Category: Soe Min – ဒေါက်တာ စိုးမင်း
-
Post 89 – ချန်ဂင်တို့စခန်း (၂၂၂) – ဒေါက်တာ စိုးမင်း
“ချန်ဂင်တို့စခန်း (၂၂၂)” လူတစ်ယောက် သေသွားတဲ့ကိစ္စဟာ ရယ်စရာကောင်းမယ် ပျော်စရာကောင်းမယ် လို့ ဘယ်တုန်းကမှ မတွေးမိဖူးပါဘူး။ ဒါပေမယ့်လည်း “ဗိုလ်လေး ဗိုလ်လေး။ တောင့်ထား တောင့်ထား။ လေယာဉ်တွေ လာပြီ။ လေယာဉ်တွေ လာပြီ။” ဆိုတဲ့ အသံဖိုင်ကတော့ အပြင်မှာ လူအစစ်ကြီး ဂိပါသော်ငြား အားရပါးရ ရယ်မောရသော ဟာသကြီးပါပဲ။ အဘတို့ ဂျင်းထည့်ချက်ကလည်း သေတာတောင် အသံမထွက်နိုင်တဲ့အထိ တဆုံးတစနော်။ အောက်လက်ငယ်သားတွေကို သေတဲ့အထိ ခိုင်းစားသွားသေးတာ။ အထက်ဂျင်းချည့် စပ်တာ မဟုတ်ပါဘူး။ အောက်ဂျင်းကလည်း စပ်သေးတာပဲ။ တပ်ရင်းဆိုင်းဘုတ်ရှေ့ ဟပ်စကီးပေါ်က ဓါတ်ပုံဆင်းရိုက်ပြီး “ပြန်လည်သိမ်းပိုက်ထားပါပြီ အဘ။” တဲ့။ ဓါတ်ပုံလည်းတင်ပြီးရော အလံဖြူလေးထောင်လိုက်ရော။ အံ့ဩပ။ ဘယ်လို စစ်ဗိုလ်စစ်သားတွေလဲကွယ်။ သူတို့အဘ၊ သူတို့အဖေ၊ သူတို့ဆရာတွေ ရှက်လွန်းလို့ အခါခါ…
-
ချန်ဂင်တို့စခန်း (၁၉၇) – ဒေါက်တာ စိုးမင်း
“ချန်ဂင်တို့စခန်း (၁၉၇)” ယုန်ပေါက်ကလေးတွေ ဆယ်ရက်သား ရှိလာပြီ။ မျက်လုံးလေးတွေပွင့်ပြီး အမွှေးလေးတွေ စုံလာပြီ။ ကတ္တီပါသားလေးလို နူးနူးညံ့ညံ့လေး။ အဖြူဆွတ်ဆွတ်ကလေး ၂ ကောင်ပါတယ်။ ဝတုတ် လုံးကစ် နေတာပဲ။ တနေ့ကို ၂ ခါတော့ သူ့အမေကိုခေါ်ပြီး နို့တိုက်ပေးတယ်။ သွားကလေးတွေပေါက်လာတော့ သူတို့အမေက နာလို့လားမသိဘူး။ ကုန်းကုန်းထတယ်။ အရွက်မစားနိုင်သေးတော့ နို့ခွဲလို့ မရသေးဘူး ထင်တာပဲ။ လမ်းတော့ တောက်တောက်ပြေးနေပြီ။ အဖိတ်အစင်မရှိ အဖတ်တင်လို့ ဝမ်းသာမိပါတယ်။ နည်းနည်းလေး အလုပ်ရှုပ်ခံလိုက်ရင် သတ္တဝါ ၇ ကောင် အသက်ရှင်တယ်လေ။ သူတို့အမေကို တစ်လသားလောက်က ယူမွေးတာ အသက် ၆ လ အရောက်မှာ ၂ သားပေါက်နေပြီနော်။ ကလေးတွေနို့စွဲတော့ သူ့ခမျာ ပိန်ရှာတယ်။ အစားဖိကျွေးနေရတာ။ နေ့စဉ်ပုံမှန် လုပ်သွားတဲ့…
