၇. ၇. ၆၂ မမေ့ကြနဲ့ – ဒေါက်တာ ဖြိုးသီဟ

“၇. ၇. ၆၂ မမေ့ကြနဲ့”

ဆဲဗင်းဂျူလိုင်လို့ ​ပြော​လေ့ရှိကြတဲ့ ဒီ​နေ့ဟာလည်း မြန်မာပြည်ရဲ့ စစ်အာဏာရှင် ဆန့်ကျင်​ရေးသမိုင်းမှာ အထင်ကရ​နေ့တစ်​နေ့ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် စစ်အာဏာရှင်​တွေရဲ့ ရက်စက်ယုတ်မာမှုကို အထင်အရှားမြင်ခဲ့ရတဲ့​နေ့ပါ။

လွန်ခဲ့တဲ့ ၆၁ နှစ်၊ ၁၉၆၂ ခုနှစ်မှာ နေဝင်းက အာဏာသိမ်းခဲ့ပါတယ်။ ဒါကို ​ကျောင်းသားလူငယ်​တွေက ​ရှေ့တန်းက​နေ ရဲရဲဝံ့ဝံ့ ဆန့်ကျင်ခဲ့ကြတယ်။ ဦး​ဆောင်​တော်လှန်ခဲ့ကြတယ်။ 

(ဒီ​နေ့​ခေတ် မအလနဲ့ Gen-Z ​တွေလို​ပေါ့။ ဒီလိုဖြစ်ရပ်၊ ဒီလိုသမိုင်း​တွေဟာ နှစ် ၆၀ ​ကျော်လာသည်ထိလည်း ပြန်ပြန်ဖြစ်​နေတုန်းပဲ။ ​တွေးကြည့်ရင် ဘယ်​လောက်နှ​မြောစရာ​ကောင်းတဲ့ ကာလ​တွေလဲ။ လူတစ်စုရဲ့ အာဏာမက်မှု​ကြောင့် တိုင်းပြည်မှာ ဘယ်​လောက်​တောင် ပျက်စီးဆုံးရှုံးခဲ့ရလဲ။)

ဇူလိုင်လ ၇ ရက်​နေ့ အ​ရောက်မှာ​တော့ ​နေဝင်းရဲ့ စစ်တပ်ဟာ ဘယ်လိုမှ ထင်မှတ်မထားတဲ့ လုပ်ရပ်ကို ကျူးလွန်ခဲ့ကြပါတယ်။ ရန်ကုန်တက္ကသိုလ်ဝင်းထဲထိ ဝင်ရောက်ပြီး တက္ကသိုလ်ကျောင်းသားတွေကို စက်သေနတ်‌တွေနဲ့

ရက်ရက်စက်စက် အကြမ်းဖက် ပစ်ခတ်ခဲ့တာပါပဲ။

နောက်တစ်​နေ့ ဇူလိုင်လ ၈ ရက်နေ့ မနက်မှာ​​ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အဦးကြီးကို စစ်တပ်သုံး ဒိုင်းနမိုက်တွေနဲ့ ဖြိုခွဲဖျက်ဆီးလိုက်ကြပြန်ပါတယ်။ 

ဒီ “ဆဲဗင်းဇူလိုင်” အရေးတော်ပုံကြီးမှာ စစ်အာဏာရှင်လက်ချက်ကြောင့် ကျဆုံးခဲ့ရတဲ့ ကျောင်းသားအာဇာနည်ပေါင်း ရာဂဏန်းထိ ရှိခဲ့ပြီး ဖမ်းဆီးခံရသူ၊ ပျောက်ဆုံးသွားသူတွေလည်း များစွာ ရှိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီကစပြီး ​ကျောင်းသား​တွေဟာ စစ်အာဏာရှင် အဆက်ဆက်ရဲ့ ပစ်မှတ်ထား ​ချေမှုန်းခြင်းကို ခံကြရ​တော့တာပဲ။ ​နေဝင်း​ခေတ်မှာ ​ကျောင်းသား​တွေ ခပ်လှုပ်လှုပ်ဖြစ်ပြီ၊ တစ်ခုခု စု​ဝေးကြပြီဆို ​ကျောင်း​တွေပိတ်ပိတ်ပစ်ပြီး လူစုခွဲပစ်တဲ့ ဓ​လေ့က​နေ သန်း​ရွှေ​ခေတ်​​ရောက်​တော့ တက္ကသိုလ်​​တွေအကုန် မြို့ပြင်ထုတ်၊ နိုင်ငံ​ရေးသင်းကွပ်ပစ်လိုက်​တော့တာပဲ။

