
“ကြင်နာဖို့ကို အချိန်မဆိုင်းပါနဲ့”
ခုပြောမဲ့ဇာတ်ကားက ကိုယ့်အရွယ်နဲ့ဆို မကြည့်သင့်တဲ့ကားလို့ တချို့က ပြောကြမယ်။ တကယ်တော့ ကလေးက သူ့အသက်နဲ့ မကိုက်သေးတဲ့ ဇာတ်လမ်းမျိုးသာ မကြည့်သင့်တာပါ။ အရွယ်ရောက်ပြီးသား လူကတော့ ကလေးတွေ ကြည့်တဲ့ဇာတ်ကားမျိုး မကြည့်ရဘူးလို့ မရှိပါဘူး။
တစ်ခါတလေတော့လည်း ဘဝက မွန်းကြပ်ပါတယ်။ လူအမျိုးမျိုးနဲ့ တွေ့ကြုံရ၊ ပတ်သက်ရတယ်။ လူယုတ်မာတွေ၊ လူလိမ်တွေဆို ကိုယ်တိုင် ကြုံတာ မပြောနဲ့၊ သူများပြန်ပြောတာ ကြားရုံနဲ့ကို စိတ်ကုန်တယ်။ အခု တစ်တိုင်းပြည်လုံး ဒုက္ခကြုံနေရတာလည်း လူယုတ်မာတွေ၊ တစ်ဖို့တည်းသမားတွေကြောင့်ပဲမို့လား။ သူတို့တင်လားဆိုတော့ မဟုတ်ဘူး။ ဒီလူတွေကို တော်လှန်နေပါတယ် ဆိုတဲ့သူတွေထဲမှာလည်း အရောင်ကိုယ်စီနဲ့။ တစ်ခါ တစ်ခါဆို လောကကြီးကိုတောင် စိတ်ကုန်လာမိတယ်။ လူတွေနဲ့ ဝေးဝေးမှာပဲ နေချင်တော့တယ်။ ဒီလို ခံစားချက်မျိုး ဖြစ်ဖူးကြမယ် ထင်ပါတယ်။
အဲဒီလိုအချိန်ဆို လူ့သဘာဝတွေကို ပြနေတဲ့ ဇာတ်ကားမျိုးတွေ မကြည့်ချင်ဘူး။ အတ္တကြီးတာတွေ၊ တစ်ယောက်ကိုတစ်ယောက် ထိုးချတာတွေ၊ မနာလိုတာတွေ၊ တိုက်ခိုက်တာတွေ ဘာဆိုဘာမှမပါတဲ့၊ စိတ်ကို ကြည်နူးသွားစေတဲ့ ဇာတ်ကားကလေးတွေပဲ ကြည့်ချင်တော့တယ်။ ဥပမာ Forest Gump တို့လို Feel-good movie တွေပေါ့။ ဇာတ်အိမ်ကလည်း မရှုပ်ထွေး။ ဦးနှောက်ရော၊ နှလုံးသားပါ သိပ်အလုပ်မများ၊ မပင်ပန်းရဘဲ တကယ့်ကို စိတ်ကြည်လင်သွားစေတဲ့ ဇာတ်ကားတွေက အဲဒီလိုအချိန်ဆို တကယ်လိုအပ်တယ်။
Klaus ဆိုတဲ့ Animation ရုပ်ရှင်ကလည်း အဲဒီလို အမျိုးအစားပါပဲ။ သိပ်ကိုမှ ပျင်းတဲ့ ကောင်လေးတစ်ယောက် ရှိတယ်။ အဖေက စာပို့လုပ်ငန်းလုပ်တယ်။ သူ့သားကို သူ့အလုပ်မှာ ခေါ်ထားတးယ်။ သင်ပေးတယ်။ ဒါပေမဲ့ မရဘူး။ ပျင်းမြဲပျင်းဆဲပဲ။ ဘယ်လိုမှ ပြောမရတဲ့အဆုံး တကယ့်ကို ဝေးလံခေါင်ဖျား ဒေသတစ်ခုဆီ ပို့လိုက်တယ်။ တစ်နှစ်အတွင်း အဲဒီက လူတွေ စာအရေအတွက် အစောင် ၆ ထောင် ပို့အောင် လုပ်ရမယ်။ မလုပ်နိုင်ရင် အမွေဖြတ်မယ်ဆိုပြီး ရာဇသံပါ ပေးလိုက်တယ်။
