ဒီ ” နွေဦး ဖတ်စာ ” ရဲ့ ရည်ရွယ်ချက်ကတော့ ရိုးရိုးလေးပါပဲ …
နွေဦး အတွက် ရည်ရွယ်တာပါ ။
နွေဦးမှာ ဉာဏ်အလင်းတွေ ပွင့်နိုင်ဖို့ ၊
နွေဦးမှာ ခွန်အားတွေ မြင့်နိုင်ဖို့ ၊
နွေဦးမှ သည် တစ်နှစ်ပတ်လုံး အတွက် မျှော်လင့်ချက် ရောင်ခြည်တွေ
သယ်ဆောင်လာပေးနိုင်ဖို့ ရည်ရွယ်ပါတယ် ။
နွေဦး ဖတ်စာမှာ
ကျွန်တော်တို့ မြန်မာ့နွေဦးအတွက် အရေးကြီးတယ်လို့ ယူဆရတဲ့
အတွေး အခေါ် ၊ အယူအဆတွေ ၊ အကြံဉာဏ်တွေကို
နွေဦး ခရီးသည်တွေ ဆီကနေ ( ခွင့်ပြုချက် တောင်းခံပြီး )
လက်ဆင့် ကမ်း တင်ပြပေးသွားပါ့မယ် ။
လာပါ …
ကျွန်တော်တို့နဲ့ အတူ နွေဦး ဖတ်စာ ဖတ်ရင်း နွေဦး ခရီး ထွက်ကြရအောင်ပါ ။
ကိုဇင်ဇေ ( စီစဉ်သူ )
“နွေဦးဖတ်စာ” မှာ တင်ပေးမယ့်စာတွေ မှာ
၁။ တော်လှန်ရေး အတွေးအခေါ် ၊ အယူအဆ ၊ အကြံဉာဏ်တွေ
၂။ ကလစ်နည်း လမ်းညွှန်တွေ
၃။ ( တော်လှန်ရေးနဲ့ ချိတ်ဆက် ဆွေးနွေးပေးသွားမယ့် ) အင်္ဂလိပ်စာ သင်ခန်းစာတွေ ဆိုပြီး
ကဏ္ဍ ၃ ခု အဓိက ပါပါမယ်ဗျာ ။
လိုင်းသုံးနေနိုင်သေးရင် ကလစ်လည်း လုပ်ပေးကြပါ …
ဘာတွေ ဘယ်လို ကလစ်ပေးနေလို့ ရမလဲ သိချင်ရင်
ဒီ လင့် ကို နှိပ်ပြီး လေ့လာနိုင်ပါတယ် ။တကယ်လို့ တန်းပြီး ကလစ်ပေးချင်ရင်တော့
C2D ရဲ့ Eain Pyan Lann Website ကို ဒီလင့်ကို နှိပ်ပြီး အလွယ်တကူကလစ်ပေးနိုင်ပါတယ် ။နွေဦးဖတ်စာရဲ့ တွဲဖက် Website တစ်ခု ဖြစ်တဲ့
LWSR – Learn With Spring Reader မှာလည်း
အင်္ဂလိပ်စာ လေ့လာ ထိတွေ့ရင်း ကလစ်ပေးလို့ ရပါတယ် ။P2D ရဲ့ Nway Oo Videos မှာ ဘောလုံးပွဲတွေ ၊ Highlights တွေ ကြည့်ပြီးလည်း ကလစ်ပေးနိုင်ပါတယ်။
LATEST POSTS
-
“တော်လှန်ရေးအတွက် တစ်ကိုယ်ရည်စာ Budget plan” – ဒေါက်တာ ဖြိုးသီဟ
“တော်လှန်ရေးအတွက် တစ်ကိုယ်ရည်စာ Budget plan” Paradox of choice ဆိုတာ ရှိတယ်။ ရွေးစရာတွေ များလွန်းတဲ့အတွက် ဘာရွေးရမှန်း မသိဘဲ စိတ်ရှုပ်စေတာမျိုး။ အခုကာလမှာလည်း အမျိုးမျိုးသော Click လုပ်စရာတွေ၊ ကြည့်စရာ YouTube Channel တွေ၊ ငွေကူစရာ Fundraising activities တွေ ရှိနေကြတယ်။ ခုပဲ တစ်နေရာမှာ မဲဝယ်ပြီးတယ်။ နောက်ဆယ်လီတစ်ယောက်က ပို့စ်တင်ပြန်ရော။ အဲ့တော့ ထပ်ဝယ်ချင်တယ်။ ဝယ်စရာကလည်း မရှိတော့ဘူးဆို အားမလို အားမရ ဖြစ်တယ်။ အဲ့လိုဖြစ်နေတယ်ဆို လအစမှာကတည်းက အစီအစဉ် ချထားလိုက်ပါ။ Budget plan ပေါ့။ ကိုယ်လစာ သို့မဟုတ် ဝင်ငွေ ဘယ်လောက်ရှိမယ်၊ ဘယ်လောက်ကို သုံး၊ ဘယ်လောက်ကို အရေးပေါ်အတွက် စုထားပြီး
-
“ပစ်တိုင်းထောင်တစ်ယောက်ရဲ့ အရည်အသွေး ၃ ခု” – ဒေါက်တာ ဖြိုးသီဟ
