Category: Authors – စာရေးသူ ၊ ဖန်တီးသူ
-
ဖက်ဆစ်ဝင်ငွေ ဖြတ်တောက် _ ပြည်သူ့ဘဏ္ဍာတည်ဆောက် ( ကို တေဇာဆန်း )
“ဖက်ဆစ်ဝင်ငွေ ဖြတ်တောက် ပြည်သူ့ဘဏ္ဍာ တည်ဆောက်”▬▬▬▬▬▬▬▬▬▬ ❐ ဘဏ္ဍာရေးတိုက်ပွဲ (သို့မဟုတ်) အရေးကြီးသော်လည်း အလေးထားမှု အားနည်းနေသေးတဲ့ တိုက်ပွဲ စစ်မျက်နှာစာကြီး လက်ရှိပြည်သူ့နွေဦးတော်လှန်ရေးကြီးမှာ ပြည်သူတရပ်လုံးဟာ ခုခံတွန်းလှန်စစ်လို့ ဆိုရမယ့် လက်ရုံးရည်နည်း လက်နက်ကိုင်တိုက်ပွဲ (Arm Resistance) နည်းနဲ့ နှလုံးရည်နည်း လူထုတိုက်ပွဲ (Civil Resistance) နည်းဆိုတဲ့ ပင်မတိုက်ပွဲမဏ္ဍိုင်ကြီး (၂) ရပ်လုံးကို စွဲကိုင်ကာ တိုက်ပွဲဝင်နေတာပါ။ ဒီတော်လှန်ရေးကြီးရဲ့ လူထုတိုက်ပွဲလှုပ်ရှားမှုကဏ္ဍထဲမှာ အကျုံးဝင်ပြီး အရေးအလွန်ကြီးတဲ့ တိုက်ပွဲမျက်နှာစာတခု ရှိနေပါတယ်။ ဒါပေမယ့် ဒီတိုက်ပွဲမျက်နှာစာက ပြည်သူအများ အလေးအနက် သိရှိမှုနဲ့ လက်တွေ့ ပူးပေါင်းပါဝင်မှုအပိုင်းမှာ အားနည်း လိုအပ်နေပါသေးတယ်။ ဒါကတော့ “ဘဏ္ဍာရေးနဲ့ စီးပွားရေးတိုက်ပွဲမျက်နှာစာ” (Financial and Economic Warfare) ကြီး ဖြစ်ပါတယ်။…
-
ထောက်ပို့ငွေ လွှဲတဲ့ အခါ သတိထားစရာ ( ပန်ဆယ်လို )
ဆူတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဆူသံလေး နည်းနည်းပါမယ်ပေါ့နော်။ ကျွန်မတို့ ထောက်ပို့ပြည်သူတွေအနေနဲ့ တော်လှန်ရေးကာလလည်း နှစ်နှစ်ကျော်လာပြီဆိုတော့ပိုပြီး စာတတ်သင့်ပါပြီ။ ကျွန်မ မကြာခဏလည်း အသိပေး၊ သတိပေးခဲ့ဖူးပါတယ်။ Fundraiser တွေရဲ့ ဘဏ်အကောင့်တွေဆီကို ငွေလွှဲပို့ကြတဲ့အခါDescription (or) Memo (or) Note တွေမှာ ဘာအကြောင်းအရာကိုမှ ထည့်မရေးကြဖို့ပါ။Donation for ဘယ်အဖွဲ့၊ PDF Support ၊ ဘာ Project စတဲ့ မှတ်ချက်တွေ စာသားတွေကြောင့်ဘဏ်မှာ သွားရှင်းရတဲ့ Fundraiser တွေ၊ဘဏ်အကောင့်ပိတ်ခံရတဲ့ Fundraiser တွေ မနည်းပါဘူး။ရဲစခန်းရောက်တဲ့ Fundraiser တွေ၊ ခေါ်စစ်ခံရတဲ့ Fundraiser တွေ၊ နေထိုင်ခွင့်ရုတ်သိမ်းခံရတဲ့အထိ ဒုက္ခရောက်သွားတဲ့ Fundraiser တွေလည်း ရှိပါတယ်။ နိုင်ငံတကာမှာ နိုင်ငံတစ်ခုချင်းစီတိုင်းရဲ့ မတူညီတဲ့ Rules…