-
မင်္ဂလာပါ။ သည်းတုံးလေးတို့ ချစ်တုံးလေးတို့ ( Soe Min )
“မင်္ဂလာပါ။ သည်းတုံးလေးတို့ ချစ်တုံးလေးတို့။ ညိုကီတို့ အငယ်ချောလေးတို့။ သာသာယာယာ ရှိကြပါစေကွယ်။ ဥဥစိုး live ဖွင့်ထားပါပြီနော်။ လက်ခလယ်လေးတွေ ထောင်သွားကြပါ။ အဲ့လေ ဟုတ်ပေါင် လက်မ ပြောတာ။” “ဟော ရောက်လာပါပြီ။ ချစ်ကော်ရီး လို့ပဲ ခေါ်မယ်နော်။ ညေးတို့ ဘဒိုတို့ သွားခေါ်မိရင် တချို့က စိတ်ဆိုးကြလို့။ တို့ကိုလည်း ခေါ်ရခက်ရင် မင်မင် လို့ပဲခေါ်” “ဘာပြောတယ်။ အခွန်ကောက်မလို့။ အွန်လိုင်းရှော့ပင်လုပ်ရင် မှတ်ပုံတင်ရမယ်။ ဟုတ်စ။ မှတ်တောင်ထားရဦးမယ်။ ဘယ်သူက ဈေးရောင်းမယ် ပြောလို့လဲ။ ဒီမှာ ဘာပစ္စည်းမှ ခင်းကျင်းပြထားတာ မဟုတ်ဘူး။ နင်က ဘာရောင်းမယ်ထင်လို့ ဈေးကောက်လာကောက်ချင်ရတာလဲ။ စောစောစီးစီး ကျက်သရေ တုံးထှာ။ ဟိုဘက်က ညယ်မလေး။ ဟိုင်းဟိုင်းပါ။ ချတ်ဘောက်ကိုလာ ညလေး။ ဒီမှာ…
-
ချန်ဂင်တို့စခန်း (၁၇၇) – ဒေါက်တာ စိုးမင်း
“ချန်ဂင်တို့စခန်း (၁၇၇)” ဒီအရပ် ဒီနေရာမှာ ဥတုသုံးလီ ရာသီစက်ဝန်း တစ်ပါတ်လည်အောင် နေခဲ့ပြီးပြီမို့ အရာရာ နေသားတကျ ဖြစ်နေပြီလို့ ပြောရင်ရပါတယ်။ သစ်ပင်လေးတွေ မြက်ပင်လေးတွေကအစ ကိုယ်နဲ့အကျွမ်းတဝင် ရှိနေပြီ။ ထိတွေ့မှုတိုင်းကို “မနှစ်ကဆိုရင်…” လို့ မှတ်ဉာဏ်ထဲမှာ ပြန်နှိုင်းယှဉ်စရာ ရနေပြီ။ Facebook ကြီးကတောင် ကိုယ့်ရဲ့”မနှစ်ကဆိုရင်”တွေကို ပုံတွေစာတွေနဲ့တကွ memories တွေ တင်တင်ပေးနေတယ်။ ဟုတ်သားပဲ။ မနှစ်က ဒီအချိန် ဒီမှာ။ အချိန် နဲ့ နေရာတွေ တူတယ်။ ကိုယ်ပဲ မတူတော့တာ။ ဒီလူတော့ ဒီလူပါပဲ။ သို့သော် မနှစ်ကနဲ့ မတူတော့တာ ကိုယ့်ဆီမှာ အများကြီးပဲ။ စာရေးရင် အမြဲပါနေကျ စမ်းချောင်းလေးလည်း မနှစ်ကနဲ့မတူ။ ဆေးရုံနဲ့အနီးကပ်ဆုံးတည်ရှိနေတဲ့ ရွာကလေးလည်း မနှစ်ကနဲ့မတူ။ ထင်ရှားမြင်သာတဲ့ ပြောင်းလဲခြင်းတွေ…