ဒီ ” နွေဦး ဖတ်စာ ” ရဲ့ ရည်ရွယ်ချက်ကတော့ ရိုးရိုးလေးပါပဲ …

နွေဦး အတွက် ရည်ရွယ်တာပါ ။
နွေဦးမှာ ဉာဏ်အလင်းတွေ ပွင့်နိုင်ဖို့ ၊
နွေဦးမှာ ခွန်အားတွေ မြင့်နိုင်ဖို့ ၊
နွေဦးမှ သည် တစ်နှစ်ပတ်လုံး အတွက် မျှော်လင့်ချက် ရောင်ခြည်တွေ
သယ်ဆောင်လာပေးနိုင်ဖို့ ရည်ရွယ်ပါတယ် ။

နွေဦး ဖတ်စာမှာ
ကျွန်တော်တို့ မြန်မာ့နွေဦးအတွက် အရေးကြီးတယ်လို့ ယူဆရတဲ့
အတွေး အခေါ် ၊ အယူအဆတွေ ၊ အကြံဉာဏ်တွေကို

နွေဦး ခရီးသည်တွေ ဆီကနေ ( ခွင့်ပြုချက် တောင်းခံပြီး )
လက်ဆင့် ကမ်း တင်ပြပေးသွားပါ့မယ် ။

လာပါ …
ကျွန်တော်တို့နဲ့ အတူ နွေဦး ဖတ်စာ ဖတ်ရင်း နွေဦး ခရီး ထွက်ကြရအောင်ပါ ။

ကိုဇင်ဇေ ( စီစဉ်သူ )


“နွေဦးဖတ်စာ” မှာ တင်ပေးမယ့်စာတွေ မှာ
၁။ တော်လှန်ရေး အတွေးအခေါ် ၊ အယူအဆ ၊ အကြံဉာဏ်တွေ
၂။ ကလစ်နည်း လမ်းညွှန်တွေ
၃။ ( တော်လှန်ရေးနဲ့ ချိတ်ဆက် ဆွေးနွေးပေးသွားမယ့် ) အင်္ဂလိပ်စာ သင်ခန်းစာတွေ ဆိုပြီး
ကဏ္ဍ ၃ ခု အဓိက ပါပါမယ်ဗျာ ။


လိုင်းသုံးနေနိုင်သေးရင် ကလစ်လည်း လုပ်ပေးကြပါ …
ဘာတွေ ဘယ်လို ကလစ်ပေးနေလို့ ရမလဲ သိချင်ရင်
ဒီ လင့် ကို နှိပ်ပြီး လေ့လာနိုင်ပါတယ် ။

တကယ်လို့ တန်းပြီး ကလစ်ပေးချင်ရင်တော့
C2D ရဲ့ Eain Pyan Lann Website ကို ဒီလင့်ကို နှိပ်ပြီး အလွယ်တကူကလစ်ပေးနိုင်ပါတယ် ။

နွေဦးဖတ်စာရဲ့ တွဲဖက် Website တစ်ခု ဖြစ်တဲ့
LWSR – Learn With Spring Reader မှာလည်း
အင်္ဂလိပ်စာ လေ့လာ ထိတွေ့ရင်း ကလစ်ပေးလို့ ရပါတယ် ။

P2D ရဲ့ Nway Oo Videos မှာ ဘောလုံးပွဲတွေ ၊ Highlights တွေ ကြည့်ပြီးလည်း ကလစ်ပေးနိုင်ပါတယ်။