အစကတော့ အေးဆေးပဲ ထင်တာ။ ရောက်သွားတော့မှ ထင်သလို မဟုတ်တာ သိရတော့တယ်။ ဘယ်သူကမှ စာတိုက်ကို သုံးရကောင်းမှန်း မသိဘူး။ မျိုးနွယ်စု ၂ စု ရှိတာမှာ တစ်စုနဲ့တစ်စုကလည်း မတည့်ဘူး။ ထစ်ခနဲ ဆိုတာနဲ့ ရန်ဖြစ်နေကြတာ။ ငါ တစ်နှစ်အတွင်း အစောင် ၆ ထောင် ဘယ်လိုလုပ်ရမလဲ စိတ်ပူပြီပေါ့။
အဲဒီလိုနဲ့ မြို့ထဲပတ်သွားပြီး စာပို့မဲ့သူ လိုက်ရှာ။ တစ်နေရာရောက်တော့ ကလေးလေးတစ်ယောက် ပုံဆွဲထားတဲ့ စာရွက်ကလေး တွေ့တာနဲ့ အမှတ်တမဲ့ အိတ်ထဲကောက်ထည့်လာတယ်။ နောက်တော့ လူသူအရောက်အပေါက်နည်းတဲ့ အိမ်တစ်အိမ်ကို ရောက်သွားတယ်။ အဲဒီအိမ်က Klaus ဆိုတဲ့ လူကြီးရဲ့အိမ်။
အိမ်ထဲမှာ ကစားစရာအရုပ်တွေ အများကြီးပဲ။ အံ့သြတကြီးနဲ့ သူလိုက်ကြည့်နေတုန်း ကလော့စ်ကိုလည်း မြင်လိုက်ရော၊ ထွားထွားကျိုင်းကျိုင်းကြီး ဆိုတော့ ဒီကောင်လေးလည်း လန့်ဖျန့်ပြီး ထွက်ပြေးတာပေါ့။ အိတ်ထဲက စာရွက်ကလေးက ကျကျန်နေခဲ့တယ်။
အဲဒါကို ကလော့စ်က ကောက်ယူကြည့်လိုက်တော့ ကလေးလေး ဆွဲထားတဲ့ပုံလေး ဖြစ်နေတယ်။ ကစားစရာ အရုပ်ကလေးကို ဆွဲထားတာပေါ့။
ဒါနဲ့ပဲ ကလော့စ်က သူ့အိမ်မှာရှိတဲ့ ပုံစံတူအရုပ်ကလေးကို အိတ်ထဲကောက်ထည့်။ ဟိုကောင်လေးကို နောက်ကလိုက်ခေါ်။ ဒီပုံလေး ရခဲ့တဲ့ အိမ်ကို လိုက်ပြခိုင်းတယ်။ ညကျတော့ အဲဒီကောင်လေးကို အိမ်ထဲခိုးဝင်ခိုင်းပြီး အရုပ်ကလေးကို လက်ဆောင်အဖြစ် ထားခဲ့ခိုင်းလိုက်တယ်။ မနက်လည်း နိုးရော၊ ကလေးလေးက အရုပ်ကို တွေ့တဲ့အခါ တအားပျော်သွားတာပေါ့။
ဒီသတင်းက တခြားကလေးတွေဆီပါ ပျံ့သွားတယ်။ ကလော့စ်ဆီကို အရုပ်လိုချင်တယ်လို့ စာပို့လိုက်ရင် တကယ်ရတယ် ဆိုပြီးတော့ပေါ့။
အဲဒီမှာတင် ကလေးတွေက တစ်ယောက်ပြီးတစ်ယောက် စာတိုက်ကို ရောက်လာပြီး ပို့ကြတော့တာပဲ။ ဟိုကောင်လေးလည်း ပျော်ပြီပေါ့။ ကလော့စ်ကို ပြောပြလိုက်တော့ သူကလည်း သဘောတူတယ်။ ညရောက်ပြီဆို တိတ်တိတ်ကလေး သွားထားပေးတယ်။ ဘယ်သူက ပေးတယ်ရယ်တော့ မသိစေရဘူးပေါ့။
နောက်တော့ ဒီကောင်လေးက အကြံတစ်ခု ထပ်ရတယ်။ ကလော့စ်က ဒီအတိုင်းတော့ အရုပ်တွေ လက်ဆောင်မပေးဘူး၊ လိမ္မာတဲ့ ကလေးတွေကိုမှ ပေးတာလို့ ပြောလိုက်တော့ ကလေးတွေက အရင်ဆို မဆိုးတော့၊ မရိုင်းတော့ဘူး။ ကျောင်းတွေတက်ကြ၊ ဟိုဘက်မျိုးနွယ်စုနဲ့ ဒီဘက်မျိုးနွယ်စုလည်း ရန်မဖြစ်တော့ဘဲ အရုပ်ကို အကြောင်းပြုပြီး ချစ်ခင်ကုန်ကြနဲ့ ဖြစ်လာတာပေါ့။