ဒါ​ပေမဲ့လည်း ​ခေတ်အဆက်ဆက်မှာ ​ကျောင်းသားလူငယ်​တွေဟာ တာဝန်​ကျေခဲ့ကြတယ်။ မျိုးဆက်အဆင့်ဆင့် လက်ဆင့်ကမ်းပြီး ဒီစိတ်ဓါတ်​တွေကို သယ်​ဆောင်လာခဲ့ကြတယ်။ ဘယ်လိုပဲ နိုင်ငံ​ရေးနဲ့ မပတ်သက်ရဲ​အောင် အ​ကြောက်တရား​တွေ ရိုက်ထည့်ထည့်၊ ကန့်သတ်ပိတ်ပင်မှု​တွေ လုပ်လုပ်၊ မရရ​အောင် ​ဖောက်ထွက်ခဲ့ကြတယ်ဆိုတာ လက်ရှိ​တော်လှန်​ရေးက အ​ကောင်းဆုံးသက်​သေပဲ။

လွန်ခဲ့တဲ့နှစ် ၆၀ ​ကျော်က ​စစ်အာဏာရှင်စနစ် ဆန့်ကျင်​ရေးလုပ်တယ်ဆို တကယ်မလွယ်ပါဘူး။ ​ကျောင်းသားအချင်းချင်း သတင်း​ပေးဖို့၊ လက်ကမ်းစာ​စောင် ထုတ်ဖို့​တောင် ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်း ကြိုးစားရတာပါ။ ရန်ကုန်မှာ ဘာဖြစ်​နေလဲဆိုတာ မန္တ​လေးက သိဖို့ကို မနည်းကြိုးပမ်းရပါတယ်။ ဒီလို အ​​ခြေအ​နေ​တွေကြားထဲက ဆန့်ကျင်တွန်းလှန်ခဲ့ကြတဲ့ ​ကျောင်းသားအာဇာနည်​​တွေကို အသိအမှတ်ပြု၊ ဂုဏ်ပြုကြရပါလိမ့်မယ်။

တဆက်တည်းမှာပဲ ဒီလိုလက်နက်အားကိုးနဲ့ အာဏာသိမ်းမှု​တွေ၊ အင်အားသုံး အကြမ်းဖက်တာတွေလည်း ကျ​နော်တို့မျိုးဆက်မှာ ​နောက်ဆုံးဖြစ်ရ​အောင် ကျရာအခန်းကဏ္ဍက​နေ ဆက်လက်ကြိုးစားသွားကြဖို့ လိုပါတယ်။

​အနာဂတ်မှာ ​နောက်ထပ် ဘယ်​ကျောင်းသားလူငယ် တစ်​ယောက်တစ်​လေမှ ဒီစစ်တပ်လက်ချက်နဲ့ အသက်မ​ပေး​ရ​စေ​တော့ဖို့ ကျ​နော်တို့​ခေတ်မှာ အမြစ်ဖြတ်ပစ်ကြရ​အောင်ပါ။

#7JulyMovement

ဒေါက်တာ ဖြိုးသီဟ


Facebook ပေါ်မှာပါ
တော်လှန်ရေး နဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေ ပိုပြီး လူမြင်များနေစေဖို့ ၊
မူရင်း Facebook Post ကို ပိုပျံ့စေချင်ရင် ဒီလင့် ကို သွားပြီး
R C S ( React , Comment , Share ) လုပ်ပေးသင့်ပါတယ် ။
< လုံခြုံရေး အရ စိတ်ချရအောင် တော်လှန် အကောင့်နဲ့ လုပ်နိုင်ပါတယ် ။ >



လိုင်းသုံးနေနိုင်သေးရင် ကလစ်လည်း လုပ်ပေးကြပါ …
ဘာတွေ ဘယ်လို ကလစ်ပေးနေလို့ ရမလဲ သိချင်ရင်
ဒီ လင့် ကို နှိပ်ပြီး လေ့လာနိုင်ပါတယ် ။

တကယ်လို့ တန်းပြီး ကလစ်ပေးချင်ရင်တော့
C2D ရဲ့ Eain Pyan Lann Website ကို ဒီလင့်ကို နှိပ်ပြီး အလွယ်တကူကလစ်ပေးနိုင်ပါတယ် ။

နွေဦးဖတ်စာရဲ့ တွဲဖက် Website တစ်ခု ဖြစ်တဲ့
LWSR – Learn With Spring Reader မှာလည်း
အင်္ဂလိပ်စာ လေ့လာ ထိတွေ့ရင်း ကလစ်ပေးလို့ ရပါတယ် ။

P2D ရဲ့ Nway Oo Videos မှာ ဘောလုံးပွဲတွေ ၊ Highlights တွေ ကြည့်ပြီးလည်း ကလစ်ပေးနိုင်ပါတယ်။



“နွေဦးဖတ်စာ” မှာ တင်ထားပြီး သမျှ စာတွေ ကို
ကဏ္ဍ အသီးသီး ၊ စာရေးသူ အသီးသီး အလိုက်
ရှာဖတ် ၊ ဝင်ဖတ်ရ လွယ်အောင် ဒီ Page မှာ စီပေးထားပါတယ် ။


5 responses to “၇. ၇. ၆၂ မမေ့ကြနဲ့ – ဒေါက်တာ ဖြိုးသီဟ”

  1. အဆုံးထိ လုပ်နိုင်တာလေးတွေ လုပ်ရင်း ပါ၀င်သွားပါ့မယ်💪💪💪

    Like

Leave a comment