LATEST POSTS


  • “အဖြူကို အမည်းဆိုးကြသူများ” – ဉာဏဗလ

    “အဖြူကို အမည်းဆိုးကြသူများ” ◾️Juvenile Justice ဆိုတဲ့ ဇာတ်လမ်းတွဲကို တော်တော်များများ ကြည့်ဖူးကြမယ် ထင်ပါတယ်။ တွေးစရာတွေ အများကြီးရစေတဲ့ ဇာတ်ကားလို့ ပြောလို့ရတယ်။ တိုးတက်ပါတယ် ဆိုတဲ့ နိုင်ငံတွေမှာတောင် ဒီပြဿနာ ရှိသေးတယ်ဆိုရင် ဆင်းရဲမွဲတေပြီး အရာရာ နိမ့်ကျနေတဲ့ ကျွန်တော်တို့လို နိုင်ငံမှာ ပိုတောင် ဆိုးလိမ့်ဦးမယ်။ ကလေးသူငယ် ပြစ်မှုကျူးလွန်သူတွေနဲ့ ပတ်သက်ရင် Two schools of thought (အယူအဆ ၂ ခု) က လွန်ဆွဲနေတယ်။ တစ်ခုက ပြင်းပြင်းထန်ထန် ထိထိရောက်ရောက် အရေးယူမှ ရမယ်။ နောက်တစ်ခုကတော့ အဲဒီနည်းက အလုပ်မဖြစ်ဘူး၊ မေတ္တာနဲ့ ပြုပြင်ပေးတာကသာ ရေရှည်အတွက် အကျိုးများမယ်လို့ ဆိုတယ်။ တကယ်တော့ ကလေးသူငယ်မှ မဟုတ်ပါဘူး။ လူကြီးတွေမှာလည်း အဲဒီလိုပဲ။…

    Read more

  • “တော်လှန်ခရီးကြမ်းထက်က အမျိုးသမီးများ” – ဒေါက်တာ ဖြိုးသီဟ

    “တော်လှန်ခရီးကြမ်းထက်က အမျိုးသမီးများ” ◾️ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ အကြမ်းဖက်စစ်တပ်ဟာ ဖိုဝါဒ ကြီးစိုးတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ ဒီအခါ အမျိုးသမီးတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်တာတွေ၊ မုဒိမ်းကျင့်တာကို စစ်လက်နက်တစ်ခုသဖွယ် အသုံးပြုနေတာတွေ မြင်တွေ့နေရတယ်။ အခုမှ မဟုတ်ဘူး၊ ဟိုးအရင်ကတည်းကပဲ။ ပြောလို့၊ ရေးလို့ကို ကုန်နိုင်ဖွယ်ရာ မရှိဘူး။ တစ်ဖက်မှာလည်း မြန်မာ့လူ့အဖွဲ့အစည်းမှာကိုက ကျားမခွဲခြားဆက်ဆံမှုတွေ ရှိနေတယ်။ တော်လှန်ရေး အင်အားစုတွေ ကြားထဲမှာလည်း အမျိုးသမီးတွေဟာ ခက်ခဲပင်ပန်းစွာနဲ့ ရုန်းကန်နေကြရတယ်။ စစ်တပ်ကို တွန်းလှန်နေတဲ့ တပြိုင်တည်းမှာ ကိုယ့်အချင်းချင်းကြားထဲက ဖိနှိပ်မှုတွေ၊ ခွဲခြားမှုတွေကိုလည်း ရင်ဆိုင်နေကြရတယ်။ ဒီဆောင်းပါးမှာတော့ အဲဒီဘက်ကို အသားပေးပြီး ရေးမှာ ဖြစ်ပါတယ်။ တစ်စုံတစ်ရာ ဆင်ခြင်နိုင်ကြစေဖို့ ရည်ရွယ်ပါတယ်။ ◾️စစ်တိုက်တယ်ဆိုတာ ခွန်အားသုံးရတဲ့ကိစ္စ ဖြစ်တယ်။ ​ယေဘုယျအားဖြင့် ​ယောက်ျား​တွေနဲ့သာ သက်ဆိုင်တယ်လို့…