-
သတင်းတို စုစည်းမှု ( 6.8.2023 )
6.8.2023စစ်ရေး သတင်းများ 1.ကချင်ပြည်နယ်ကို စစ်ကောင်စီတပ်များက လေကြောင်းနှင့် လက်နက်ကြီး အဓိကအသုံးပြု တိုက်နေသည်ဟု ကေအိုင်အေစစ်ဘက်ရေးရာနှင့် နီးစပ်သူများထံက သိရသည်။ တစ်လကျော်ကြာ ထိုးစစ်ဆင် တိုက်နေသည့် စစ်ကောင်စီတပ်များအနေဖြင့် ယခုအချိန်အထိ ခြေလျင်စစ်ကြောင်းထိုးနိုင်ခြင်းမရှိသေးဟု KIA/KIO ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူးကြီးနော်ဘူက သံလွင်ခက်ကိုပြောသည်။ (သံလွင်ခက်)6.8.2023 (8:35AM) Ref>https://www.facebook.com/100064619112203/posts/656361583194473/?mibextid=Nif5oz …… 2.ဇူလိုင်လ ၁ ရက် မှ ၃၁ ရက်အတွင်း ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေ၌ ဇူလိုင်လအတွင်း အာဏာသိမ်း အကြမ်း ဖက်စစ်ကောင်စီတပ်များ၏ လေကြောင်းတိုက်ခိုက် မှု၊ လက်နက်ကြီးများဖြင့်ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး ဘုန်းကြီးကျောင်း တစ်ကျောင်းနှင့် နေအိမ် ၁၃ လုံးပျက်စီးခဲ့ကြောင်း KNU…
-
ချန်ဂင်တို့စခန်း (၁၉၇) – ဒေါက်တာ စိုးမင်း
“ချန်ဂင်တို့စခန်း (၁၉၇)” ယုန်ပေါက်ကလေးတွေ ဆယ်ရက်သား ရှိလာပြီ။ မျက်လုံးလေးတွေပွင့်ပြီး အမွှေးလေးတွေ စုံလာပြီ။ ကတ္တီပါသားလေးလို နူးနူးညံ့ညံ့လေး။ အဖြူဆွတ်ဆွတ်ကလေး ၂ ကောင်ပါတယ်။ ဝတုတ် လုံးကစ် နေတာပဲ။ တနေ့ကို ၂ ခါတော့ သူ့အမေကိုခေါ်ပြီး နို့တိုက်ပေးတယ်။ သွားကလေးတွေပေါက်လာတော့ သူတို့အမေက နာလို့လားမသိဘူး။ ကုန်းကုန်းထတယ်။ အရွက်မစားနိုင်သေးတော့ နို့ခွဲလို့ မရသေးဘူး ထင်တာပဲ။ လမ်းတော့ တောက်တောက်ပြေးနေပြီ။ အဖိတ်အစင်မရှိ အဖတ်တင်လို့ ဝမ်းသာမိပါတယ်။ နည်းနည်းလေး အလုပ်ရှုပ်ခံလိုက်ရင် သတ္တဝါ ၇ ကောင် အသက်ရှင်တယ်လေ။ သူတို့အမေကို တစ်လသားလောက်က ယူမွေးတာ အသက် ၆ လ အရောက်မှာ ၂ သားပေါက်နေပြီနော်။ ကလေးတွေနို့စွဲတော့ သူ့ခမျာ ပိန်ရှာတယ်။ အစားဖိကျွေးနေရတာ။ နေ့စဉ်ပုံမှန် လုပ်သွားတဲ့…
-
ကြင်နာဖို့ကို အချိန်မဆိုင်းပါနဲ့ ( ဉာဏဗလ )