“ပစ်တိုင်းထောင်တစ်ယောက်ရဲ့ အရည်အသွေး ၃ ခု” ◾️ပစ်တိုင်းထောင်ဆိုတာ ပစ်လိုက်တိုင်း ထောင်နေတယ်၊ ဘယ်တော့မှ လဲကျသွားတယ် မရှိဘူး။ ဒီလိုပဲ၊ လူတွေမှာလည်း တချို့ဟာ ဘယ်လိုအခက်အခဲပဲ ရှိရှိ၊ ဘယ်လောက်ပဲ ပြဿနာတွေနဲ့ ကြုံကြုံ၊ ရင်ဆိုင်နိုင်တယ်။ ကျော်ဖြတ်နိုင်တယ်။ လူဆိုတော့ ပြိုလဲတဲ့အခါ မရှိဘူး မဟုတ်ဘူး။ ရှိတာပေါ့။ သို့သော် ပြန်ထတယ်။ ရှေ့ဆက်တယ်။ အထူးသဖြင့် ခုလိုကာလမှာ ယုံကြည်ချက်ကြောင့် အလုပ်မရှိတော့တဲ့သူတွေ၊ တစ်ခါမှ စိတ်ကူးတောင် မယဉ်ခဲ့ဖူးတဲ့ အရပ်ဒေသမှာ သွားရောက်နေထိုင်ရသူတွေ ရှိတယ်။ ပုံမှန်အားဖြင့်လည်း ဝန်ထမ်းလျှော့တဲ့အထဲ ပါသွားတာတို့၊ ငွေလိမ်ခံလိုက်ရတာတို့၊ လုပ်ငန်းအရှုံးပေါ်တာ၊ စီးပွားပျက်သွားတာတို့၊ နေထိုင်မကောင်းဖြစ်လို့ ဆေးကုလိုက်တာ စုထားသမျှ အကုန်ကုန်သွားတာတို့ ဖြစ်တတ်ပါတယ်။ အဲဒီအခါ ဘဝကို အစကနေ ပြန်စကြရတယ်။ တချို့ကတော့ စိတ်ဓါတ်ကျ၊
-
ကျွန်တော်တို့ အဆင်သင့် ဖြစ်ကြပါရဲ့လား ( လူဆွယ်စာ ) – ကိုဇင်ဇေ
အချိန်ရမှ /နောင် ဖြစ်လာတော့မယ့် နိုင်ငံတော်သစ်ကြီးရဲ့လူ့ အဖွဲ့အစည်း အကျိုး အတွက်တစ်ခုခု လုပ်ပေးချင်စိတ် ရှိမှပဲ ဖတ်ပါ ။ စာ ရှည်ပါလိမ့်မယ် ။တစ်ချို့ဟာလေးတွေကကိုယ်ရေးကိုယ်တာ ဆန်နိုင်တော့ကျွန်တော့ကို ခင်မင်ရင်းစွဲ ( ဒါမှမဟုတ် )စိတ်ဝင်စားမှု တစ်ခုခုရှိမှပဲဖတ်တာ ကောင်းပါမယ်ဗျာ ။ စာ အဆုံးထိ ဖတ်ဖြစ်လို့ကျွန်တော့်ရဲ့ ရည်ရွယ်ချက် နံပါတ် ၃ နဲ့ ပတ်သက်ပြီးစိတ်ဝင်စား / တစ်ခုခု တွဲလုပ်ချင်ရင်ကျွန်တော့်ကို Message ပို့ထားနိုင်ပါတယ်ဗျာ ။ 📌ဒီစာကို ( ခုချိန် မှာ ) ရေးသင့်မရေးသင့်တော်တော်ကြီးကို စဉ်းစားဖြစ်ခဲ့ပါတယ် ။တခြား စာတွေ ဆိုလိုအပ်သလောက် အမုန်းခံ / အဆဲခံ /အရွဲ့ခံ ရေးလေ့ရှိပြီးတော့ဒီ စာ ကျမှ ဘာလို့ ဒီလောက်
-
နွေဦး ဖတ်စာ
ဒီ ” နွေဦး ဖတ်စာ ” ရဲ့ ရည်ရွယ်ချက်ကတော့ ရိုးရိုးလေးပါပဲ … နွေဦး အတွက် ရည်ရွယ်တာပါ ။နွေဦးမှာ ဉာဏ်အလင်းတွေ ပွင့်နိုင်ဖို့ ၊နွေဦးမှာ ခွန်အားတွေ မြင့်နိုင်ဖို့ ၊နွေဦးမှ သည် တစ်နှစ်ပတ်လုံး အတွက် မျှော်လင့်ချက် ရောင်ခြည်တွေသယ်ဆောင်လာပေးနိုင်ဖို့ ရည်ရွယ်ပါတယ် ။ နွေဦး ဖတ်စာမှာကျွန်တော်တို့ မြန်မာ့နွေဦးအတွက် အရေးကြီးတယ်လို့ ယူဆရတဲ့အတွေး အခေါ် ၊ အယူအဆတွေ ၊ အကြံဉာဏ်တွေကို နွေဦး ခရီးသည်တွေ ဆီကနေ ( ခွင့်ပြုချက် တောင်းခံပြီး )လက်ဆင့် ကမ်း တင်ပြပေးသွားပါ့မယ် ။ လာပါ …ကျွန်တော်တို့နဲ့ အတူ နွေဦး ဖတ်စာ ဖတ်ရင်း နွေဦး ခရီး ထွက်ကြရအောင်ပါ
NEWSLETTER
We’ll work on it. Maybe?