    Read more

  • “ကျွန်တော့်ရဲ့ ကောင်မလေးအကြောင်း” – တယ်လီကျန်းမာ

    “ကျွန်တော့်ရဲ့ ကောင်မလေးအကြောင်း” ပြောပြချင်လို့ပါဗျာ…. မိုးလေးဖွဲဖွဲ ရွာနေတဲ့ ညနေခင်းတစ်ခုမှာ သူနဲ့ စတင်ဆုံတွေ့ခဲ့တာပေါ့…. စိတ်ရှုပ်ထွေးပြီး အလိုမကျနေတဲ့ မျက်နှာလေးနဲ့ မိုးရွာထဲ ခပ်သုတ်သုတ် လမ်းလျှောက်သွားတဲ့ ကောင်မလေးတစ်ယောက်ကို စပြီးသတိထားမိကတည်းက…. ဝန်ခံပါရစေ…..ကျွန်တော် စိတ်လှုပ်ရှားသွားခဲ့မိတာပါ။ ထီးပါမလာတဲ့အချိန် ရွာချလာတဲ့ မိုးစက်တွေကြောင့် သူ့မျက်နှာဟာ စိတ်တိုနေပုံကျပါတယ်။ ပတ်ဝန်းကျင်ကိုလည်း ဂရုမစိုက်ဘဲ တစ်ယောက်တည်း စိတ်ဆိုးနေတဲ့ စူစူပုပ်ပုပ် မျက်နှာလေးက ချစ်စရာလေးဗျာ…. ထားပါတော့လေ… ဒါနဲ့ပဲ သူ့နောက်ကို နောက်ယောင်ခံလိုက်…သူ ဘယ်သူလဲ… ဘယ်မှာနေလဲဆိုတာ စုံစမ်း…ယောင်္ကျားကြိုက်တော့ စိုက်စိုက်လိုက် ဆိုသလို သူ့အချစ်ကိုရဖို့ ပိုးပန်းရတော့တာပေါ့။ ပိုးရင်းပန်းရင်း ကျွန်တော်သိလာရတာကတော့ သူဟာ ရိုးသားပြီး စိတ်ဓာတ်မာကျောတယ်။ ချစ်ဖို့ကောင်းပြီး အရာရာကို လွယ်လွယ်အလျှော့မပေးတတ်ဘူး။ တစ်ခါတစ်ရံ သူငယ်ချင်းတွေအပေါ် ဂျီကျတတ်ပေမယ့် ဖြူစင်ရိုးသားသူတစ်ယောက်ဆိုတာရယ်… နောက်ပြီး သူဟာ…

    Read more

  • “မှန်လိုလူလား၊ ပန်းချီကားလိုလူလား” – ဒေါက်တာ ဖြိုးသီဟ

    “မှန်လိုလူလား၊ ပန်းချီကားလိုလူလား” သတိထားမိသလောက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့သူ၊ ရပ်တည်ချက် ခိုင်မာတဲ့သူတွေဟာ သူများတွေရဲ့ ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်း၊ အသိအမှတ်ပြုခြင်း၊ မပြုခြင်း၊ ကျေးဇူးတင်ခြင်း၊ မတင်ခြင်းတွေအပေါ်မှာ သိပ်ပြီး ခံစားလေ့မရှိဘူး။ ချီးမွမ်းခံရလည်း ဘဝင်မြင့်မသွား၊ အောက်ခြေလွတ်မသွားသလို၊ ကဲ့ရဲ့ခံရလို့လည်း လုပ်မယ်လို့ ဆုံးဖြတ်ထားတဲ့ အရာတွေကို နောက်မဆုတ်ပစ်တတ်ဘူး။ သူ့တန်ဖိုး သူသိတယ်၊ ဘယ်သူဆုံးဖြတ်ပေးတာကိုမှ မခံဘူး။ ကိုယ်လုပ်နေတာတွေဟာလည်း အသိအမှတ်ပြုခံရဖို့၊ ကျေးဇူးတင်ခံရဖို့ မဟုတ်တော့ အဲလိုကျေးဇူးမတင်လို့၊ အသိအမှတ်မပြုလို့ ဆိုပြီး စေတနာပျက်သွားတာမျိုးလည်း မရှိဘူး။ ဘယ်သူသိသိ မသိသိ ကိုယ်လုပ်စရာရှိတာတော့ ဆက်လုပ်သွားဦးမှာပါပဲ။ လွတ်လပ်တဲ့လူဆိုတာ အဲဒီလိုလူမျိုးကို ခေါ်တာ ဖြစ်ပါတယ်။ သူ့လုပ်ရပ်၊ သူ့အတွေးအကြံ၊ သူ့စေတနာတွေဟာ ဘယ်ပေါ်မှာမှ မှီတည်မနေဘူး။ ဘယ်လိုတုံ့ပြန်မှုမျိုး ရလာပါစေ၊ သူ့ရပ်တည်ချက်အတိုင်းပဲ ဆက်သွားနေမှာ ဖြစ်တယ်။…

