အောင်ပွဲခရီးပဲ။ ဒီမှာဆိုလိုတဲ့ အောင်စိတ်ဆိုတာကဒီတော်လှန်ခရီး ဘယ်လောက်ပဲ ခက်ခဲပါစေ၊ ကြမ်းတမ်းပါစေ၊ ကြာမြင့်ပါစေ၊မဖြစ်မနေ အဆုံးထိ လျှောက်မယ်။အာဏာရှင်စနစ် ပျက်သုဉ်းသည်ထိ၊ ခရီးဆုံးပန်းတိုင် ရောက်သည်ထိ လျှောက်မယ်၊နိုင်သည်အထိ တိုက်မယ်၊ဒါ့အပြင် ဒီပွဲဟာ ငါတို့ မုချ နိုင်လည်း နိုင်မယ့်ပွဲဆိုတာကိုခြွင်းချက်မရှိ အပြည့်အဝ ယုံကြည်တဲ့စိတ်ပဲ။ သွေးအေးသွားရင် ခွင့်မလွှတ်ကြေး။ အရေးတော်ပုံ အောင်ရမည်။