“ကြင်နာဖို့ကို အချိန်မဆိုင်းပါနဲ့” ခုပြောမဲ့ဇာတ်ကားက ကိုယ့်အရွယ်နဲ့ဆို မကြည့်သင့်တဲ့ကားလို့ တချို့က ပြောကြမယ်။ တကယ်တော့ ကလေးက သူ့အသက်နဲ့ မကိုက်သေးတဲ့ ဇာတ်လမ်းမျိုးသာ မကြည့်သင့်တာပါ။ အရွယ်ရောက်ပြီးသား လူကတော့ ကလေးတွေ ကြည့်တဲ့ဇာတ်ကားမျိုး မကြည့်ရဘူးလို့ မရှိပါဘူး။ တစ်ခါတလေတော့လည်း ဘဝက မွန်းကြပ်ပါတယ်။ လူအမျိုးမျိုးနဲ့ တွေ့ကြုံရ၊ ပတ်သက်ရတယ်။ လူယုတ်မာတွေ၊ လူလိမ်တွေဆို ကိုယ်တိုင် ကြုံတာ မပြောနဲ့၊ သူများပြန်ပြောတာ ကြားရုံနဲ့ကို စိတ်ကုန်တယ်။ အခု တစ်တိုင်းပြည်လုံး ဒုက္ခကြုံနေရတာလည်း လူယုတ်မာတွေ၊ တစ်ဖို့တည်းသမားတွေကြောင့်ပဲမို့လား။ သူတို့တင်လားဆိုတော့ မဟုတ်ဘူး။ ဒီလူတွေကို တော်လှန်နေပါတယ် ဆိုတဲ့သူတွေထဲမှာလည်း အရောင်ကိုယ်စီနဲ့။ တစ်ခါ တစ်ခါဆို လောကကြီးကိုတောင် စိတ်ကုန်လာမိတယ်။ လူတွေနဲ့ ဝေးဝေးမှာပဲ နေချင်တော့တယ်။ ဒီလို ခံစားချက်မျိုး ဖြစ်ဖူးကြမယ် ထင်ပါတယ်။…
-
သတင်းတို စုစည်းမှု ( 4.8.2023 )
👉 Knowledge Warriors Page 👈 မှာတော်လှန်ရေးနဲ့သက်ဆိုင်တဲ့ သတင်းတွေ ကို ( မူရင်းလင့်တွေနဲ့တကွ ) အတိုချုံ့ ပြီးည ၈ – ၁၀ ဝန်းကျင်မှာ တင်ပေးနေပါတယ် ။Page link 👉 https://www.facebook.com/knowledgewarriors.mm/ ၁။ဩဂုတ်လ ၂ ရက်နေ့ ညနေ ၃ နာရီ ၃၅ မိနစ်ခန့်က ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင် ကော်သူး လေအုပ်ချုပ်နယ်မြေတွင် အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူလူထုနေထိုင်ရာကျေးရွာများအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ၁၀ တန်းကျောင်းသားတစ်ဦးအပါအဝင်၂ ဦး သေဆုံးကာ အသက် ၆ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။(KhitThit) 4.8.2023…
-
Oppenheimer ကြည့်ပြီးတော့ ပြောစရာ ၂ပိုင်းရှိပါတယ် ( ဇဏ်ခီ )