    Read more

  • တညီတည်း ရုန်းကြဖို့ အချိန်ရောက်ပြီ – ကို မင်းကိုနိုင်

    | တညီတည်း ရုန်းကြဖို့ အချိန်ရောက်ပြီ | ◼️အကြမ်းဖက်စစ်ကောင်စီဟာ အရှုံးပေါင်းများစွာနဲ့ အဘက်ဘက်က ပြိုကျလာတာကို တွေ့ရမှာဖြစ်တာကြောင့် ပြည်သူ့အလှည့်ရောက်ပြီဆိုတာကို မြဲမြဲကြီးယုံကြည်ထားပြီး “တညီတည်းရုန်းကြဖို့ အချိန်ရောက်ပြီ” လို့ ဦးမင်းကိုနိုင်က The Voice of Spring ကို အခုလို ပြောပြပါတယ်။ အပြည့်အစုံကို 👇 ( On Facebook ) https://fb.watch/lm0_qIMXKi/

    Read more

  • “ဘယ်နေရာမှ အသုံးမဝင်တဲ့သူဟာ ဘဝသေသွားတတ်တယ်” – ဒေါက်တာ ဖြိုးသီဟ

    “ဘယ်နေရာမှ အသုံးမဝင်တဲ့သူဟာ ဘဝသေသွားတတ်တယ်” ◾️တမလွန်ဘ၀ (Afterlife) အကြောင်း စိတ်ကူးယဉ် ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားတစ်ကားမှာ နားထောင်လိုက်ရဖူးတယ်။ ရဲအဖြစ်နဲ့ သေလာတဲ့သူကလည်း အဲဒီတမလွန်မှာ ရဲဆက်ဖြစ်နေတယ်။ ကျောင်းဆရာဘဝကနေ သေသွားတဲ့သူကလည်း အဲဒီမှာ ကျောင်းဆရာ ဆက်လုပ်ကြတယ်။ အဲဒါနဲ့ မေးတာပေါ့။ သေသွားပြီပဲ၊ ဒီဘဝမှာ မင်းတို့ ရာထူးလည်း တိုးမှာမဟုတ်၊ လစာလည်း ရမှာမဟုတ်ဘဲ ဘာလို့ ဒီအလုပ်တွေ ဆက်လုပ်နေသေးလဲ ဆိုတော့ တစ်ယောက်က ပြန်ဖြေတယ်။ သေသွားပြီဆိုတိုင်း အသုံးမကျ ဖြစ်သွားတာ မဟုတ်ဘူး။ “အသုံးမကျတဲ့သူကသာ သေသလို ဖြစ်သွားတာ” တဲ့။ ◾️အဲဒီစကားလေး ကြားရတော့ ခုလက်ရှိ အခြေအနေနဲ့ ကိုက်ညီလိုက်တာလို့ တွေးမိတယ်။ ၂ နှစ်ကျော်အတွင်း နိုင်ငံ့အရေးအတွက် နေ့တိုင်းနီးပါး လုပ်နေဖြစ်တာကို ပြန်စဉ်းစားကြည့်တော့ ကိုယ့်ကိုယ်ကိုယ်…

    Read more

FOLLOW

NEWSLETTER

We’ll work on it. Maybe?