အစက ကျောင်းကို ဘယ်ကလေးမှ မလာလို့ ငါးရောင်းနေရတဲ့ ဆရာမကပါ စာတွေ ပြန်သင်လို့ ရသွားရော။ စာမရေးတတ်၊ မဖတ်တတ်သေးတဲ့ ကလေးတွေကလည်း စာသင်ချင်လာပြီလေ။ ကလော့စ်ဆီ စာပို့ပြီး အရုပ်တောင်းချင်လာတာကိုး။ မြို့ကလေးကလည်း အရင်ထက်စာရင် ပိုပြီး ပျော်စရာကောင်းလာတာပေါ့။
အစကတော့ သူ အမွေပြတ် စွန့်လွှတ်မခံရဖို့အတွက် စာအစောင်ရေ ၆ ထောင် လိုလို့သာ လုပ်ခဲ့ပေမဲ့ အခုကျ ကလေးတွေ ပျော်နေတာ၊ တစ်ဖက်နဲ့တစ်ဖက် ချစ်ကြည်မှု ရလာတာတွေ မြင်တဲ့အခါ ဒီအလုပ်ကို သူပျော်လာတယ်။ ကျေနပ်လာတယ်။ အရင်လို ငပျင်းလေး မဟုတ်တော့ဘူး။ နောက်ဆုံး အဲဒီမြို့မှာပဲ အခြေချသွားတယ် ဆိုပြီး ဇာတ်သိမ်းထားတယ်။
အဲဒါကြောင့်လေ။ လောကမှာ ဘာအလုပ်လုပ်တယ် ဆိုတာက အရေးမကြီးဘူးနော်။ အဲဒီအလုပ်ကို ဘယ်လိုလုပ်တယ်ဆိုတာက ပိုအရေးကြီးတာ။ မွန်မြတ်လှပါတယ် ဆိုတဲ့ ဆေးကုသတဲ့အလုပ်၊ အသက်ကယ်တဲ့အလုပ်ကို လုပ်နေပြီး ကျင့်ဝတ်ကို မလေးစားတော့ သူများကို ပိုဒုက္ခပေးမိသလို ဖြစ်နေသူတွေလည်း တစ်ပုံကြီးပဲ။
အခု စာပို့သမားလေးကျတော့ ကြည့်ပါဦး။ ကလေးတွေကို အရုပ်ကလေးတွေ လက်ဆောင်ရပြီး ပျော်စေရုံတင်မကဘူး၊ လိမ္မာလာအောင်၊ ယဉ်ကျေးလာအောင်၊ ရန်မဖြစ်တော့အောင်၊ စာသင်ချင်စိတ်တွေ ရှိလာအောင်ပါ လုပ်ပေးသွားတာ။
ဒါကြောင့် ဘာပဲလုပ်လုပ် စေတနာလေး ထားပြီး လုပ်။ ဒီအလုပ်ကနေ လူမှုပတ်ဝန်းကျင်အတွက် ဘယ်လိုအကျိုးရှိအောင် လုပ်ပေးနိုင်မလဲ စဉ်းစားပြီးတော့ လုပ်။ အဲဒါဆို ရှင်သန်ရတာ ပိုပြီး အဓိပ္ပါယ်ရှိလာလိမ့်မယ်။
ကလော့စ်က သင်ပေးသွားတာကတော့ ကိုယ့်ရဲ့ စိတ်ဒဏ်ရာတွေကို အများအတွက် ပြန်အသုံးချဖို့ ဖြစ်ပါတယ်။ ဒါ အမှန်ကန်ဆုံး ထွက်ပေါက်ပေးနည်း၊ ရှင်သန်နည်းပဲ။ သူက တကယ်တော့ မုဆိုးဖိုကြီး။ သူတို့လင်မယားက ကလေးသိပ်လိုချင်ခဲ့တာ။ မရခဲ့ရှာဘူး။ မိန်းမက နောက်တော့ ရောဂါနဲ့ ဆုံးသွားတယ်။ ကလေးလေးတွေ ရလာရင် ဆော့ဖို့ဆိုပြီး ဒီအရုပ်တွေကို လုပ်ထားခဲ့တာ။ ခုတော့ စာပို့သမားကျေးဇူးနဲ့ မြို့ထဲက ကလေးတွေအတွက် ပျော်စရာတွေ ဖန်တီးပေးနိုင်ခဲ့တယ်။