Oppenheimer ကြည့်ပြီးတော့ ပြောစရာ ၂ပိုင်းရှိပါတယ်။ပထမတပိုင်းကတော့ အနုပညာအပိုင်း။ နောက်တပိုင်းကတော့ နိုင်ငံရေး။ အနုပညာ..“Good art serves people. Great art inspires other artists to make more arts. ကောင်းသောအနုပညာတွေကလူတွေကိုအလုပ်ကျွေးပြုတယ်။ ကြီးမားတဲ့အနုပညာတွေက တခြားသောအနုပညာသည်တွေကို အနုပညာတွေဆင့်ပွါးဖန်တီးဖို့တွန်းအားပေးတယ်။”ဒါကျနော့်ရဲ့ယုံကြည်မှုပါ။ Oppenheimer ကတော့ကြီးမားတဲ့အနုပညာဖန်တီးမှုတခုပါ။ ရုပ်ရှင်ကိုကြည့်နေရင်းနဲ့ရင်ထဲမှာဆို့တက်လာတယ်။ ပါဝင်သူတွေအကုန်လုံးအတွက်ပြီးတော့ ရုပ်ရှင်အနုပညာအတွက် ဂုဏ်ယူပီတိဖြစ်တဲ့စိတ်ကဖြစ်တယ်ထင်ပါတယ်။ သရုပ်ဆောင်တွေရဲ့သူတို့တာဝန်ယူထားတဲ့ character အတွက်အပြည့်အဝ commitment ပေးထားတာတွေ၊ ဇာတ်ညွှန်းကိုနက်နက်နဲနဲနားလည်တာတွေ၊ ဒါရိုက်တာရဲ့အံ့ဩစရာကောင်းတဲ့တင်ဆက်မှုတွေ၊သမိုင်းကိုပြတဲ့နေရာမှာ ဇာတ်ကောင်တွေကိုလူသားဆန်ဆန်ပြသနိုင်မှုတွေ စသည်ဖြင့်အကုန်လုံးပါပဲ။ ဒီ့ထက်ပိုမပြောတော့ပါဘူး။ကြည့်ရတာလွယ်တဲ့ရုပ်ရှင်ထဲမှာတော့မပါပေမယ့် အားလုံးကြည့်သင့်ပါတယ်။ နောက်တပိုင်းကတော့ နိုင်ငံရေး..ရုပ်ရှင်ကြည့်နေရင်းဘာသဘောပေါက်လာလဲဆိုတော့ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် နိုင်ငံရေးဟာရှုပ်ထွေးတယ်။ဘာကရှိတာထက်ပိုပြီးရှုပ်ထွေးစေလဲဆိုတော့ နိုင်ငံရေးဟာ နိုင်ငံ့အရေးဆိုတာထက် နိုင်ငံရေးထဲမှာပါနေတဲ့သူတွေဟာလူတွေဖြစ်တဲ့အလျောက် flaw တွေရှိကြတယ်။အဲဒီထဲမှာမှ ပါဝါရှိတဲ့သူတွေဟာ မနာလိုတတ်တာတို့ ကိုယ်ကျိုးကြည့်တာတို့ နိုင်ငံရေးလက်ဦးမှုလိုချင်တာတို့ရှိလာပြီဆိုရင် အသင်းတူခြေထိုးတတ်ကြတယ်။အဲလိုဖြစ်ပြီဆိုရင် နိုင်ငံရေးဟာလိုတာထက်အများကြီးပိုပြီးရှုပ်ထွေးသွားပါတယ်။…
-
အမေ့ဆီက အမုန်းများ ( ဉာဏဗလ )
“အမေ့ဆီက အမုန်းများ” ◾️ဒီတစ်ပတ် ပြောပြချင်တာကတော့ Qala ဆိုတဲ့ ဘောလီးဝုဒ် ရုပ်ရှင်ကား။ ဖိုဝါဒ၊ စိတ်ပညာနဲ့ မိဘအုပ်ထိန်းမှုတို့ကို ပေါင်းစပ်ဖော်ပြထားတဲ့ ဒရမ်မာဇာတ်ကား ဖြစ်တယ်။ Qala ဆိုတာ အဲဒီဇာတ်ကားထဲက မင်းသမီးရဲ့ နာမည်ပေါ့။ အမြွှာလေး မွေးလာတယ်။ ယောက်ျားလေးဖြစ်သူက ဆုံးသွားတယ်။ မိန်းကလေးဖြစ်တဲ့ Qala ကပဲ အသက်ရှင်တယ်။ အဲဒီလိုအမြွာတွေမှာ တစ်ယောက်က အာဟာရတွေကို အများကြီး ယူပစ်လိုက်ရင် နောက်တစ်ယောက်က အဲ့ဒီလို ဆုံးသွားတတ်တယ် ဆိုတဲ့ ဆရာဝန်ရဲ့ ပြီးစလွယ်မှတ်ချက်စကား ကြားအပြီးမှာ အမေဖြစ်သူရဲ့ သမီးအပေါ် အမုန်းတရားက စတော့တာပဲ။ ◾️သူတို့အဖေကလည်း နာမည်ကျော် အဆိုတော်။ ဆုံးသွားပြီ။ ဒီအခါ အမေက အဖေ့ရဲ့ အနုပညာအမွေကို လက်ဆင့်ကမ်းချင်တယ်။ ဖြစ်ချင်တော့ သားက သေသွားပြီး…