သူသေဆုံးသွားသည့်တိုင်အောင် ဒီမြို့ကလေးမှာ ခရစ္စမတ်နေ့ ရောက်ပြီဆို အရုပ်ကလေးတွေ လက်ဆောင်ရတော့မှာပဲ ဆိုတဲ့ မျှော်လင့်ချက်တွေ၊ ပျော်ရွှင်မှုတွေကို ကလေးတွေရဲ့ ရင်ထဲမှာ အမွေချန်ထားသွားခဲ့တယ်။
ဇာတ်ဆောင်နှစ်ယောက်မှာ တစ်ယောက်က ငပျင်း။ တစ်ယောက်က မိန်းမကို လွမ်းတဲ့စိတ်နဲ့၊ လူသူကင်းဝေးတဲ့ အရပ်က အရုပ်တွေအပြည့်နဲ့ အိမ်ကြီးမှာ နေနေတဲ့သူ။
သူတို့လုပ်သွားတာတွေကလည်း ဘာမှအထူးတဆန်း ခမ်းခမ်းနားနားတွေ မဟုတ်ဘူး။ အမှတ်မထင် လုပ်မိလိုက်တာလေးက ကလေးတွေကို ပျော်ရွှင်စေပါလား သိလိုက်ရတဲ့အခါမှာ ဆက်လုပ်ရင်းနဲ့ ဖြစ်သွားတာတွေပါပဲ။
တကယ်တော့ ကြင်နာမှုဆိုတာ လုပ်ရပ်သေးသေးကလေးတွေမှာ ထင်ဟပ်နေတာပါ။ ချမ်းသာတဲ့ တစ်နေ့ကျမှ ဘယ်နေရာမှာ ဘယ်လိုလှူပစ်လိုက်မယ် ဆိုပြီး ကြင်နာမှုထားဖို့ကို နေ့ရွှေ့ညရွှေ့ လုပ်နေစရာ မလိုပါဘူး။ ခုကိုပဲ ကိုယ့်ပတ်ဝန်းကျင်မှာ ကြင်နာမှုကို ပြသလို့ ရပါတယ်။ ကြင်နာမှု ဖယောင်းတိုင်လေးကို ထွန်းလိုက်လို့ ရပါတယ်။
မှောင်မိုက်တဲ့အချိန်မို့၊ ဘယ်လောက်ပဲ ဒီဖယောင်းတိုင်ကလေးဟာ သေးငယ်ပါစေဦးတော့၊ ကြီးစွာသော အလင်းကို ဖြစ်စေသလို၊ နောက်ထပ်နောက်ထပ်သော ဖယောင်းတိုင်ကလေးတွေကိုလည်း မီးကူးပေးနိုင်ပါတယ်။
ဒီလိုနဲ့ ကမ္ဘာကြီးတစ်ခုလုံး လင်းထိန်မသွားတောင် ကိုယ်ရှိနေတဲ့ နေရာကလေးကတော့ ကိုယ့်အားဖြင့် အမှောင်ထုထဲကနေ ထွက်လာနိုင်ပါလိမ့်မယ်။
၄.၈.၂၀၂၃
လိုင်းသုံးနေနိုင်သေးရင် ကလစ်လည်း လုပ်ပေးကြပါ …
ဘာတွေ ဘယ်လို ကလစ်ပေးနေလို့ ရမလဲ သိချင်ရင်
ဒီ လင့် ကို နှိပ်ပြီး လေ့လာနိုင်ပါတယ် ။တကယ်လို့ တန်းပြီး ကလစ်ပေးချင်ရင်တော့
C2D ရဲ့ Eain Pyan Lann Website ကို ဒီလင့်ကို နှိပ်ပြီး အလွယ်တကူကလစ်ပေးနိုင်ပါတယ် ။နွေဦးဖတ်စာရဲ့ တွဲဖက် Website တစ်ခု ဖြစ်တဲ့
LWSR – Learn With Spring Reader မှာလည်း
အင်္ဂလိပ်စာ လေ့လာ ထိတွေ့ရင်း ကလစ်ပေးလို့ ရပါတယ် ။P2D ရဲ့ Nway Oo Videos မှာ ဘောလုံးပွဲတွေ ၊ Highlights တွေ ကြည့်ပြီးလည်း ကလစ်ပေးနိုင်ပါတယ်။
နွေဦးဖတ်စာ အတွက် Android App လည်း ထုတ်ထားပါတယ် ။
Playstore ကနေ Download ချမယ်ဆို ဒီလင့် ကို နှိပ်ပြီး ယူနိုင်ပါတယ် ။
Playstore သုံးလို့ မရတဲ့ ဖုန်းတွေဆို ဒီ တယ်လီ လင့် ကနေ ယူနိုင်ပါတယ် ။
iOs App တော့ ထုတ်ဖြစ်ဦးမယ် မထင်ပါ ။
( Website ကိုပဲ Safari Browser ထဲကနေ တဆင့်
Add to Home Screen လုပ်ပြီး အလွယ်တကူ ဝင် ဝင်ဖတ်နိုင်ပါတယ် ။ )
- A1 Level (0)
- A2 Level (0)
- AI – Artificial Intelligence (0)
- Announcement – ကြေညာချက် (2)
- PVTV (1)
- Authors – စာရေးသူ ၊ ဖန်တီးသူ (84)
- Burmese Alphabet – အွန့်အွန့် (8)
- Knowledge Warriors (3)
- Ko Fury (1)
- KyuLiPaung – ကျူးလိပေါင် (3)
- Linnith – လင်းနစ် (2)
- Min Ko Naing – ကို မင်းကိုနိုင် (7)
- Myoset Min (2)
- Nyarna Bala – ဉာဏ ဗလ (15)
- PaDayTharPin – ကို ပဒေသာ (2)
- Pencillo – ပန်ဆယ်လို (2)
- Phio Thiha – ဒေါက်တာ ဖြိုးသီဟ (17)
- Revo Seafarer – တော်လှန် ရေဘဲ (1)
- Shwe Moe – မရွှေမိုး-ကိုရီးယား (2)
- Soe Min – ဒေါက်တာ စိုးမင်း (4)
- Tay Zar San – ကို တေဇာဆန်း (5)
- Tele Health – တယ်လီ ကျန်းမာ (3)
- Thint Thu – သင့်သူ (2)
- Zenn Kyi – ဇဏ်ခီ (3)
- Zin Zae – ကိုဇင်ဇေ (4)
- B1 Level (0)
- B2 Level (0)
- Biographies (0)
- Book Summaries (3)
- Business (0)
- Business English (0)
- C1 Level (0)
- C2 Level (0)
- Character (0)
- Dialogues (0)
- Did you know? (0)
- Digital Strike – နည်းပညာဖြင့် တော်လှန်ခြင်း (4)
- Emotion (0)
- Entertainment – ရသ (18)
- Funny – ဟာသ (7)
- Poems – ကဗျာ (3)
- Satire – သရော်စာ (4)
- Short Story – ဝတ္ထုတို (1)
- Expressions in Songs (0)
- Finance (5)
- General Knowledge (0)
- Health (0)
- Health and Fitness (0)
- Holiday (0)
- Ideologies (0)
- Idiomatic Expressions (0)
- Food (0)
- Interesting Stories (0)
- Knowledge – သုတ (50)
- Advice – အကြံဉာဏ် (22)
- Experience – အတွေ့အကြုံ (5)
- Fact-checking – သတင်းမှား စိစစ်ခြင်း (1)
- Health – ကျန်းမာရေး (3)
- Interviews – အင်တာဗျူး (2)
- News in Brief – သတင်းတို စုစည်းမှု (3)
- Safety & Security – ဘေးကင်း လုံခြုံရေး (1)
- Thoughts – အတွေးအခေါ် (26)