-
မဲတူးနေတဲ့ ဆင်ဖြူတော် ( ကျူးလိပေါင် )
~ ဇော့်ရဲ့ရှေ့မှာ မြင်နေရတာ ~ မဲ .. တဲ့အရာလေးတစ်ခုကို ~ လှိုင်ကတော့ ဖြူတယ်ဆိုရင် ~ ဖြူလိုက်မယ် လှိုင့်အကြိုက်လိုက်ကာ ~ လှိုင့်ဘောပဲပေါ့ .. လှိုင်ရယ် လှိုင်ရယ် ~ မဲ့ရွဲ့ပြီး သီချင်းစာသားကို ညည်းလိုက်မိတယ်။သူကလည်း တင်ခတုပ္ပတ္တိဉာဏ် ရွှင်တယ်လို့ တပ်ထဲမှာ နာမည်ကျော်သူ။သူ့လောက်တောင် မဖြူ၊ မဲတူးနေတဲ့ ဆင်အလေအပေကို “ရဌနန္ဒ” ဆိုလား ဘွဲ့ပေးပြီးဆင်ဖြူတော်လို့ လိမ်ပြီး ဦးတော်လုပ်ခိုင်းတာကို သူမကြည်။ဆင်ကြည့်တော့ ကျွန်စုပ်တဲ့ သရက်စေ့လောက်တောင် မပြောင်ယောင်ဘူး။သူ့လောက် ဗလောင်းဗလဲ ပြောတတ်တဲ့ ကောင်တောင် ဒီဆင်အမဲကြီးကို ဆင်ဖြူလို့ ပြောမထွက်။ ဇော်မဲလုံးဆိုတာ အချာဘင်မဟုတ်။ ရင်ခွင်မှီ အရပ်ရှိတဲ့ မိန်းမကို ရထားတာ။ရင်ခွင်မှီဆိုတာ မဲလုံးက မှီရတာ။ဒေါင်ဟက်ဟက် မိန်းမကြီးကို ရထားတော့ မဲလုံးရဲ့…
-
မင်္ဂလာပါ။ သည်းတုံးလေးတို့ ချစ်တုံးလေးတို့ ( Soe Min )
“မင်္ဂလာပါ။ သည်းတုံးလေးတို့ ချစ်တုံးလေးတို့။ ညိုကီတို့ အငယ်ချောလေးတို့။ သာသာယာယာ ရှိကြပါစေကွယ်။ ဥဥစိုး live ဖွင့်ထားပါပြီနော်။ လက်ခလယ်လေးတွေ ထောင်သွားကြပါ။ အဲ့လေ ဟုတ်ပေါင် လက်မ ပြောတာ။” “ဟော ရောက်လာပါပြီ။ ချစ်ကော်ရီး လို့ပဲ ခေါ်မယ်နော်။ ညေးတို့ ဘဒိုတို့ သွားခေါ်မိရင် တချို့က စိတ်ဆိုးကြလို့။ တို့ကိုလည်း ခေါ်ရခက်ရင် မင်မင် လို့ပဲခေါ်” “ဘာပြောတယ်။ အခွန်ကောက်မလို့။ အွန်လိုင်းရှော့ပင်လုပ်ရင် မှတ်ပုံတင်ရမယ်။ ဟုတ်စ။ မှတ်တောင်ထားရဦးမယ်။ ဘယ်သူက ဈေးရောင်းမယ် ပြောလို့လဲ။ ဒီမှာ ဘာပစ္စည်းမှ ခင်းကျင်းပြထားတာ မဟုတ်ဘူး။ နင်က ဘာရောင်းမယ်ထင်လို့ ဈေးကောက်လာကောက်ချင်ရတာလဲ။ စောစောစီးစီး ကျက်သရေ တုံးထှာ။ ဟိုဘက်က ညယ်မလေး။ ဟိုင်းဟိုင်းပါ။ ချတ်ဘောက်ကိုလာ ညလေး။ ဒီမှာ…