- Video Recommendations – ဗီဒီယို လမ်းညွှန် ၊ ဗီဒီယို မှတ်စုတို (0)
- Knowledgetainment – ရသ ၊ သုတ အရော (23)
- Learning English – အင်္ဂလိပ် ဘာသာစကား ဆိုင်ရာ (0)
- Learning Strategies (0)
- Movie (0)
- Movie Quotes (0)
- Movie Reviews (0)
- Music (0)
- Music Review (0)
- Music Theory (0)
- news (0)
- Parenting (5)
- personal development (0)
- Politics (0)
- Power (0)
- Procrastination (0)
- Quotes (0)
- Relationship (0)
- Respect (0)
- Sexual Violence (0)
- Shopping (10)
- Social Media (5)
- Songs – သီချင်းများ (1)
- Stories (0)
- Technology (0)
- Travel (5)
- Uncategorized (4)
- Unity (0)
- Vocabulary Enrichment (0)
- War (0)
အင်္ဂလိပ် ဘာသာစကားကို စိတ်ဝင်စားစရာ အကြောင်းအရာတွေ ၊
အသိပညာ တိုးတက်စေတဲ့ အကြောင်းအရာတွေ ၊
စာအုပ် အနှစ်ချုပ်တွေ ၊
သီချင်း စာသားတွေထဲ က အသုံးအနှုန်းတွေ ကနေ တဆင့်
လေ့လာ – ထိတွေ့ – လေ့ကျင့် နေချင်တယ်ဆိုရင်
LWSR – Learn With Spring Reader Website ကို
အလည်လာခဲ့ဖို့လည်း ဖိတ်ခေါ်လိုက်ပါတယ် …
နမူနာ အနေနဲ့
မိန်းကလေး တွေ နဲ့ ယောကျာ်းလေးတွေ တွေးပုံ ခေါ်ပုံ ပြုမူပုံတွေ ဘယ်လို ကွာကြတယ် …
ဒါတွေကို နားလည် ၊ ညှိုနှိုင်း ၊ အသုံးချနိုင်ရင်
ဆက်ဆံရေး ဘယ်လို ကောင်းမွန် နိုင်တယ် ဆိုတာတွေကို ဆွေးနွေး ပေးထားတဲ့ …
Men are from Mars , Women are from Venus ( John Gray ) စာအုပ်ကို
Post ၄ ခု စာ အနှစ်ချုပ် စီစဉ်ပေးထားတာလေးကို
LWSR ရဲ့ ဒီလင့် မှာ စမ်း ဖတ်ကြည့်လို့ ရပါတယ် ။
အဲ့ဒီ Website အကြောင်း ၊
ကလစ်လောကနဲ့ ဘယ်လို ချိတ်ဆက်လည်ပတ်သွားမယ် ဆိုတဲ့ အကြောင်းတွေကိုတော့
ဒီလင့် မှာ ဖတ်နိုင်ပါတယ်ဗျာ ။
❗️SR ( Spring Reader ) နဲ့
LWSR ( Learn with Spring Reader ) ဘာကွာလဲ ❗️အကြောင်း ကိုတော့
ဒီလင့် မှာ ဖတ်နိုင်ပါတယ်ဗျာ ။
4 responses to “ကြင်နာဖို့ကို အချိန်မဆိုင်းပါနဲ့ ( ဉာဏဗလ )”
Thanks
LikeLike
ဟုတ်ကဲ့ပါ
LikeLike
Klaus အကြောင်းကို ခုမှ သိဖူးတာမို့ ကျေးဇူးတင်ပါတယ်ဆရာ။
LikeLike
😁😁😁
LikeLike